လူတွေရဲ့ မျက်နှာဖုံးတွေ နောက်ကို သင်ကြည့်ဖူးပါသလား?
အလွန် အံ့သြစရာ ကောင်းသော အရာများ ကိုယ်စီ ရှိကြသည်။
-လူရှေ့တွင် အလှမကြိုက်ဘူး တွင်တွင်ပြောသော လူတစ်ယောက်က အလွန် အလှကြိုက် သူဖြစ်နေ တတ်သည်။
- လူရှေ့တွင် ဘုရားတရား အလွန်လုပ်သော သူ တစ်ယောက် စိတ်တွင် မနာလို ၀န်တိုစိတ်များ ကိန်းအောင်းနေသူ ဖြစ်နေတတ်သည်။
- လူရှေ့တွင် ပေးကမ်း စွန့်ကြဲမှုကို ကျယ်ကျယ် လောင်လောင် လုပ်နေသူများတွင် ကျော်ကြားလို စိတ်များ ပါနေတတ်သည်။
- လူရှေ့တွင် စေတနာ အရမ်း ထက်သန်သူ တစ်ယောက်သည် ကပ်စီး အလွန်နဲသူ ဖြစ်နေတတ်သည်။
- လူရှေ့တွင် အရိုးခံနှင့်ဖြူစင်ပြ နေတတ်သူသည် ကောက်ကျစ် ယုတ်မာသူ ဖြစ်နေတတ်သည်။
- လူရှေ့တွင် မေတ္တာ တရား တွင်တွင်ပြော တတ်သူသည် အမုန်းတရားနှင့် ပြည့်နေသူဖြစ်တတ်သည်။
- လူရှေ့တွင် ရိုးရိုးသားသား နေတတ်သူသည် မကောင်းမှုများနှင့် မွေ့လျော်သူဖြစ်နေ တတ်သည်။
- လူရှေ့တွင် သစ္စာရေသောက် ပြသူသည် သစ္စာဖောက်သူ တစ်ယောက်ဖြစ်နေတတ်သည်။
သတိထားပါ မိတ်ဆွေ “ ကိုယ့်ဒူးကိုယ်တောင် မယုံပါနှင့် ”
======================================
သင့်မျက်နှာဖုံး နောက်ကွယ်က သင့်ကိုယ်သင် ဘယ်လိုလူလဲ အရင်ကြည့်ပါ သူတစ်ပါးကို အပြစ်တင် မစောပါနှင့် ကိုယ်ကိုယ်တိုင် အပြစ်တွေက လွတ်အောင်သာ အရင်ကြိုးစားကြပါစို့ ။
သက်တန့်ချို

--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook