ပုံဆွဲတော်သော ကလေးသည် ဉာဏ်ရည်ဖွံ့ ဖြိုးမှု မြင့်မား

ကင်းကောလိပ် စိတ်ပညာဌာနမှ ဒေါက်တာ အာဒန်သည် အမြွာ ၇၇၅၂ စုံ (၁၅၅၀၄ယောက်)ကို လေ့လာခဲ့ပါသည်။ 

အသက် ၄နှစ်ရောက်တဲ့အခါ မိဘတွေက ကလေးတွေကို ပုံဆွဲစေခဲ့ပါသည်။ မျဉ်းတစ်ကြောင်းတည်းကို အသုံးပြုရတဲ့ ပုံဆွဲနည်းဖြစ် ပြီး ကလေးတွေရဲ့ အသိဉာဏ်ဖွံ့ဖြိုးမှု ကို လေ့လာခဲ့ပါသည်။ ပုံတစ်ပုံစီကို အမှတ်(၀)ကနေ (၁၂)မှတ် အထိ သတ်မှတ်ပေး ထားပါသည်။ 

အင်္ဂါအမျိုးအမည်တစ်ခုစီအတွက် တစ်မှတ်စီ ပေးထားပါသည်။ ကလေးငယ်တစ်ဦးဟာ မျက်နှာမပါတဲ့ ဦးခေါင်း၊ ကိုယ်၊ လက်နဲ့ ခြေပါဝင်လျှင် အမှတ်(၄)မှတ် ရရှိမည်ဖြစ်သည်။ အသက် ၄နှစ်မှာတစ်ခါ အသက် ၁၄နှစ်မှာ တစ်ခါ ပုံဆွဲစစ်ဆေးခဲ့ပါသည်။ ပုံဆွဲ ခြင်းဖြင့် အမှတ်အများကြီးရထားတဲ့ ကလေးသည် နောက် ၁၀နှစ်ကြာတဲ့ အခါ ပိုပြီး ဉာဏ်ရည်ဖွံ့ဖြိုးမှု မြင့်မားကြောင်းတွေ့ခဲ့ရသည်။

ဒေါက်တာအာဒင်က ““ကလေးတွေ အသက် ၄နှစ်မှာဆွဲတဲ့ ပုံလေးတွေက အမှတ်တွေကိုကြည့်ပြီး အသက် ၁၄နှစ် ရောက်တဲ့အခါ ဉာဏ်ရည်ဖွံ့ဖြိုး မှုရှိ မရှိကို ခန့်မှန်းလို့ရနိုင်ပါတယ်။ ပုံဆွဲခြင်းတစ်ခုတည်းနဲ့တော့ အသိ ဉာဏ်ဖွံ့ဖြိုး မှုကို တိုင်းတာလို့မရပါ ဘူး။ တခြားရေတွက်လို့မရတဲ့ ဗီဇနဲ့ ပတ်ဝန်းကျင် အခြေအနေဆိုတဲ့ အကြောင်းတွေ ရှိနေပါသေးတယ်။ ဒါ့ကြောင့် ပုံဆွဲညံ့တဲ့ ကလေးမိဘတွေကို စိုးရိမ်စိတ်မဖြစ်စေချင်ပါဘူး။ သို့သော် ပုံဆွဲတော်တဲ့ ကလေး တစ်ယောက်ဟာ အနာဂတ်မှာတော့ ဉာဏ်ရည်ဖွံ့ဖြိုးမယ့် ကလေးဆိုတာ တော့ အသေအချာပါပဲ””ဟု ပြောခဲ့ပါသည်။

မာဃ

Ref: MNT
Health Updates Journal No. 133
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...