သေစာရှင်စာ

Written by ချမ်းသာ (မိတ္ထီလာ)

အသက် ၇၉ နှစ်ကျော်လွန်သည့် အရွယ်ရောက်ခါမှ ဒီတစ်သက် ဒီလိုအတွေ့အကြုံမျိုး ကြုံတွေ့ရလိမ့် မည်ဟု ဒေါ်စောမတွေးမိခဲ့ပါ။ ငယ်စဉ် ကလေးဘဝတုန်းက တခြားသူများ ရွာဦးကျောင်းသို့ စာသင်သွား သည်ကိုမြင်တိုင်း သူမလည်းစာသင်ချင်ခဲ့သည်။ သို့သော် ငယ်ရွယ်စဉ်ကပင် တစ်ပါးသောမောင်နှမ သားချင်းများထက် နာတာရှည်ရောဂါသည် မိခင်ကြီးကို အနီးကပ်ပြု စုစောင့်ရှောက်နေရ၍ သူ့တွင်စာ သင်ချိန်မရှိခဲ့။ အသက် ၇၉ နှစ် အရွယ်အထိ သူကျောင်းစာမသင်ခဲ့ဖူးပါ။

ကျောင်းစာမှ မဟုတ် အရေး၊ အဖတ်၊ အတွက်ဆိုသည့် အ သုံးလုံးကိုပင် မသင်ယူခဲ့ဖူးပါ။ ယခုအသက် ၇၉ နှစ်ကျော်လွန်သည့် အရွယ်ရောက်ခါမှ သူ့ဘဝတွင် အဖြစ်ချင်ဆုံး ဆန္ဒတစ်ခုကို ဖြစ်ခွင့်ရခဲ့ပြီဖြစ် သည်။

သူငယ်စဉ်က ကျေးရွာရှိလူကြီးသူမတချို့က အမျိုးသမီးငယ်များကို ပညာသင်ကြားရန် အားပေးမှုသိပ် မရှိပေ။

မိန်းကလေးပဲ သေစာရှင်စာတတ် တော်ပြီပေါ့ဟုဆိုကာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၌ အရေးအဖတ် အနည်းငယ်တတ်ရုံမျှဖြင့် ကျေးရွာက အမျိုးသမီးများ ပညာရေး ဆုံးခန်းတိုင်ခဲ့ရသည်။ ထို စဉ်ကကျေးရွာရှိ လူကြီးသူမတို့အမြင်တွင် မိန်းကလေးများ အိမ်ထောင်ကျလျှင် ယောက်ျားလေးများက အိမ်ထောင်ဦးစီး ရှာဖွေလုပ်ကိုင် ကျွေးမွေးလိမ့်မည်။ မိန်းကလေးပညာတတ်စရာ မလို။ အချက်အပြုတ် အလျှော်အဖွပ် အိမ်တွင်းရေးတာဝန်များ ကောင်းမွန်စွာ တတ်ကျွမ်းနေဖို့သာအရေးကြီးသည်ဟု ယူဆ ခဲ့ကြသည်။ သမီးချွေးမရွေး သည့်နေရာ၌ပင် ငရုတ်သီးထောင်းခိုင်း၍ ငရုတ်သီးညက် မညက်ကြည့်၍ ချွေးမကို အကဲဖြတ်ကြသည်များပင် ရှိခဲ့သည်။ ထို့ကြောင့် ထိုစဉ်ကကျေးရွာရှိ အမျိုးသမီးငယ်များ ပညာရေးအလှမ်းဝေးနေခဲ့ကြသည်။ သူကျောင်းစာ သင်ကြားခွင့်မရရှိသည်ကို မည်သူမျှရေးကြီးခွင် ကျယ် မမြင်ခဲ့ကြ။

ယခုမျက်မှောက်ကာလတွင် သူနှင့် ဘဝတူသူငယ်ချင်းမ တချို့လည်း အသက် ၆၀ ကျော်၊ ၇၀ ကျော် အရွယ်ရောက်မှ အရေး၊ အဖတ်၊ အတွက် အခြေခံစာများကို သင်ကြားခွင့်ရခဲ့ပြီဖြစ်သည်။ အဲဒီဒေါ်စော က အသက် ၇၈ မဟုတ်ဘူး။ ၇၉ နှစ်ရှိပြီဟု မမြစိန်က တစ်ဖက်စာသင်ဝိုင်းမှ စာရေးရင်းလှမ်းပြောသံ ကိုကြားရ၍ သူပြုံးမိသည်။

