ခေါင်းကိုက် ဝေဒနာအကြောင်း သိမှတ်ဖွယ်ရာ အဖြာဖြာ

ခေါင်းကိုက်ခြင်းသည် အဖြစ်များဆုံး ဝေဒနာများထဲတွင် တစ်ခု အပါအ၀င်ဖြစ်ပြီး၊ လူကြီးလူငယ် ကျားမရွေးဖြစ်လေ့ ရှိကြသည်။ စိတ်ဖိစီးမှု များခြင်း၊ အစားမှားခြင်း၊ အဖျားကြီးခြင်း၊ ၀မ်းချုပ်ခြင်း၊ သောက်သုံးရသော ပဋ္ဋိဇီဝဆေးဝါးများ၏
ဘေးထွက်ဆိုးကျိုး၊ ခ န္ဓာကိုယ်တွင်း အပူခဲခြင်း၊ အိပ်ရေး မ၀ခြင်း၊ ဇက်ကြောတက်ခြင်း၊ ဦးနှောက် အကျိတ်ထွက်ခြင်း၊ စိတ်ဝေဒနာရောဂါ စသည့် ဦး နှောက်အာရုံကြော အမျိုးမျိုး၊ ဟိုမုန်းပြဿနာများ၊ လည်ပင်း၊ အရိုးကျီးပေါင်း၊ သွား-ခံတွင်း-မေးရိုးရောဂါ၊ မျက်စိရောဂါ အမျိုးမျိုး၊ နား၊ နှာခေါင်း၊ အာသီး နှင့် လည်ချောင်းရောဂါများ၊ သွေးတိုးခြင်း၊ ဆီးချိုတက်ခြင်း၊ အအေးမိတုပ်ကွေးရောဂါနှင့် ကြွက်သား စိုင်တွေတင်းမာခြင်း ဦးခေါင်းတ၀ိုက် ဆန်ချည်မျှင်သွေးကြောများ ပိတ်ဆို့ မှု နှင့် မိမိစားသောက်သည့် အစားအစာတွေထဲမှာ ပြည့် စုံလုံလောက်တဲ့ အာဟာရမရရှိခြင်း စသည်ဝေဒနာ များကြောင့် ခေါင်းကိုက်တတ်သည်။ ခေါင်းကိုက်ခြင်းကြောင့် သက်မသေ နိုင်သော်လဲ၊ တခါတရံ သေမလောက်အောင် ခေါင်းကိုက်တတ်ကြပြီး နေ့ စဉ် လူ ၁၀၀ လျှင် ၁၅ ဦး ခန့်  ခေါင်းကိုက်ပျောက် ဆေး မှီဝဲနေကြရသည်။

အစားအသောက် အအိပ်အနေပုံစံ မှားယွင်းခြင်းကြောင့် ရံဖန်ရံခါ ခေါင်းကိုက်ခြင်းက ပြဿနာမဟုတ်သော်လဲ၊ ဦးနှောက်တွင် အကျိတ်ဖြစ်ပေါ်ခြင်း အများအပြား၌ ခေါင်းကိုက်ခြင်းမှာ တစ်ခုတည်းသော လက္ခဏာဖြစ်နိုင်သည်ဟု ကျန်းမာရေး သုတေသီများက ပြောကြားထားသည်။ ၂၀၁၄ ခုနှစ်၊ နှစ်ကုန်ပိုင်း၌ အမေရိကန်နိုင်ငံတွင် ဦးနှောက် အကျိတ်ဖြစ်နေသူ လူနာ ၉၅ ဦး၏ ဆေးမှတ်တမ်းများကို လေ့လာကြည့်ရာမှာ လူနာ ၁၁ ဦးတွင် ခေါင်းကိုက်ခြင်းမှာ တစ်ခုတည်းသော ရောဂါလက္ခဏာပြသမှုအဖြစ် တွေရှိခဲ့ရသည်။ ဒါကြောင့် ဦးနှောက် အကျိတ်ဖြစ်နေသည့် လူနာတွေဟာ အခြား ဦးနှောက်နဲ့  မှတ်ဥာဏ်ဆိုင်ရာ ရောဂါလက္ခ ဏာမျိုးတွေမပြသဘဲ ခေါင်းကိုက်တာ တစ်ခုတည်းလည်း ဖြစ်နေနိုင်ကြောင်း ၀ါရှင်တန်ရှိ ဆေးပညာကျောင်းမှ သုတေသီတစ် ဦးဖြစ်သူ အမ်မာဟာဝါစရီက အကြံပေးပြောကြားထားသည်။ ထို့ ကြောင့် ခေါင်းကိုက်ခြင်းကို မပေါ့လျော့ဘဲ၊ သက်ဆိုင်ရာ ဆရာ ၀န်များဖြင့် ဆေးကုသမှုခံယူရင်း၊ ဝေဒနာသက်သာအောင် အောက်ပါနည်းလမ်းတို့ ဖြင့် မိမိကိုယ်ကို ဆင်ခြင်နိုင်ကြစေရန် အကြံ ပြုလိုက်ရပါသည်။

