HIV လူနာ များ၌ ၀မ်း ဗိုက် အဆီ လျော့ ကျ စေ သည့် ဆေးဖြင့် အသည်း အဆီ လျှော့ ချနိုင်မည်
HIV ပိုး ကူးစက် ခံထားရပြီး ဗိုင်း ရပ်စ်သတ်ဆေး ကုသမှု ခံယူနေသူ များ၌ ၀မ်းဗိုက်အဆီ လျှော့ချပေးမည့် ဆေးသစ် တစ်မျိုးသည် အသည်း အဆီဖုံးခြင်းကိုပါ လျှော့ချပေးမည် ဖြစ်ကြောင်း လေ့လာမှု တစ်ခုအရ သိရသည်။
အရက် မသောက်ဘဲ အသည်း အဆီဖုံး သူများတွင် ပြဿနာကြီးကြီး မားမား မရှိသော်လည်း ရောဂါတစ် ခုခုကြောင့် အသည်း အဆီဖုံး သူများ၌ အသည်း ရောင်ခြင်း၊ အသည်းပျက် စီးခြင်းနှင့် အသည်းကြပ်ခြင်း တို့မှ အသည်း ကင်ဆာ အထိ ဖြစ်တတ်သည်။
HIV ကူးစက် ခံထားရသူ (၃၀) ရာခိုင်နှုန်းမှ (၄၀) ရာခိုင်နှုန်းအကြားတွင် အသည်း အဆီဖုံးလေ့ရှိပြီး ဗိုင်း ရပ်စ်သတ်ဆေး သောက်သုံးနေသူ (၂၀) ရာခိုင်နှုန်းမှ (၃၀) ရာခိုင် နှုန်းတွင် ၀မ်းဗိုက် အဆီများပါ ဖုံးလွှမ်း လာလေ့ရှိသည်။ ၀မ်းဗိုက်အဆီများသူများအတွင်Tesamorelin အမည် ရှိဆေးကို ပေးသွင်းလိုက်ပါက အဆီ များလျော့ကျစေနိုင်သည်။
HIV ဗိုင်းရပ်စ် သတ်ဆေးများ သောက်သုံးနေပြီး ၀မ်းဗိုက်အဆီ ဖုံးလွှမ်းနေသူ (၄၈) ဦးကိုစုဆောင်း၍ အဖွဲ့နှစ်ဖွဲ့ခွဲကာ တစ်ဖွဲ့ကိုTesamorelin ဆေးနေ့စဉ်ထိုးစေပြီး တစ်ဖွဲ့ကို အာနိသင်မဲ့ဆေး နေ့စဉ် ထိုးစေသည်။ သုတေသနပြီးဆုံးသောအခါTesamorelin ဆေးထိုးသူများ၌ ၀မ်းဗိုက် အဆီများပါ လျော့ကျ သည့်အပြင် အသည်းအဆီများပါ သိသိသာသာ လျော့ကျလာသည်ကို တွေ့ရသည်။ အာနိသင်မဲ့ဆေး ထိုးနေသူများတွင်မူ ၀မ်းဗိုက်အဆီနှင့် အသည်းအဆီများ ပုံမှန်နှုန်းအတိုင်း မြင့်တက်နေဆဲ ဖြစ်သည် ကိုတွေ့ရသည်။
““၀မ်းဗိုက်အဆီဖုံးနေတဲ့HIV ကူးစက်ခံလူနာတွေမှာ အင်ဆူလင် ဟော်မုန်း ယဉ်ပါးနေတတ်သေးတာ ကြောင့်ွှTesamorelinလိုမျိုး အင်ဆူလင်အာနိသင်ကျစေတဲ့ ဆေး တွေထိုးတဲ့ အခါမှာရေရှည်ကောင်း ကျိုး၊ ဆိုးကျိုးတွေကို ကြည့်ရပါသေး တယ်။ ဒါပေမယ့်Tesamorelin ဆေးရဲ့ အင်ဆူ လင် အာနိသင်ကျစေ တဲ့ဆိုးကျိုးဟာ ယာယီပါပဲ Tesamorelin ထိုးနေတာကြောင့် အသည်း ရောင်တဲ့အခါ မြင့်တက်လာတဲ့ သွေး တွင်း AST ဓါတ်ပမာဏပါ ကျဆင်း လာပါတယ်””ဟု ဟားဗတ်ဆေး တက္က သိုလ်မှ ဆေးပညာ ပါမောက္ခSteven Grinspoon က ဆိုသည်။
ဇော်ကို
Ref;MDI

Health Updates Journal No.(128)
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook