မှန်ကန်တဲ့ နည်းလမ်းနဲ့ အိပ်စက်နိုင်ဖို့

အိပ်တာပဲ ဘယ်လိုအိပ်အိပ်ပေါ့လို့ တွေးကောင်းတွေးမိသူတွေရှိ ကြမှာပါ။ အိပ်စက်နေတာတောင်မှ ကိုယ်တွင်း အင်္ဂါတွေက ပုံမှန်အတိုင်း အလုပ်လုပ်နေကြတာမို့ အိပ်စက်ပုံမှန်ကန်မှသာ ကိုယ်တွင်း စက်ယန္တရားကြီးက ကောင်းမွန်စွာ လည်ပတ်နိုင် မှာဖြစ်တာကြောင့် ရှောင်သင့်တဲ့ အိပ်စက်ပုံလေးတွေကို ဖော်ပြပေး လိုက်ပါတယ်။

- မှောက်ခုံ အိပ်တာမျိုးဟာ အသက်ကောင်းကောင်း မရှူနိုင်သလို လည်ပင်းနဲ့ ခါးအတွက်ပါ ဆိုးကျိုးတွေပေးနိုင်လို့ ရှောင်သင့်တဲ့ အိပ်စက်ပုံတစ်ခုပါ။ နောက်တစ်ချက်က အိပ်ရာမဝင်ခင် အရက်သေစာသောက် စားမူးယစ်တာ မျိုးရှောင်ရပါမယ်။ အဲဒီလို အပြုအမူကြောင့် ညတစ်ရေးနိုးပြီး ပြန်အိပ် မရတာမျိုးတွေဖြစ်တတ်လို့ပါ။

- အိပ်ချိန်သတ်သတ်မှတ်မှတ် မရှိတာကလည်း လူကိုပင်ပန်း နွမ်းနယ်စေပါတယ်။ ပုံမှန်အိပ် ချိန်၊ ထချိန်သတ်သတ်မှတ်မှတ်လေး လုပ်ဆောင်မယ်ဆိုရင် အိပ် ရေးလည်းဝသလို လူကိုလည်း လန်းဆန်းစေပါတယ်။

- နောက်တစ်ချက်က တချို့ လူတွေက ကြားရက်တွေမှာ လုံးဝ မအိပ်ဘဲ စနေ၊ တနင်္ဂနွေပိတ် ရက်တွေမှ အတိုးချအိပ်တာမျိုးက ဦးနှောက်စွမ်းရည်တွေ လျော့ကျစေနိုင်တာကြောင့် ရှောင်ရမှာပါ။ နောက်ပြီး အစာစားပြီးချင်း တန်း အိပ်တာမျိုးမလုပ်သင့်ပါဘူး။ အဲဒီလိုအိပ် တာကြောင့် ရင်ပူရင်ဆာဖြစ်ပြီး အစာခြေမှုလုပ်ငန်းစဉ်ကို အနှောင့်အယှက်ဖြစ်စေတာ ကြောင့် အနည်းဆုံးနှစ်နာရီလောက်ကြာပြီးမှ အိပ်ရပါမယ်။

- အိပ်တဲ့အခါမှာလည်း ကိုယ်နဲ့ သင့်လျော်တဲ့ခေါင်းအုံးမျိုးရွေး ချယ်ဖို့လည်းလိုပါတယ်။ ပျော့ လွန်းတဲ့ခေါင်းအုံးနဲ့အိပ်ရင် ခေါင်းကိုက်တတ်သူရှိသလို ခေါင်းအုံး အမာနဲ့အိပ်လို့ အကြောတက်သူ လည်းရှိတာကြောင့် ကိုယ်နဲ့ အဆင်ပြေတဲ့ခေါင်းအုံးကို ပြောင်း လဲသုံးတာမျိုးလုပ်ရမှာပါ။ အိပ်ရာလည်း ထိုနည်းလည်းကောင်းပါပဲ။ ပျော့လွန်း၊ မာလွန်းတာက ခါးကိုဒုက္ခပေးနိုင်လို့ပဲဖြစ်ပါတယ်။

- ဒါ့အပြင် တရားလွန်ကွေးပြီး အိပ်တာမျိုးရှောင်ရပါမယ်။ ကျောရိုးတွေ၊ ပခုံးနဲ့ လက်မောင်း ရိုးတွေကို ဒုက္ခပေးနိုင်တာကြောင့် ဖက်ခေါင်းအုံးလိုမျိုးသုံးပြီးအိပ် သင့်ပါတယ်။ နောက်ပြီး လက်ကိုင်ဖုန်းတွေကို အိပ်ရာနားမှာ ထားပြီးအိပ်တာမျိုးလည်း ရှောင်ရမှာဖြစ်သလို ပူလွန်း၊ အေးလွန်း တဲ့အခန်း၊ ခြေထောက်မဆေး ကြောဘဲ အိပ်တာမျိုး၊ အိမ်မွေး တိရစ္ဆာန်တွေနဲ့အတူ အိပ်တာမျိုးတွေ ရှောင်သင့်တယ်လို့သိရပါတယ်။

 —Ref: healthdigezt.com
7Day Daily
http://7daydaily.com/story/35706#.VTnwOJOYqt8
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...