<< အပယိက ခေါင်းကိုက်ဝေဒနာ ရှောင်ရှားနည်း။ >>

(၁) ဗိုက် အဆာလွန်ခြင်းက ခေါင်းကိုက်စေတတ်သဖြင့်၊ အဆာမခံပါနှင့်။ 
(၂) သကြား အချိုဓာတ်က ခေါင်းကိုက်ခြင်းကို တမ ဟုတ်ချင်း ပြေပျောက်စေနိုင်၍၊ စားပွဲတင်ဇွန်း ၁-ဇွန်းစာ ပမာဏရှိသော သကြားကိုစားပေးပါ။ 
(၃) ယောဂကျင့်စဉ်က သွေးလည် ပတ်မှုကိုကောင်းမွန်စေပြီး၊ ခေါက်ကိုက်ခြင်းမှ ကာကွယ်ပေးပါသည်။ 
(၄) ဆီကြော်မုန့် များ နှင့် အကြွတ်ကြော်များစားသုံးခြင်းကို ဖြစ်နိုင်သမျှရှောင်ပါ။ 
(၅) အိပ်ရေး၀၀ အိပ်ခြင်းက အကောင်းဆုံး ခေါင်းကိုက်ပျောက်ဆေးပါ။ 
(၆) စိမ်းရောင်ခြယ် ဟင်းရွက်များ နှင့် ဓာတုကင်းစင်၍ သန့် ရှင်းလတ်ဆတ်သော သစ်သီးဝလံများများ စားပေးပါ။ 
(၇) ခေါင်းကိုက်နေစဉ် နွားနို့ တစ်ခွက်သောက် ပေးခြင်းက ဝေဒနာကို ပြေလျော့စေပါသည်။ 
(၈) ညအိပ်ခါနီး ဒိန်ချဉ် လုံးဝမသောက်ပါနှင့်။ 
(၉) ချိစ် နှင့်ချောကလက်များ အလွန် အကျွံ မစားမိပါစေနှင့်။ 
(၁၀) ၀မ်းချုပ်မခံပါနှင့်။ 
(၁၁) လေကောင်းလေသန့် ရရှိသောနေရာတွင် နာရီဝက်ခန့် လမ်းလျှောက်ရင်း၊ အသက်၀၀ရှုသည့် လေ့ကျင့်ခဏ်း လုပ်ပေးပါ။ 
(၁၂) ရေငတ်ခံခြင်း /နှာရည်ပြင်းပြင်းညှစ်ထုတ်ခြင်း/ အလွန်အကျွံအိပ်စက်ခြင်း စသည် တို့ ကို မျှတမှုရှိပါစေ။

