ဝေဖာနှင့် ချိုချဉ်အပါအ၀င် အစားအစာ ၂၁ မျိုး စားသုံးရန် မသင့်ကြေညာ
![]() |
The Cooking Teacher |
ကြေညာထားတဲ့ အမျိုးအစားတွေထဲမှာ အမှတ်တံဆိပ်မပါ ရေခဲမုန့်ခွက်ဝေဖာ (ပန်းရောင်)၊ တုတ်ထိုးချိုချဉ် (အနီ၊ အစိမ်း၊အ၀ါရောင်နဲ့ အ၀ိုင်း)၊ ရွှေသဇင် ချိုချဉ်ချောင်း၊ Angry Bird ရုပ်ပုံပါ ကြံပြားကပ်စေးနှဲ၊ Pinky ပင်ကီတံဆိပ် စတော်ဘယ်ရီနို့ဝေဖာ၊ ရွှေနဂါး ငရုတ်ဆီထုပ်နဲ့ ငရုတ်ဆီ (ပလတ်စတစ်ဘူး)၊ သားသားလေး ငရုတ်ဆီ၊ ကိုးသုံးလုံး ဂျုံခါက်ဆွဲ၊ ကောင်းကောင်း ဂျုံခေါက်ဆွဲ၊ ဟင်္ဟာမင်း လက်ဖက်၊ တုံတုံ ငါးပိထောင်းဘူး၊နဲ့ အရောင်တင်မှုန့် အမျိုး အစားတွေဖြစ်တဲ့ ရွှေမိုး၊ ဘုရင်၊ နွယ်၊ ဘုတ်ဘုတ်၊ မွှေးမွှေးလေးနဲ့ ရွှေယုန်မင်း တို့ပါဝင်ပါတယ်။
ဈေးကွက်တွေနဲ့ ကျောင်းမုန့်ဈေး တန်းတွေမှာ ရောင်းချနေတဲ့ အစားအစားတွေကို ဝယ်ယူစစ်ဆေးရာ Rhodamine B, Orange II , Sudan III , Auramine O နဲ့ Borax စတဲ့ ခွင့်မပြုဆိုးဆေးတွေ ပါဝင်နေတာတွေ့ရပြီး စားသုံးရန် မသင့်တဲ့ အစားအသောက်တွေအဖြစ် အသိပေးကြေညာတာလို့ ကျန်းမာရေးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အစားအသောက် ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချသူတွေ အနေနဲ့ သုံးစွဲခွင့်မပြုတဲ့ ဓာတုဆိုးဆေး တွေကို လုံးဝ အသုံးမပြုကြ ဖို့နဲ့ မလိုက်နာရင် ဥပဒေအရ တရားစွဲဆို အရေးယူမယ်လို့လည်း သတိပေးထားပါတယ်။
The post ဝေဖာနှင့်ချိုချဉ်အပါအ၀င် အစားအစာ ၂၁ မျိုးစားသုံးရန်မသင့်ကြေညာ appeared first on DVB.
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
- (အရှေ့သို့) ရန်ဖြစ်ရင်တောင် ပြန်ချစ်စေရမယ် စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းVery little makes it more valuable... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို
- (အနောကျသို့) တရုပ်သိုင်းဝတ္ထု စာအုပ်များ စုစည်းမှု (မြန်မာလိုစာအုပ် ၄၄ အုပ်) စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းVery little makes it more valuable... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို