စတုတ္ထတန်းနှင့် အဋ္ဌမတန်း စာမေးပွဲတွင် အဆင့် D ရရှိသူများ မေ ၁၄ ရက်တွင် စာမေးပွဲပြန်လည်ဖြေ ဆိုရမည်

အခြေခံပညာ မူလတန်းအဆင့် သူငယ်တန်းမှ အထက်တန်းအဆင့် နဝမတန်းအထိ စာမေးပွဲအောင် စာရင်းများကို နိုင်ငံတစ်ဝန်းရှိ အခြေခံ ပညာကျောင်း များတွင် ဧပြီ ၁၈ ရက် နံနက်ပိုင်းက ထုတ်ပြန်ကြေ ညာပေးခဲ့ရာ မိတ္ထီလာတွင်လည်း အလားတူ စာမေးပွဲအောင် စာရင်းများ ထုတ်ပြန်ကြေညာပေးခဲ့ပြီး စတု တ္ထတန်းနှင့် အဋ္ဌမတန်း စာမေးပွဲတွင် အဆင့်ဒီရရှိသူ များအနေဖြင့် မေ ၁၄ ရက်တွင် စာမေးပွဲပြန်လည် ဖြေဆိုရ မည်ဖြစ်ကြောင်း သိရသည်။

“ဒီနေ့ အခြေခံပညာ မူလတန်းအဆင့် သူငယ်တန်းကနေ အထက်တန်းအဆင့် နဝမတန်းအထိ စာမေး ပွဲအောင်စာရင်းတွေကို သက်ဆိုင်ရာ စာသင်ကျောင်းများမှာ ထုတ်ပြန်ကြေညာပေး ထားပါတယ်။ စတု တ္ထတန်းနဲ့ အဋ္ဌမတန်း စာမေးပွဲမှာအဆင့်ဒီရှိသူ များအနေနဲ့ မေ ၁၄ ရက်မှာ စာမေးပွဲပြန်လည်ဖြေဆိုရ မှာပါ။ အဲဒီလို စာမေးပွဲဖြေဆို ဖို့အတွက် ဧပြီ ၂၂ ရက်ကနေ ဧပြီ ၂၉ ရက်အထိ သင်ခန်းစာတွေပြန် လည်တက်ရောက် သင်ကြားရမှာ ဖြစ်ပါတယ်။ စာမေးပွဲကို မေ ၁၄ ရက်ကနေ ၁၆ ရက်အထိ တစ်ရက် လျှင်ဘာသာရပ်နှစ်ခု နံနက်ပိုင်းနဲ့ နေ့လယ်ပိုင်းခွဲခြားပြီး သုံးရက်ဖြေဆိုရမှာဖြစ်ပါတယ်။ စတုတ္ထတန်း ကဘာသာရပ် ငါးခုပဲရှိတော့ နှစ်ရက်နဲ့နံနက်ပိုင်း တစ်ပိုင်းဖြေဆိုရမှာ ဖြစ်ပါတယ်” ဟု မိတ္ထီလာခရိုင် ပညာရေးမှူးရုံးမှ ခရိုင်လက်ထောက် ပညာရေးမှူး ဦးသက်လေးဦးက ပြောသည်။

စတုတ္ထတန်းနှင့် အဋ္ဌမတန်းစာမေးပွဲဖြေဆိုသူများအား A အဆင့်၊ B အဆင့်၊ C အဆင့်၊ D အဆင့် ခွဲ ခြားသတ်မှတ်ထားပြီး ဘာသာရပ်အားလုံး၏ စုစုပေါင်းရမှတ်သည် ပျမ်းမျှ ၁၀၀ မှတ်မှ ၈၀ မှတ် A အဆင့်၊ ပျမ်းမျှ ၇၉ မှတ်မှ ၆၀ မှတ်အတွင်း B အဆင့်၊ ပျမ်းမျှ ၅၉ မှတ်မှ ၄၀ မှတ်အတွင်း C အဆင့်၊ ပျမ်းမျှ ၃၉ မှတ်အောက် D အဆင့် ဟုသတ်မှတ်ထားခြင်းဖြစ်ကာ D အဆင့်ရရှိသူများအနေဖြင့် စတုတ္ထတန်းမှ ပဉ္စမတန်းသို့လည်းကောင်း၊ အဋ္ဌမတန်းမှ နဝမတန်းသို့လည်းကောင်း အတန်းတက်ခွင့် ရရှိသူများဖြစ်အောင် စာမေးပွဲပြန်လည်ဖြေဆိုခွင့်ပြုထားခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာ့အလင်းသတင်းစာ
ဧပြီလ (၁၉) ရက်၊ ၂၀၁၅ ခုနှစ်
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...