<< ခေါင်းကိုက်ခြင်းအတွက် အိမ်တွင်းကုထုံး။ >>

- ကိုယ်တွင်း အပူဓာတ်လျော့ ကျစေရန် နံနံပင်နှင့် သကြားပြုတ်ရည် သောက်သုံးပါ။
- လေးညှင်းပွင့်ကို အိုင်အိုဒင်းဆားဖြင့် ရောထောင်း၍ နွားနို ဖြင့်သောက်ပေးခြင်းက စိတ်ဖိစီးမှုများပြေလျော့စေပြီး ခေါင်း
ကိုက်သက်သာစေပါတယ်။
- သစ်ကြပိုးခေါက်မှုန့် ကို ရေနှင့်ပျစ်ပျစ်ရောပြီး၊ ခေါင်းကိုက်သည့်နေရာကို လမ်းကျံပေးပါ။
- သံပုံရာရည်သောက်ပါ။
- နံ့ သာဖြူ သွေး၍ နဖူးတွင် လိမ်းကျံပေးပါ။
- အုန်းဆီဖြင့် ဦးရေပြားအနှံ့ နှိပ်နယ်ခြင်းက လူကိုပေါ့ပါးလာကာ၊ အချိန်တိုတွင်း ခေါင်းကိုက်ပျောက်စေပါတယ်။
- ရှေးအစဉ်အလာကတည်းကစ၍ အာရှနိုင်ငံများမှားမှာ လ္ဘက်ရည်ကြမ်းကို ရိုးရာခေါင်းကိုက်ပျောက်ဆေးအဖြစ် သောက် သုံးလာခဲ့ကြသည်။ လ္ဘက်ရည်ကြမ်းထဲ ဂျင်း-ဇီယာ-နံနံစေ့တို့ ရောသောက်ခြင်းက ပိုမိုဆေးစွမ်းထက်စေသည်။
- ခေါင်းကိုက်သောနေရာကို ယူကလစ်ဆီဖြင့် နှိပ်နယ်ပါ။
- မကြာခဏ ခေါင်းကိုက်တတ် သူများအတွက် ပန်းသီးကို ၁၀ ရက် ခန့်  နံက်အိပ်ယာထတိုင်း စားပေးပါ။
- ဗန်ဒါစေ့ဆီဖြင့် နဖူးကို လိမ်းကျံခြင်းက ခေါင်းကိုက်ဝေဒနာများကို တမဟုတ်ချင်း သက်သာလာစေမှာပါ။
- နံက်အိပ်ယာထ ကြက်သွန်ဖြူစားပေးခြင်းက ခေါင်းကိုက်ဝေဒနာကို မိနစ်အနည်းတွင်း ပျောက်ကင်းစေ၏။
- ဟိုမုန်းရောဂါကြောင့် ခံရခက်လှသည့် မိုင်ဂရိန်း(န်) (ခေါ်)ေ်ခါင်းတခြမ်းကိုက်ဝေဒနာကို အမျိုးသားထက် အမျိုးသမီး များ အဖြစ်များလေ့ရှိသည်။ အထူးသဖြင့် သွေးဆုံးခါနီး နှင့် သွေးဆုံးပြီးစအမျိုးသမီးများ ခံစားနေရပါသည်။ ထိုရောဂါအတွက် နံက်သီး-ကိုက်လံရွက်-တရုပ်နံနံ-သခွားသီး-သံပုရာရည်-ဂျင်း တို့ဖြင့် ရောစပ်ထားသော ဖျော်ရည်ကို ယုံကြည် စိတ်ချစွာသောက်သုံးပါ။ ထို အမယ် ၆-မျိုးထဲရှိ သဘာဝအစွမ်းထက် ဓာတ်တိုးဆန့် ကျင်ပစ္စည်းများက ခေါင်းတခြမ်း ကိုက်ပျောက်ဆေးသဖွယ် ကောင်းကျိုးပြုစေပါသည်။
- အိန္ဒိယရိုးရာကုထုံးများတွင် အသက်ရှုလေ့ကျင့်ခဏ်းကို အသုံးပြု၍ ခေါင်းကိုက်ဝေဒနာကို သက်သာပျောက်ကင်းအောင် ကုစားလျှက်ရှိကြသည်။ ၄င်းကုထုံးမှာ...

