ဦးနှောက်ကို ခွဲစိပ်ကုသမှု ပြုလုပ်နေစဉ် အတွင်း တယောထိုး မပျက်ခဲ့

အမေရိကန် ပြည်ထောင်စုမှာ နေထိုင်တဲ့ တယော ထိုး ဆရာတစ်ဦးဟာ ဦးနှောက်ကို ခွဲစိပ် ကုသမှု ပြုလုပ်နေစဉ် အတောအတွင်း တယောထိုး မပျက် ခဲ့ဘူးလို့ သိရပါတယ်။ ရော်ဂျာဖရစ်ဟာ သံစုံ တီးဝိုင်းမှာ တယောထိုး ဆရာအဖြစ် ၀င်ရောက် လုပ်ကိုင် နေသူလည်း ဖြစ်ပါတယ်။ သူဟာ တယော ထိုးရာမှာ အလွန် ကျွမ်းကျင် လှပေမယ့် ၂၀၀၉ ခုနှစ်မှာ ထူးခြားတဲ့ ဝေဒနာ တစ်ခုကို ရရှိခဲ့ ပါတယ်။ အဲဒီ ဝေဒနာကတော့ ကတုန်ကယင် ဖြစ်နေခြင်းပဲ ဖြစ်ပါတယ်။ ဒီဝေဒနာကြောင့် သူဟာ တယောကို ဆက်လက်ထိုးဖို့ အခက်အခဲတွေ အများကြီး ရှိလာခဲ့ပါတယ်။ နောက်ဆုံး အခြေအနေ ကတော့ သူအရမ်းမြတ်နိုးတဲ့ တယောထိုးဆရာ ဘ၀ကို စွန့်လွှတ်ဖို့အထိ ဖြစ်လာခဲ့ပါတယ်။ ဒါကြောင့်မို့ သူဟာ ဆရာဝန်တွေနဲ့ တိုင်ပင်ပြီး သူ့ရဲ့ရောဂါဝေဒနာကို အဖြေရှာခဲ့ပါတယ်။

သူ့ရဲ့ရောဂါဝေဒနာဟာ အာရုံကြောနဲ့ ပတ်သက်နေပြီး တယောထိုးစဉ်မှာ ဘာကြောင့် ကတုန်ကယင် ဖြစ်နေသလဲဆိုတာကို ဦးနှောက် ခွဲစိပ်ကု ဆရာဝန်တွေက အဖြေရှာ ခဲ့ကြပါတယ်။ ဒါကြောင့် သူ့ကို ခွဲစိပ် ကုသမှုပြုလုပ် နေစဉ်မှာ တယောကို ထိုးခိုင်းပြီး ကုသမှုပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒီလိုပြု လုပ်ခြင်း ကြောင့် ဖြစ်နေတဲ့ ရောဂါဝေဒနာကို အနီးကပ်ဆုံး အဖြေရှာမှု ပြုလုပ်နိုင်ခဲ့ပါတယ်။ သူ့ကို ဦးနှောက် အတွင်း အီလက်ထရို ပစ္စည်းထည့်သွင်းပြီး ကုသပေး ခဲ့တာဖြစ်ပါတယ်။ ဒီကုသမှုဟာလည်း အောင်မြင် ခဲ့ပါတယ်။ ဒီခွဲစိပ် ကုသမှုကို ပြီးခဲ့တဲ့ နွေဦးကာလမှာပြု လုပ်ခဲ့ခြင်းဖြစ်ပြီး အခုဆိုရင် ရောဂါဝေဒနာဟာ လုံးဝ သက်သာသွားခဲ့ပြီ ဖြစ်ပါတယ်။ တယောထိုးတာကို အရမ်းဝါသနာပါတဲ့ ရော်ဂျာဖရစ်ဟာ သံစုံ တီးဝိုင်းနဲ့အတူ တယောကို ကောင်းစွာ ထိုးလုပ်နိုင်ပြီ ဖြစ်ပါတယ်။


ref;The Messenger
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...