တစ်သက်လုံး စိတ်ချမ်းသာချင်ရင် ဒီအချက် ၃ ချက်ကိုသာ လိုက်နာပါ

၁ ။ ဘယ်သူ့ကိုမှ မယုံမိစေနဲ့
(အယုံလွန်တဲ့ အခါ နောင်တချိန် နောင်တနဲ့ မျက်ရည် နဲ့ပဲ ဘ၀ကို ဖြတ်သန်း ရလိမ့်မယ်။)

၂ ။ ဘယ်သူ့ကိုမှ ပိုလွန်တဲ့ စေတနာမထားမိစေနဲ့
(စေတနာ လွန်တဲ့အခါ ကျွန်ဖြစ်တတ်တယ် စေတနာ ကို အသိအမှတ်ပြုရင် ၀မ်းမြောက်ဖွယ် ဖြစ်ပေမယ့် စေတနာကနေ အထင်လွဲလို့ ဝေဒနာ ဖြစ်တဲ့အခါ ကိုယ်ရော တစ်ပါးသူရော စိတ်ဆင်းရဲ ရတတ်တယ် သင့်တင့်မျှတတဲ့ စေတနာကသာ အကောင်းဆုံးပါပဲ။)

၃ ။ ဘယ်သူ့ကိုမှ ကိုယ့်လို စိတ်ရှိတယ်လို့ မထင်လိုက်နဲ့
(တချို့ကိစ္စတွေမှာ ကိုယ့်စိတ်နဲ့ နှိုင်းပြီး သူတစ်ပါးလဲ ကိုယ့်လိုပဲ တွေးမယ် ခံစားမယ် လုပ်ဆောင်မယ်လို့ မထင်လိုက်ပါနဲ့ ကိုယ်က ကိုယ် သူက သူပါပဲ။)


သက်တန့်ချို
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...