ကျိုင်းတုံ မုန့်တီ (၁၂ ပွဲစာ)
ကျွန်မ တောင်ကြီး မှာနေစဉ်က ကျိုင်းတုံ ရှမ်းတရုတ် အစ်မကြီး တစ်ယောက် ချက်ကျွေးခဲ့တဲ့ နည်းလေးပါ။ အဲ့ဒီတုန်းက စားတာကိုပဲ ဝါသနာပါပြီး ချက်ပြုတ်တာကို လုံးဝ စိတ်မဝင်စားလို့ နည်းတိတိကျကျ ကြီးကို မမှတ်မိပါဘူး။ ဒါပေမယ့်လည်း ငတ်ပြီးစားချင် လာတဲ့အတွက် ကျွန်မ ချက်နေကြ ရှမ်းခေါက်ဆွဲနည်းကို အခြေခံပြီး ချက်ကြည့်လိုက်တော့ သူချက်တာနဲ့ အရသာက ချွတ်စွတ် တူတယ်လို့ထင်ပါတယ် (ကိုယ့်ငါးချဉ် ကိုယ်ချဉ်တာလည်း ဖြစ်နိုင်ပါတယ် …. grin emoticon )။ ကျိုင်းတုံသူ၊ ကျိုင်းတုံ သားတွေကလည်း ကျွန်မချက်တာ ဟုတ်လည်း မဟုတ်ဘူးလို့ မယူဆပဲ အင်း…ချွတ်စွတ်ပဲလို့ အားပေးကြပါနော်…. grin emoticon
ကျိုင်းတုံ မုန့်တီ (၁၂ ပွဲစာ) အတွက် medium size rice vermicelli (နန်းလတ်ဖတ်အခြောက်) – 2 x 400 g ကို အထုပ်ပါ အညွှန်းအတိုင်းပြုတ်ထားပါ။
(မုန့်တီအစို ဝယ်လို့ရသူများအတွက် ပြုတ်ပြီးနောက် အလေးချိန်ကို အချိန်မိလို့ တိတိကျကျမပြောနိုင်တော့ပါဘူး။ ခန့်မှန်းခြေ 2500 g နဲ့ 3000 g ကြား လောက်ရှိမယ် ထင်ပါတယ်ရှင်။)
***... ကျိုင်းတုံမုန့်တီ ဟင်းရည် ချက်ဖို့အတွက် လိုအပ်တာလေးတွေ…
1. ဝက်ရိုး – 600 g (၄၀ ကျပ်သားခန့်)
2. ပဲပုပ် – ၄ ချပ်
3. ဆီ – 2/3 cup (160 ml)
4. ပါးပါးသေးသေးလှီးထားသော ကြက်သွန်နီ – 2 cups (500 ml)
5. အရောင်တင်မှုန့် – လက်ဖက်ရည်ဇွန်း ၃ ဇွန်း
6. နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ
7. ခရမ်းချဉ်သီးဗူး – ၁ ဗူး (400 g)
8. အဆီအနည်းငယ် ပါသော ဝက်သား – 800 g (၅၂ ကျပ်သားခန့်)
9. အရသာမှုန့်
10. ဆား
11. ဝက်သွေးခဲ – 400 g (၂၆ ကျပ်သား)
#. ပွက်ပွက်ဆူနေသော ရေထဲ ဝက်ရိုးထည့်ပြီး အိုးအဖုံး ဖုံးကာ medium low heat ဖြင့် နာရီဝက်ခန့်ပြုတ်ထားပါ။ (၁၂ ပွဲစာ အရည်ကျန်အောင် ရေပမာဏ ကို ချင့်ချိန်ထည့်ပေးပါ။)
#. ပြီးနောက် ပဲပုပ်ကိုထည့်ကာ အိုးအဖုံး ဖုံးပြီး နောက်ထပ် ၁ နာရီခန့် ဆက်ပြုတ်ပေးပါ။
#. ပြီးလျှင် နူးအိသွားသော ပဲပုပ်များကို ကြေညက်သွားအောင် ဇွန်းဖြင့် ဖိချေထားပါ။
#. ဝက်သားကို လက်မ တစ်ဆစ်ခန့် အတုံးလေးများလှီးကာ အရသာမှုန့် (လက်ဖက်ရည်ဇွန်း ၂ ဇွန်း)၊ ဆား (လက်ဖက်ရည်ဇွန်း ၁ ဇွန်း) တို့ဖြင့် အရသာဝင်အောင် နယ်ထားပါ။
#. ဝက်သွေးခဲကို တစ်လက်မအရွယ်ခန့် အတုံးလေးများလှီးကာ ရေစိမ် ထားပါ။
#. ဆီထဲ ထည့်ကြော်ထားသော ကြက်သွန်နီ ဝါညိုရောင်ဖြစ်လာလျှင် အရောင်တင်မှုန့်၊ နနွင်းမှုန့် နှင့် ခရမ်းချဉ်သီးကိုထည့်ကာ ဆီပြန်လာအောင် မွှေကြော်ပေးပါ။ (ခရမ်းချဉ်သီးဗူးကို မသုံးပဲ ခရမ်းချဉ်သီး လတ်လတ်ဆတ်ဆတ်ကို သုံးလျှင် နူးအောင်ပြုတ်ကာ၊ အခွံခွါပြီးမှ ထည့်ပေးပါ။)
#. ပြီးလျှင် ဝက်သားထည့်ကာ အသားထဲမှ အရည်များကုန်ပြီး ဆီပြန်လာအောင် တည်ထားပါ။ (မကြာခဏ မွှေပေးပါ။)
#. ဆီပြန်လျှင် ဝက်သွေးခဲကို ရေစစ် ဆယ်ပြီး ထည့်ကာ ၁ မိနစ်ခန့် ခပ်ဖွဖွ မွှေကြော်ပေးပါ။
#. ပြီးလျှင် ဝက်ရိုးပြုတ်အိုးထဲလောင်းထည့်၍ အရသာမှုန့်၊ ဆားကို ချင့်ချိန်ထည့်ပြီးလျှင် အိုးအဖုံး ဖုံးကာ ၂၀၊ ၂၅ မိနစ်ခန့် ဆက်တည်ပြီးလျှင် မုန့်တီစားရန်အတွက် ဟင်းရည်အသင့်ဖြစ်ပါပြီ။
***... ကျိုင်းတုံ မုန့်တီ တစ်ပွဲစာပြင်ရန် လိုအပ်တာလေးတွေ……
1. နန်းလတ်မုန့်တီဖတ်
2. လက်ပံပွင့်ခြောက် (ပျော့အောင်ပြုတ်ထားပါ။)
3. ကန်ဇွန်းရွက် (ရွှေပဲရွက် မရှိလို့ ကန်ဇွန်းရွက်ကို ထည့်တာပါ။)
4. ဟင်းရည်
5. နှမ်းဖြူလှော်ထောင်း
6. ငရုတ်သီးဆီကြော်
7. ပါးပါးလှီးထားသော ကြက်သွန်ပင်
8. ဝက်ခေါက်ကြော်
9. သံပုရာသီး
#. နန်းလတ်ဖတ်၊ကန်ဇွန်းရွက် နှင့် ပြုတ်ထားသော လက်ပံပွင့်ခြောက် တို့ကို စားမည့်ပန်းကန်လုံးထဲ ထည့်ကာ ပွက်ပွက်ဆူနေသောဟင်းရည်ကို ထိုအပေါ်သို့လောင်းထည့်ပေးပါ။
(ပွက်ပွက်ဆူနေသော ဟင်းရည်ကို လောင်းထည့်မှ မုန့်တီထဲ အရသာပိုစိမ့်ပြီး၊ ကန်ဇွန်းရွက် (သို့) ရွှေပဲရွက်ကလည်း အစိမ်းနံ့ မနံတော့ပါ။)
#. ပြီးလျှင် နှမ်းထောင်း၊ ငရုတ်သီးဆီကြော်၊ ကြက်သွန်ပင်၊ ဝက်ခေါက်ကြော်တို့ကိုထည့်ပြီး သံပုရာသီးလှီးညစ်ကာ အနံ့အရသာနှင့်ပြည့်စုံလှသော ကျိုင်းတုံမုန့်တီကို အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။ (ကျွန်မကတော့ လက်ပံပွင့်ခြောက်မရှိလို့ မထည့်ထားပါဘူး။)
Chaw Su's Food Friends

https://www.facebook.com/ChawSusFoodFriends/posts/426268167551324
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) Hives အင်ပြင် ထွက်ခြင်း Ei Chaw Po (အိချောပို)..Cytotec (Misoprostol) ဆေးသုံးနည်းPregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးသရဲမွေးမိသူ မိခင်US officials advocate use of HIV pill to fight AIDS
- (အနောကျသို့) ဆေးဘဲဥ ရွှေပဲရွက်နှင့် ကြက်ဥ အမြှုပ်ကြော် Ei Chaw Po (အိချောပို)..Cytotec (Misoprostol) ဆေးသုံးနည်းPregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးသရဲမွေးမိသူ မိခင်US officials advocate use of HIV pill to fight AIDS