(က) စိတ်ဖိစီးမှုများ၍ ခေါင်းကိုက်တဲ့အခါ ညာဘက်နှာခေါင်းပေါက်ကို လက်နဲ့ ဖိပိတ်ပြီး၊ ဘယ်ဘက်တစ်ဖက်တည်းဖြင့်သာ အသက်ရှုကြည့်ပါ။ ၅-မိနစ်အကြာမှာ ခေါင်းကိုက်ဝေဒနာတွေ လုံးဝပျောက် ကင်းသွားပါလိမ့်မည်။ 

(ခ) မခံမရပ်နိုင်အောင်နှစ်ရှည်လများ ဦးယဉ်းခေါင်းခဲ ဝေဒနာခံစားနေရ သူများအဖို့  ဘယ်ဘက် နှာခေါင်းပေါက်တစ်ဖက်တည်းဖြင့် အချိန်ကြာကြာ အသက်ရှုပေးခြင်းဖြင့် ဝေဒနာများေ်လျာ့ပါးသက်သာ လာစေပါသည်။ ထိုအသက်ရှုလေ့ကျင့်ခဏ်း များကို မကြာခဏလုပ်ပေးခြင်းဖြင့် ၁-လ အကြာမှာ ဆေးအကူအညီမလိုဘဲ နာတာရှည် ခေါင်းကိုက်ခဲဝေဒနာမှ ပျောက်ကင်းသွားစေပါသည်။ “ ညာဘက်နှာခေါင်းပေါက်နဲ့ အသက်ရှုရင် သိသိသာသာ စိတ် ကြည်လင် လန်းဆန်းသွားပြီး၊ ဘယ်ဘက် နှာခေါင်းပေါက်နဲ့ရှုရင် ခေါင်းကိုက်ပျောက်တယ် ဆိုတာကို မမေ့ကြနဲ နော့် !!! “ ဟူ၍ International Health Digest မှာ ဖော်ပြထားသည်။

- ခေါင်းတခြမ်းကိုက်ခြင်းအတွက် တရုပ်ရိုးရာနည်းဖြင့် နှိပ်နယ်နည်းလေးများမှာ...
 
(က) ဂုပ်ပိုး(ဇက်ပိုး) နှင့် ဦးခေါင်းအ နောက်ဖက်ကို နေ့စဉ်နှိပ်နယ်ပေးပါ။ 

(ခ) မျက်ခုံးမွှေး ၂-ခုရဲ့ အလယ်ခေါင် တည့်တည့်ကို လက်ခလယ်နဲ့ ဖိ၍ အကြိမ် ၃၀ တိတိ စက်ဝိုင်းပုံသဏ္ဍာန် နှိပ်နယ်ပေးပါ။ 

(ဂ) လက်ညှိုး၂-ချောင်းရဲ့  လက်ဆစ်တွေကိုသုံးပြီး နဖူးပြင်တလျှောက် အ ကြိမ် ၃၀ တိတိ ပွတ်ဆွဲ၍နှိပ်နယ်ပေးပါ။ 

(ဃ) နားထင်တွေကို လက်မထိပ်ဖျားဖြင့် အကြိမ် ၃၀ တိတိ ဖိ၍နှိပ်နယ်ပေးပါ။ ထို့ နောက် လက်မကိုသုံး၍ နားသယ်မှ ဆံစဘက်ဆီသို့  ဦးတည်ဆွဲ၍ အကြိမ် ၃၀ လောက် နားထင်ကြောဖြေပေးပါ။ 

(င) ရှေးဦးစွာ ခေါင်း၏ အနောက်ဖက်တလျှောက်ကို လက်မဖြင့်ထိုး၍ အကြိမ် ၃၀ နှိပ်ပေးပါ။ ထို့ နောက် နောက်စေ့၏
အောက်ဖက်ပိုင်းကို အကြိမ် ၃၀ တိတိ ဖိ၍နှိပ်နယ်ပေးပါ။ 

(စ) လက်သီး တင်းတင်းဆုပ်၍ ပုခုံး၏ အလယ်တည့်တည့် အ နောက်ဖက်နေရာကို ၁၅ ကြိမ်တိတိ မပြင်းလွန်း/မပျော့လွန်းထုပေးပါ။ (လက်ယာ ဘက်လက်သီးဆုပ်ကို လက်ဝဲဘက် ပုခုံးပေါ်သို့ လည်းကောင်း၊ လက်ဝဲ ဘက်လက်သီးဆုပ်ကို လက်ယာ ဘက်ပုခုံးပေါ်သို့ လည်းကောင်း ပြောင်းပြန်ထုပေးရ မှာဖြစ်ပါတယ်) 

(ဆ) လက်ဖမိုးပေါ်မှနေ၍ လက်မနဲ့ လက်ညှိုးကြား အရိုးအဆစ် တလျှောက်ကို အကြိမ် ၃၀ တိတိ ဖိ ၏တွန်းဆွဲ၍အကြောဖြေပေးပါ။ (လက်ယာဘက် လက်ဖမိုးအတွက် ၀ဲဘက်လက်ကို သုံး၍သော်လည်းကောင်း၊ လက်ဝဲဘက် လက်ဖမိုးအတွက် ယာဘက်လက်ကို သုံး၍သော်လည်းကောင်း နှိပ်ပေးရမှာဖြစ်ပါတယ်) 

(ဇ) ဦးစွာ ဘယ်-ညာနဖူး ထောင့်(ဆံစအောက်)ကအရိုးတွေကို လက်ခလယ်များသုံး၍ အကြိမ် ၃၀ အကြောဖြေနှိပ်ပေးပါ။ ထို့ နောက် နားထင် တဖက်တချက်စီကို အကြိမ် ၂၀ လောက် စက်ဝိုင်းသဏ္ဍာန် ဖိ၍အကြောဖြေပေးပါ။ ဆက်လက်၍ လက်ကောက်ဝတ် အပေါ်ဘက် တလျှောက်မှနေ၍ တံတောင်ဆစ်အောက်နားထိ စုန်ချီဆန်ချီ အကြိမ် ၃၀ တိတိ ဖြစ်ညှစ်၍နှိပ်နယ်ပေးပါ။ ထို့ နောက် လက်သူကြွယ် နှင့် လက်သန်းကြားကို အကြိမ် ၃၀ တိတိ ဖိတွန်းဆွဲ၍အကြောဖြေပေးပါ။ 

(ဈ) ငယ်ထိပ် တည့်တည့်က ခေါင်းကိုက်တတ်သူများက ဦးခေါင်းအပေါ်ထိပ် တည့်တည့်နေရာကို အကြိမ် ၃၀ တိတိ ဖိ၍ ပွတ်ချေကာ အကြောဖြေပေးပါ။ 

(ည) လက်ဖ၀ါးကို ပက်လက်လှန်ချလိုက်ပြီး လက်ကောက်ဝတ်ရဲ့ အောက်ဘက် သွေးခုန် နှုန်းစမ်း တဲ့နေရာကို လက်မထိပ်ဖြင့် အကြိမ် ၃၀ တိတိ အသာအယာ ဖြစ်ညှစ်၍ နှိပ်နယ်ပေးပါ။ 

(ဋ) ခြေမ နှင့် ခြေညှိုးအကြားကို အကြိမ် ၃၀ တိတိဖိ၍ ပွတ်ချေကာ အကြောဖြေပေးပါ။ ဤနည်းက်ခေါင်းကိုက်ပျောက်ရုံသာမက၊ စိတ်ဖိစီးမှုတွေကိုပါ ပြေပျောက်စေပါတယ်။ (ညာခြေထောက်ကို ညာလက်ဖြင့်လည်းကောင်း၊ ဘယ်ခြေထောက်ကို ဘယ်လက်ဖြင့်လည်း ကောင်း အကြောဖြေတဲ့နည်းဖြစ်ပါတယ်) 

(ဌ) နောက်စေ့မှ ထိုး၍ခေါင်းကိုက် သူများကတော့၊ ခေဖ၀ါးအလယ်ခေါင်တဲ့တဲ့ ကို လက်ဖ၀ါးဇောင်းဖြင့် အကြိမ် ၃၀ တိတိ စုန်ချီဆန်ချီ ခပ်ပြင်းပြင်းဖိ၍ ပွတ်တိုက်ပေးပါ။ (ညာခြေထောက်ကို ညာလက် ဖြင့်လည်းကောင်း၊ ဘယ်ခြေထောက်ကို ဘယ်ဘက်ဖြင့်လည်းကောင်း အကြောဖြေတဲ့နည်းဖြစ်ပါတယ်)

(ဆောင်းပါးရှင်…ပေါက်ပေါက်...ရေးသားမျှဝေသည်)
promise.pauk
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...