မမြစိန်နှင့် သူသည်လည်း ဘဝတူပင်ဖြစ်သည်။ ဘဝတူပင်ဖြစ်သည်။ ငယ်စဉ်က အတန်းစာကို သင် ကြားခွင့်မရသူတစ်ဦးဖြစ်သည်။ သူနေထိုင်သည့် ကျေးရွာအုပ်စုအတွင်းက ကံကြီး၊ ကျောင်းရွာ၊ ကုက္ကို ပင်၊ အုတ်ဖိုနှင့် ညောင်ပင်သာ ကျေးရွာများတွင်လည်း အခြေခံစာ တတ်မြောက်ရေး လှုပ်ရှားမှု စာသင် ဝိုင်းများဖြင့် တစ်သက်တာစာသင်ယူခွင့် မရှိခဲ့သူများ သင်ယူခွင့်ရရှိနေပြီဖြစ်သည်။ သူနေထိုင်သည့် ပိတောက်ပင်ကျေးရွာအပါအဝင် အခြားကျေးရွာများ အားလုံးတွင် တက္ကသိုလ်ကျောင်းသူ ၁၅ ဦး၊ ကြီး ကြပ်သူ ဆရာမနှစ်ဦးတို့က စေတနာ၊ ဝါသနာ၊ ကရုဏာအပြည့်ဖြင့် ပညာပါရမီဖြည့်ဆည်းပေးကြ သည်ကို ကြားသိတွေ့ကြုံခံစားရပါသည်။ တစ်သက်တာမျှော်လင့် မထားမိသည့် စာသင်ယူခွင့်ရရှိသ ဖြင့် သား က လား ဟုရေးနေသည့် အက္ခရာများကို ရေရွတ်ရင်းမျက်ဝန်းမှ မျက်ရည်ဝေ့သည်အထိ သူဝမ်းသာပီတိဖြစ်မိပါသည်။

သင်ကြားပေးသည့် ဆရာမ သမီးငယ်များကိုလည်း ကျေးဇူးတင်မိ လှပါသည်။

သူငယ်ရွယ်စဉ်က ရွာနှင့် ငါးမိုင်ခန့် ကွာဝေးသည့် ညောင်ကိုင်းကျေးရွာတွင် အရေး၊ အဖတ်၊ အတွက် ဆိုသည့် အသုံးလုံး သင်တန်းများပြုလုပ်သည်ဟု ကြားသိရသော်လည်း မိမိတို့ကျေးရွာ သို့ရောက်ရှိလာ ခြင်းမရှိ၍ စာသင်ကြားခွင့်ကို မကြုံတွေ့ခဲ့ရပါ။ ယခုတော့ ကြုံတွေ့နေရပြီဖြစ်သည်။ ၂၀၁၅ အခြေခံ စာတတ်မြောက်ရေး လှုပ်ရှားမှု စာသင်ဝိုင်းများအဖြစ် သူနေထိုင်သည့် ကျေးရွာသို့ ရောက်ရှိလာပြီဖြစ် သည်။ စာသင်ကြားခွင့်လည်း ရရှိပြီဖြစ်သည်။ မန္တလေးတိုင်းဒေသကြီး အတွင်းမှာ အခြေခံစာတတ် မြောက်ရေး လှုပ်ရှားမှု စာသင်ဝိုင်းများဆောင်ရွက်ဖို့ သပိတ်ကျင်းမြို့နယ်၊ မလှိုင်မြို့နယ်များနည်းတူ မိတ္ထီလာမြို့နယ်လည်း ပါဝင်ခဲ့သည်ဟု ဧပြီ ၁ ရက်နေ့ ဖွင့်ပွဲ အခမ်းအနား ကျင်းပစဉ်က မြို့နယ်ပညာ ရေးမှူးပြောပြ၍ သိရသည်။

ထို့ကြောင့် သူနေထိုင်သည့် မိတ္ထီလာမြို့နယ် ကံကြီးကျေးရွာအုပ်စု ပိတောက်ပင်ကျေးရွာနှင့် အုပ်စုအ တွင်း ကျေးရွာများမှ တစ်သက်တာ စာမတတ်ခဲ့ သူများအဖို့ စာသင်ယူခွင့်များနှင့်အတူ စာမတတ်သူ များ ဖြစ်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။

ဟိုတစ်ချိန်က ကျေးရွာရှိ လူကြီးသူမတို့က မိန်းကလေးပဲ သေစာရှင်စာတတ်တော်ပြီဟု ဆိုခဲ့ကြသည်။ လူကြီးသူမတို့ဆိုသည့်အတိုင်း မြေဝယ်မကျ နားထောင်တတ်သည့် ထိုခေတ်က လူငယ်သဘာဝ သေစာရှင်စာ တတ်ရင်ပဲ တကယ့်ခေတ်ပညာတတ်ကြီးအသွင် ကိုယ့်ကိုယ်ကိုယ် မြင်မှတ်နေသူများကို ယခုတွေးမြင်၍ ဒေါ်စောပြုံးမိသည်။ ယခုအခါ သူ့အဖို့သေစာရှင်စာထက်မက သင်ယူလျက်ရှိနေပြီ။ သူအသက် ၇၉ နှစ်ရှိပြီ။ ဒီနေ့လည်း သေနိုင်သည်။ မနက်ဖြန်လည်း သေနိုင်သည်။ သို့သော်သေစာ ရှင်စာထက်မက စာသင်ယူခွင့်ရ၍ ဒီတစ်သက်သူသေပျော်ပြီ။

မြန်မာ့အလင်း သတင်းစာ
ဧပြီလ (၁၈) ရက်၊ ၂၀၁၅ ခုနှစ်
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...