ထူးခြားသည့် လူ၏ဘယ်လက်နှင့် တူသည့် ခါကြက်ဥသီးနှံ သီပေါ၌ တူးဖော်ရာမှ တွေ့ရ
စိုင်း၊ သီပေါ၊ ဧပြီ-၂၅
ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့ တောင်မြို့ရပ် နယ်မြေ (၇)နေစာရင်း စစ်ရုံး အငြိမ်းစား ဒုညွှန်ကြားရေးမှူး ဦးစိုင်းလှကျော်-ဒေါ်မြင့်မြင့်သန်းတို့၏ခြံတွင် စိုက်ပျိုးထားသော ခါကြက်ဥသီးနှံ (ဒေသအခေါ် မုန်လာဥနီ)များကို ဧပြီ ၂၄ ရက်က တူးဖော်ရာအပင် ၅၀ ၀အနက် တစ်ပင်မှာ လူ၏ ဘယ်ဘက်လက်နှင့် လုံးဝ အသွင်သဏ္ဍာန် တူညီသည့် ခါကြက်ဥတစ်ပင်ကို ထူးခြားစွာ တွေ့ခဲ့ရသည်။
အနီးပတ်ဝန်းကျင်မှ ဒေသခံများ အထူးအဆန်းသဖွယ် လာရောက်ကြည့်ရှု လေ့လာကြပြီး အဘွားတစ်ဦးက လူ၏ ဘယ်ဘက်လက်နှင့် အသွင်သဏ္ဌာန် လုံးဝတူနေသဖြင့် ဘယ်ဘက် တစ်ဆုပ်ကြဲ၊ ညာဘက်တစ်လှည်းဝင် ဆိုသည့် တဘောင်ကဲ့သို့ ဆန်ရေစပါး ပေါများပြီး အေးချမ်းသော အတိတ်နိမိတ်ကို ဆောင်ခြင်းဖြစ်ကြောင်း နိမိတ်ဖတ်ပြောဆိုသည်။
အဆိုပါ ဘယ်ဘက်လက်နှင့် အသွင် သဏ္ဌာန်တူသည့် ခါကြက်ဥ သီးနှံမှာ လက်မ၊ လက်ညှိုး၊ လက်ခလယ်၊ လက်သူကြွယ်နှင့် လက်သန်းများကဲ့သို့အတို၊ အရှည်မှစ၍ အသွင်သဏ္ဌာန် တူနေကြောင်း တွေ့ရသည်။
စံတော်ချိန် နေ့စဉ်

http://www.mmstd.com/news/view/4935/?lang=my
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) ကမ္ဘာပေါ်မှာ အပျော်ရွှင်ရဆုံး နိုင်ငံသားများ ခူယားကောင်နဲ့ ထိမိတဲ့အခါ ဘာတွေလုပ်သင့်လဲ ခန္ဓာကိုယ်နာကျင်မှု ကင်းဝေးစေရန် ပြုမူနေထိုင်နည်းများ ပူဒီနာ စားသင့်တဲ့အချက် Abortion Pills ဖျက်ဆေးတွေအကြောင်းPregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေး
- (အနောကျသို့) ဖုံးကွယ် ခံထားရသော ကလေးငယ်များ ခူယားကောင်နဲ့ ထိမိတဲ့အခါ ဘာတွေလုပ်သင့်လဲ ခန္ဓာကိုယ်နာကျင်မှု ကင်းဝေးစေရန် ပြုမူနေထိုင်နည်းများ ပူဒီနာ စားသင့်တဲ့အချက် Abortion Pills ဖျက်ဆေးတွေအကြောင်းPregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေး