ကျန်းမာရေးနှင့် မညီသည့် အစားအစာကြောင့် အနံ့ခံအာရုံ ကျဆင်းနိုင်

အဆီ ပါဝင်မှု များသည့် အစားအစာ များသည် အနံ့ အာရုံ စနစ်တွင် တည်ဆောက်ပုံနှင့် လုပ်ငန်းဆောင် တာပြောင်းလဲမှုများ ဖြစ်ပေါ်စေပြီး အနံ့ခံအာရုံ ကျဆင်း စေကြောင်းFlorida State University မှ သုတေသီ များက ဆိုသည်။

ကြွက်များကို အဆီပါဝင်မှု လွန်ကဲသည့် အစားအစာများ ခြောက်လ ကြာကျွေးစေပြီး တစ်ချိန်တည်း မှာပင် အနံ့ တစ်မျိုးမျိုးကို ရှူစေ၍ ဆုလာဘ်အဖြစ် ရေတိုက်ကျွေးကာ စမ်းသပ်ခဲ့သည်။

အဆီကဲသည့် အစားအစာများ ကျွေးထားသော ကြွက်များသည် အနံ့ရှူပြီးလျှင် ရေသောက်ရမည် ဟူသည့် စမ်းသပ်မှုကိုသင်ယူနိုင်စွမ်း နှေးကွေးကြပြီးအနံ့သစ်တစ်မျိုး ထပ် မံရှူစေသည့် အခါတွင်လည်း အနံ့ ခံအာရုံ ကျဆင်းလျက် ရှိသည်ကို တွေ့ရသည်။

““အဆီကဲတဲ့ အစာတွေကျွေး ထားတဲ့ ကြွက်တွေကို ပုံမှန်အစား အစာ ပြန်ကျွေးတဲ့အခါမှာ ကိုယ်အ လေးချိန်ပုံမှန်ပြန်ဖြစ်လာပြီး သွေး တွင်းဓါတ်တွေလည်း ပုံမှန်ပမာဏ ရောက်လာပေမယ့် အနံ့ခံအာရုံ ပြန်မကောင်းလာသေးတာ တွေ့ရပါ တယ်။ အဆီများတဲ့အစာ ကျွေးထား တဲ့ကြွက်တွေမှာ အနံ့ခံ အချက်ပြ စနစ်တွေကို ပို့ဆောင်ပေးမယ့် အာရုံ ကြောဆဲလ်တွေ (၅၀) ရာခိုင်နှုန်းသာ အလုပ်လုပ် ပါ တယ်”” ဟု သုတေသီ ပါမောက္ခDebra Ann Fadool က ဆိုသည်။

ယခုကဲ့သို့တွေ့ရှိမှုကြောင့် နောက်ထပ် သုတေသနပြုလုပ်ရန် ကိစ္စရပ်များပေါ်ပေါက်လာပြီး အဆီ များသည့် အစာကြောင့် အနံ့ခံအာရုံ ချွတ်ယွင်းရခြင်းကို ကိုယ်လက်လှုပ် ရှား လေ့ကျင့်ခန်းပြုလုပ်ခြင်းက ကာကွယ်ပေးနိုင်ခြင်းရှိမရှိ၊ အချိုကဲသည့် အစာများသည်လည်း အဆီများသည့် အစာများကဲ့သို့ အနံ့ခံ အာရုံပေါ် သက်ရောက်မှုရှိမရှိ လေ့လာမှုများ ပြုလုပ်ရဦးမည်ဖြစ်ကြောင်း သုတေသီများကဆိုသည်။


ဇော်ကို
Ref;MDI
Health Updates Journal No.(128)
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...