မိမိဘ၀နှင့် ဆင်တူသည့် ဇာတ်ကား ရိုက်ကူးမယ့် နန်းခင်ဇေယျာ
By ခိုင်ဇာသွင်
Miss တစ်ယောက် အဖြစ်မှ သရုပ်ဆောင်လိုင်းသို့ ၀င်ရောက် လာခဲ့သည့် နန်းခင်ဇေယျာက ၎င်း၏ ဘ၀ ဇာတ်ကြောင်းနှင့် ဆင်တူသည့် ဇာတ်ကား ရိုက်ကူးရန် ရှိကြောင်း ပြောသည်။
နန်းခင်ရိုက်မှာက “ကြယ်တွေစုံသော နေ့” ရုပ်ရှင် ဇာတ်ကားပေါ့နော်။ အဲဒီကားထဲမှာ နန်းခင်က ရွာမှာနေတယ်။ တဖြည်းဖြည်း ကြိုးစားပြီး မော်ဒယ် ဖြစ်လာတယ်။ နောက်တော့ မယ် တစ်ယောက် ထပ်ဖြစ်လာမယ်။ တစ်ဖက်မှာလည်း တိုးဂိုက်လည်းလုပ်တယ်။ နောက်ဆုံးမှာတော့ မြန်မာပြည် မှာ လုံးဝနာမည်ကြီးတဲ့ မယ်တစ်ယောက်ပုံစံနဲ့ သရုပ်ဆောင်ရမှာပါ။ ဒီဇာတ်ကားက ညီမဘ၀နဲ့ ခပ်ဆင်ဆင်လေး ဖြစ်နေတယ်။ ဇာတ်ကြောင်း အစစ် တော့ မဟုတ်ပါဘူး။ ဇာတ်လမ်းကျောရိုး သဘောမျိုးတော့ ဖြစ်တာပေါ့။ ဇာတ်ကို ကလောဘက်မှာ အခြေခံပြီး ရိုက်မယ်လို့ ပြောပါတယ်။ ဒီကားထဲမှာ နန်းခင်က အကောင်းဆုံးတော့ လုပ်သွားမှာပါ။ ဒါပေမဲ့ ပညာကတော့ အရမ်းကြီး မပြည့်ဝသေးပါဘူး။ နန်းခင် အခုရိုက်နေတဲ့ ကားတွေကလည်း ကာရိုက် တာမစုံသေးပါဘူး။ ကိုယ်မရဘူး ထင်ရင်လည်း သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာတွေ ဆီမှာ သင်ယူနေရတာပဲ။ နန်းခင်မှာ လိုအပ်ချက်တွေရှိပါတယ်။ နန်းခင်က စကားဝဲတယ်လေ။ ဒိုင်ယာလော့ မေ့သွားမှာ တအားကြောက်တယ်။ အခု နောက်ပိုင်းမှာ ဖြည်းဖြည်းချင်း ပြောပြီး ပီအောင်လုပ်နေရတယ်။ ဘယ်ကားကိုမဆို နန်းခင်အနေနဲ့ သရုပ်ဆောင်ရင် သေချာလေး သရုပ်ဆောင်သွားမှာ ဟု နန်းခင်ဇေယျာ က ပြောသည်။ နန်းခင်ဇေယျာသည် ကြော်ငြာ များ ရိုက်ကူးခြင်းနှင့် အက်ရှင်ဇာတ်ကားဖြစ်သည့ှ်SPY ဇာတ်ကားကို နေဒွေးနှင့် အတူ သရုပ်ဆောင်ထားကြောင်း ပြောသည်။

The Messenger
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook