Google က အာရှတွင် အင်တာနက် အမြန်နှုန်း မြှင့်တင်ရန် ရေအောက်ကြိုး တည်ဆောက်မည်

Google က အင်တာနက် အမြန်နှုန်း မြှင့်တင်ရန် အတွက် ရေအောက်ကြိုး တစ်ခု တည်ဆောက်မည် ဖြစ်သည်။ Google က အာရှတွင် အင်တာနက် အမြန်နှုန်း မြှင့်တင်ရန် အတွက် ဒေါ်လာ သန်းသုံး ရာတန် ရေအောက်ကြိုးတည်ဆောက်ရန် ရင်းနှီး မြှပ်နှံထားသည့် အဖွဲ့အစည်း များထဲမှ တစ်ခုဖြစ် လာပြီဟု ကြေညာ လိုက်ပါသည်။ 

ရေအောက်ကြိုး အမည်ကို “Faster” ဟု ပေးထားပြီး ဆန်ဖရန်စစ္စကို၊ လော့စ်အင်ဂျလိစ်၊ ဆီရေတယ်၊ ပို့တ်လန်း စသည့် အနောက်နိုင်ငံမှ မြို့ကြီးများအပါအ၀င် ဂျပန် ကမ်းရိုးတန်းမြို့များ ဖြစ်သော ချီကူရာနှင့် ရှိမာမြို့များကို ဆက်သွယ်မည် ဖြစ်သည်။ သာမာန် ကြိုးများထက် ဆယ်သန်း မြန်ဆန်သော နှုန်းဖြစ်သည့် တစ်စက္ကန့်လျှင် 60 terabits ရရှိမည် ဖြစ်သည်။

ရေအောက်ကြိုးကို ပူးတွဲတည်ဆောက်မည့် အခြား အဖွဲ့အစည်းများမှာ China Mobile International, China Telecom Global, Global Transit, KDDI, SingTel တို့ ဖြစ်ပါသည်။ စီမံကိန်း၏ အဓိက ထောက်ပံ့သူမှာ IT Services နှင့် Products Company ဖြစ်သည့် NEC ဖြစ်ပါသည်။ ရေအောက်ကြိုး တည်ဆောက်မှုကို စတင်တော့မည် ဖြစ်ပြီး ၂၀၁၆ ခုနှစ် ဒုတိယလပတ်တွင် အသုံးပြုနိုင်မည် ဖြစ်သည်။
Faster သည် အာရှရှိ ဖောက်သည်များကို ပိုမိုမြန်ဆန်ပြီး စိတ်ချရသည့် အင်တာနက် ပေးနိုင်မည်ဟု Google ၏ နည်းပညာ အခြေခံ အဆောက်အဦး ဌာနမှ အကြီးတန်း ဒုတိယ ဥက္ကဌ ဖြစ်သူ Urs Holzle ကပြောပါသည်။ 

ယခုရင်းနှီးမြှပ်နှံမှုသည် Google က ရေအောက်ကြိုးတွင် ရင်းနှီးမြှပ်နှံသည့် ပထမဆုံး အကြိမ် မဟုတ်ပါ။ Google က ၂၀၀၈ ခုနှစ်တွင် ဂျပန်သို့ ဆက်သွယ်သည့် Unity ရေအောက်ကြိုးနှင့် ၂၀၁၁ ခုနှစ်တွင် ဖိလစ်ပိုင်နှင့် ထိုင်းအပါအ၀င် အရှေ့တောင်အာရှနိုင်ငံများနှင့် ဂျပန်ကို ဆက်သွယ်သည့် ရေအောက်ကြိုး တည်ဆောက်မှုတို့ကို ကူညီပေးခဲ့ပါသည်။

အင်တာနက် အမြန်နှုန်း တိုးတက်ကောင်းမွန်အောင် ပြုလုပ်ပေးခြင်းသည် Google ၏ ၀န်ဆောင်မှုများ အားလုံးအတွက် မဟာဗျူဟာ ဖြစ်ပါသည်။ မြန်နှုန်းမြင့် အင်တာနက် ၀န်ဆောင်မှု Google Fiber ကို Austin, Texas, Provo, Utah တို့တွင် ရောင်းချပေးလျှက်ရှိပါသည်။ အင်တာနက် အမြန်နှုန်း မြင့်မားစေ ရန်သာမက ကမ္ဘာ့နိုင်ငံအများအပြားတွင် အင်တာနက် ရရှိစေရန်အတွက် Project Loon စီမံကိန်းကို ပြုလုပ်လျှက်ရှိပါသည်။ Project Loon သည် မိုးပျံလေပူဖေါင်းများဖြင့် WiFi ထုတ်လွှင့်ပေးခြင်း ဖြစ်ပါ သည်။ Google က New York City နှင့် Mountain View ရှိ သူ၏ ရုံးပတ်ဝန်းကျင်တွင်လည်း အခမဲ့ WiFi ထုတ်လွှင့်ပေးထားပါသည်။ Google သည် New York City ရှိ အခပေး ဖုန်းရုံများကို အခမဲ့ WiFi ထုတ်လွှင့်ပေးသော နေရာများ အဖြစ်ပြောင်းလဲရန် ကြိုးစားနေသာ Company များထဲမှ တစ်ခု ဖြစ်ပါ သည်။


ref;Myanmar Digital Life Journal
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...