ဝန်ကြီး ဌာနများမှတစ်ဆင့် လျှောက်ထားရသော DAAD ဂျာမနီ ပညာသင်ဆုကို အွန်လိုင်းမှ တိုက်ရိုက် လျှောက်ထားနိုင်
ဂျာမနီ ပညာသင်ဆု တစ်ခုဖြစ်သော Deutscher Akademischer Austausch Dienst (DAAD) ကို ယခု ပညာသင်နှစ်မှ စတင်ပြီး အွန်လိုင်းမှ တိုက်ရိုက် လျှောက်ထားနိုင်ပြီ ဖြစ်ကြောင်း အဆင့်မြင့် ပညာဦး စီးဌာန (အောက်မြန်မာပြည်) မှ သိရသည်။
အဆိုပါ DAAD ကို ယခင်ပညာ သင်နှစ်များက ဝန်ကြီးဌာနမှတစ်ဆင့် လျှောက်ထားရသော်လည်း ယခု ပညာသင်နှစ်မှ စတင်ပြီး အွန်လိုင်းမှ တိုက်ရိုက် လျှောက်ထားနိုင်ပြီဖြစ်ကြောင်း၊ ပညာရေးဝန်ကြီးဌာနအ နေဖြင့် တက္ကသိုလ်များအပေါ် ဖြေလျှော့ပေးမှုများ တဖြည်းဖြည်း လုပ်ဆောင်ပေးလျက်ရှိရာ ယခုကဲ့သို့ ပညာသင်ဆု လျှောက်ထားခြင်း ကိစ္စများသည်လည်း ဖြေလျှော့ပေးမှု တစ်ရပ်ဖြစ်ကြောင်း သိရသည်။
ယင်းနှင့်ပတ်သက်ပြီး အဆင့်မြင့်ပညာဦးစီးဌာန (အောက်မြန်မာပြည်) မှ အရာရှိတစ်ဦးက “ဒီပညာ သင်ဆုကို ဂျာမနီ DAAD အဖွဲ့အစည်းကနေ ကမ်းလှမ်းတာဖြစ်ပြီး အရင်နှစ်တွေတုန်းကဆိုရင် အမျိုး သားစီမံကိန်းနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနကနေ ပညာရေးဝန်ကြီးဌာန၊ အဲဒီကမှတစ်ဆင့် လျှောက်လွှာတွေကို သက်ဆိုင်ရာတက္ကသိုလ်အလိုက် အဆင့်ဆင့်ပို့ပေးတာပေါ့။ အခုတော့အဲဒီလို လုပ်စရာမလိုတော့ဘဲနဲ့ အွန်လိုင်းကနေပဲ တိုက်ရိုက်လျှောက်နိုင်ပါပြီ” ဟုပြောသည်။
အဆိုပါဂျာမနီ ပညာသင်ဆုသည် သုတေသနလုပ်ငန်းများ၊ ဝိဇ္ဇာ၊ သိပ္ပံဘာသာရပ်များဆိုင်ရာ မဟာဘွဲ့ များအတွက် နိုင်ငံခြားတွင် ပညာသွားရောက် သင်ကြားနိုင်ရန် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများကို ခေါ်ယူသည့်ပညာသင်ဆုဖြစ်ကြောင်း သိရသည်။
အဆိုပါပညာသင်ဆုကို အွန်လိုင်းမှတိုက်ရိုက်လျှောက်ထားနိုင်သကဲ့သို့ လျှောက်ထားသူများအနေဖြင့် ပညာသင်ဆုလျှောက်ထားကြောင်းနှင့် Accepted Letter ရရှိကြောင်းတို့ကို သက်ဆိုင်ရာတက္ကသိုလ် သို့အသိပေးအကြောင်းကြားရမည်ဖြစ်ကြောင်း သိရသည်။
“အရင်တုန်းကဆိုရင် ဒီလိုပညာသင်ဆုလျှောက်ထားတဲ့အခါ မလိုအပ်ဘဲကြန့်ကြာတဲ့အဆင့်ဆင့်သော ရုံးလုပ်ငန်းတွေကြောင့် ပညာသင်ဆုကို လျှောက်တာခြင်းအတူတူ နောက်ကျကျန်ခဲ့တာတွေရှိတယ်။ အခုအဲဒီလိုကိစ္စတွေကို ဖြေလျှော့ပေးလိုက်တဲ့ သဘောပါပဲ” ဟု မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမောင်သင်းက ပြောကြားသည်။
အဆိုပါပညာသင်ဆုကို နှစ်စဉ်ဇူလိုင် ၃၁ မှ အောက်တိုဘာ ၁၅ ရက်အတွင်း လျှောက်ထားနိုင်ပြီး လာမည့် ၂၀၁၅ တန်းခွဲအတွက် လျှောက်လွှာများစတင်လက်ခံနေပြီဖြစ်ကြောင်း၊ လျှောက်ထားလိုသူ များအနေဖြင့် http://www.daad.de/entwicklung/studierendeund_alumni/bidung_postgrad-ual/ast/08492.en.html သို့လျှောက်ထားနိုင်ကြောင်း၊ အဓိကအားဖြင့် ဘွဲ့လွန်တန်းများအတွက် အများဆုံးခေါ်ယူလျက်ရှိကြောင်း သိရသည်။
Democracy Today Daily
သြဂုတ် (၁၀) ရက်၊ ၂၀၁၄ ခုနှစ်

--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

- (အရှေ့သို့) လားရှိုး မူလတန်းကျောင်း ၂၅ ကျောင်း၌ ရှမ်းစာပေ စတင်သင်ကြား စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးPregnancy expectation ကိုယ္ဝန္ရခ်င္လို႔မှတ်ပြီလား... Very little makes it more valuable... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို
- (အနောကျသို့) ဖိနပ်ပေါက်တာ သက်သာစေမယ့် နည်းလမ်း စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးPregnancy expectation ကိုယ္ဝန္ရခ်င္လို႔မှတ်ပြီလား... Very little makes it more valuable... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို