Flash ၀ယ်ဖို့လိုသလား....?

Tutorial တွေ များလာတာနဲ့အမျှကျွန်တော်မဖြစ်မနေရေးရမယ့် အကြောင်းအရင်း တစ်ခုပေါ်လာပါတယ်..။ အဲ့ဒါကတော့ Flash အကြောင်းပါပဲ...။

လွန်ခဲ့တဲ့၎ နှစ်လောက်ကကျွန်တော် Camera စဝယ်မယ်လုပ်တော့ မိတ်ဆွေတစ်ယောက်က ပြောဖူးပါ တယ်..။ မဝယ်နဲ့တဲ့...။ Camera ဝယ်ရင်မဖြစ်မနေ Tripod လိုလာလိ့မ်မယ်.. ။ပြီးရင် Flash တွေ... Lens တွေ ထပ်လိုလာလိမ့်မယ်လို့..။ ပြောတုန်းက..။ ကျွန်တော်က  ရယ်နေခဲ့ဖူးတယ်..။

ပြန်လည်းပြောလိုက်သေးတယ်..။ကျွန်တော် Nature နဲ့ Landscape ပဲရိုက်မှာ..။ ဒါတွေမလိုပါဘူးဗျာ လို့..။ အခုချိန်မှာ ပြန်စဉ်းစားကြည့်တော့ ..။သူပြောခဲ့တာသိပ်မှန်တာပဲဗျာ...။ အခုမိတ်ဆွေတို့လဲ တဖြေးဖြေးကျွန်တော့်လို ဖြစ်လာကြတော့မယ် ထင်ပါတယ်..။

ကျွန်တော် Camera ဝယ်ပြီး တော်တော်ကြာကြာအထိ Flash ကိုဝယ်လည်းမဝယ်ခဲ့သလို..။ သုံးလဲ မသုံးခဲ့ပါဘူး..။ ဒါပေမယ့်အချိန်တွေကြာလာတာနဲ့အမျှမဖြစ်မနေ Flash ဝယ်ရမယ့် အကြောင်းတွေ ဖြစ် လာပါတယ်..။ကျွန်တော်က Portrait သမားမဟုတ်တော့ Flash ကိုစိတ်မဝင်စားခဲ့ရိုးတော့ တကယ့် အမှန်ပါ...။

ကျွန်တော် Flash ကို လိုအပ်တယ်လို့စတွေးမိလာတာတွေက..။ မိတ်ဆွေတစ်ယောက်ရဲ့ မင်္ဂလာဆောင် ကို လိုက် ရိုက်ပေးတဲ့ အချိန်မှာပါပဲ..။ နောက်ပိုင်းကျွန်တော့် အဖေခိုင်းလို့..။ အလှူတွေဘာတွေမှာ ရိုက်ပေးရင်းနဲ့မဖြစ်မနေ Flash လိုလာတယ်ဆိုတာကို သိလိုက်ပါတယ်...။

ဒါနဲ့လည်းမဝယ်သေးပါဘူး..။ ပေကပ်ပြီး..။ ISO တင်လိုက်..။ Wide Aperture Lens တွေသုံးလိုက်နဲ့ ရိုက်ပါသေးတယ်..။ ဒါပေမယ့်တကယ်တမ်း Flash မသုံးတဲ့ပုံနဲ့ သုံးတဲ့ပုံတွေယှဉ်လာတဲ့ အခါမှာ ကွာလာပါတယ်..။ဘာကွာလဲဆိုတော့ Avaiable Light (Ambient Light) နဲ့ ရိုက်တာနဲ့ ကိုယ့်စိတ် ကြိုက်..။ကြိုက်တဲ့နေရာကနေ..။ စိတ်ကြိုက်အလင်းပမာဏပေးပြီး ရိုက်နိုင်တဲ့သူက ပြတ်ပြတ်သားသားကြီး သာတာပေါ့ဗျာ...။

ဒါနဲ့ပဲ...ကျွန်တော် 50D ကနေ 7D ကိုစလဲတဲ့နေ့မှာအခုသုံးနေတဲ့ Canon Speedlite 580 EX II ကို ဝယ်ဖြစ်သွားပါတော့တယ်..။ ဒါဝယ်ဖြစ်တာပဲ ရှိပါသေးတယ်..။ ကျွန်တော် မသုံးတတ်သေးပါဘူး..။ Camera ပေါ်တပ်ပြီး ရိုက်ရင် မီးလင်းတယ်ဆိုတာလောက်ပဲ ကျွန်တော်သိပါတယ်..။

တစ်ပါတ်လောက်ကြာတော့မှ ETTL လေးရဲ့ သဘောတရားကို သိကာစလေး ဖြစ်လာပါတယ်..။

ကျွန်တော်တကယ်တမ်း Flash ကိုကျွမ်းကျွမ်းကျင်ကျင်ကိုင်တွယ်တတ်သွားတာဆရာ ဖေမြင့်ဦးရဲ့ သင် တန်းရောက်မှပါ..။ဒါနဲ့စကားမစပ် ဆရာ့သင်တန်း၁လခွဲ ကျော်ကျော်မှာ ..။ကျွန်တော့်အဖေ ဆေးရုံ တင်ရလို့ပျက်တဲ့၂ရက်ပဲ သင်တန်းပျက်ပါတယ်..။ ဆရာ့ Lecture တွေလွတ်မှာ ကျွန်တော်အလွန်ပဲ စိုးရိမ်ပါတယ်...။

အပေါ်မှာကျွန်တော်ပြောခဲ့တာတွေကသပ်သပ်ပွားနေတာမဟုတ်ပါဘူး..။ဘာလို့ Flash ကို လိုအပ်တယ် ဆိုတာကိုကျွန်တော့်အတွေ့အကြုံနဲ့ယှဉ်ပြီးကျွန်တော်ပြောပြတာပါ...။ Flash ကအသုံးချတတ်ရင် ချတတ်သလောက် အရမ်းအကျိုးများပါတယ်..။ Camera မှာ Built In ပါတဲ့ Flash တွေအကြောင်းတော့ ကျွန်တော် သိပ်အကျယ်ချဲ့ပြီး မရှင်းပြတော့ပါဘူး.။ အားလုံးလဲ စမ်းဖူးပြီးသား နေမှာပါ..။ စမ်းဖူးပြီးသားကို မကောင်းမှန်း (သိပ်အသုံးမဝင်မှန်း) သိလို့လဲ အခုကျွန်တော်တို့ Hotshoe တွေ အကြောင်း ပြောနေကြ တာမဟုတ်လားဗျာ...။

ကျွန်တော်အခု Post မှာ Canon , Nikon အပြင်..။ကြားကျတဲ့..။ ဈေးသက်သာပြီး Quality မဆိုးတဲ့ Flash လေးတစ်ခုကိုလည်းထည့်ပြောပေးပါ့မယ်..။ဘာလို့လဲဆိုတော့ Original Flash တွေရဲ့ ဈေး ကလည်းမသေးပါဘူး...။ဈေးသက်သာတဲ့...။ L Lens တစ်လုံးစာ..။ Body တစ်လုံးစာနည်းပါးရှိပါတယ်..။

အောက်ပါအချက်တွေကို အခြေခံထားပြီး Flash တစ်ခုကို ရွေးချယ်နိုင်ပါတယ်..။

(1) Range (105mm or 200mm)
(2) Functions (TTL, ETTL, ETTL II, Wireless)
(3) Durability
(4) Power
(5) Price

(1) Range

Range ကတော့ Flash ဘယ်လောက် ဝေးဝေးအထိ Effect ဖြစ်အောင် ရောက်နိုင်သလဲ ဆိုတာပါပဲ...။ ထူးထူးခြားခြား မရှိပါဘူး..။ Range များများရောက်တော့ ပိုဝေးဝေးကဟာကို ရိုက်နိုင်တာပေါ့...။ အများဆုံးကတော့အခု Nikon SB 900 နဲ့ Canon Speedlite EX 600 မှာ 200mm အထိ ရောက်နေ ပါပြီ...။

(2) Functions (TTL, ETTL, ETTL II, Wireless)

TTL ဆိုတာက Through The Lens ပါ...။ Camera ကတိုင်းထားတဲ့ Meter ကို Flash က အလိုလိုသိပြီး လိုအပ်တဲ့အလင်းပမာဏ (Power Ratio) ကို Auto ပေးနိုင်တဲ့ Function ပါ..။ ပေါ်တာ တော်တော် ကြာနေပြီ ဖြစ်တဲ့ နည်းပညာဖြစ်တဲ့အတွက် Flash အားလုံးနီးပါးမှာ ပါပါတယ်..။

ETTL ဆိုတာက Evaluative Through The Lens ပါ..။ TTL နဲ့အခြေခံအားဖြင့်အတူတူပါပဲ..။ ဒါပေမယ့် ဒီ့ကောင့်မှာတော့ Meter တိုင်းရခက်တဲ့ Low Light တွေအတွက် Pre-Flash ကိုအရင်လွှတ်ပေးတဲ့ အတွက်ပိုပြီး အဆင်ပြေလာပါတယ်..။

ETTL II ဆိုတာကတော့ ထုံးစံအတိုင်းပေါ့ဗျာ.. ပိုပြီးတိကျလာတယ်..။ ပိုပြီး Meter ဖတ်တဲ့နေရာ မှာ မြန်လာ တယ်..။  Advance ဖြစ်လာတယ်ပေါ့...။

နောက်ဆုံးအရေးကြီးတာကတော့ Built In Wireless Support ဖြစ်သလားမဖြစ်ဖူးလား ဆိုတာပါပဲ. .။ နောက်ပိုင်း Canon, Nikon က ထုတ်တဲ့ဟာတွေ ကတော့မဖြစ်စရာ အကြောင်းမရှိပါဘူး...။ဒါပေမယ့် Budget အနေအထားအရအရင် Model အဟောင်းတွေကို ပြန်ရှာဝယ်ရမယ့် သူတွေနဲ့ Third Part Flash တွေကို ဝယ်ရမယ့်သူတွေကတော့ ဒီအချက်ကို မဖြစ်မနေထည့်စဉ်းစားရမယ့် အချက်ပါပဲ..။

Built In Wireless Function မပါတော့ Trigger ဖိုးထပ်ကုန်တာပေါ့ဗျာ..။ ဒါပေမယ့် နောက်ပိုင်းမှာ Built In Wireless Function ပါပါမပါပါ Wireless Trigger မဖြစ်မနေဝယ်ရမယ့် အခြေအနေတွေ ရှိပါတယ်..။ ဘာလို့လဲဆိုတော့ Built In Wireless က အကန့်အသတ်တွေ ရှိနေပါတယ်..။

Infrared နဲ့ Command လုပ်တာဖြစ်တဲ့အတွက် တစ်ခုခု ကွယ်သွားရင်သော်လည်းကောင်း... အကွာအဝေးများ သွားရင်သော်လည်းကောင်း Flash က မပေါက်တော့ပါဘူး..။

နောက်တစ်ခု.. တော်တော်များများ မရှင်းမရှင်းဖြစ်နေတဲ့ ပြသနာပါ..။ဆိုကြပါတော့ Canon EOS 7D မှာဆို Camera မှာလည်း Built In Wireless Function ပါနေတယ်..။ဝယ်ထားတာကလည်း Canon SpeedLite 580 EX II ဆိုပါတော့ Wireless Function ပါတယ်..။ဒါဆိုဘာလုပ်ဖို့ Wireless Trigger လိုမလဲ..။ သုံးမလဲဆိုပြီးတော့ မေးစရာ ရှိလာပါတယ်...။

ဆိုကြပါစို့ဗျာ.. Camera ကနေ Wireless Command ပေးမယ်ဗျာ..။ဒါဆိုပထမအနေနဲ့ Camera မှာပါတဲ့ Built In Flash ကို Pop Up လုပ်ရပြီ...။ဒါမှ Wireless Command ပေးလို့ရမယ်..။ ကျွန်တော်စောစော ကပြောသလိုသူက Infra နဲ့သွားတာလေ..။ Trigger တွေလို Radio နဲ့သွားတာမှမဟုတ်တာ..။ ဒီတော့ဘာဖြစ်လဲဆိုတော့...။ Camera က Direct လာတဲ့အလင်းကို မလိုချင်လို့ ကျွန်တော်တို့က Falsh ကို Cold Shoe သုံးတာလေဗျာ..။

စသုံးကတည်းက Camera Direction ကလာတဲ့ Light Source ကိုမလိုချင်ပါဘူးဆိုမှ..။ Built In Flash ကို Pop Up ပေးရပြီဆို ဘယ်လိုလုပ်အဓိပါယ်ရှိတော့မှာလဲ...။ Nikon မှာလိုမျိုး Flash ကို Wireless Command အတွက်သီးသန့် Pop Up လုပ်ပြီး Flash မီးမလင်းအောင်လုပ်လို့ရတဲ့ Function က Canon မှာမပါပါဘူး..။ Nikon သမားတွေအတွက်ကတော့အဓိကအားသာချက်ပါပဲ...။

ဒီတော့ Flash ကို Pop Up လုပ်ရင် Camera ဘက်က အလင်းကလာတော့မယ်..။ မလုပ်ပြန်တော့လဲ Wireless Command ပေးလို့မရတော့ဘူး..။ အဲ့ဒီ့မှာ Wireless Trigger လိုလာတော့တာပါပဲ..။ Wireless Trigger သာရှိရင် ကင်မရာမှာတစ်လုံး တပ်..။ Flash မှာတစ်လုံးတပ်...။ စုစုပေါင်း၂လုံးထဲ..။ ထားချင်တဲ့နေရာမှာထား..။ တော်တော်ဝေးဝေးမှာထားလဲ Radio Range နဲ့သွားတာဖြစ်တဲ့ အတွက် အလုပ်လုပ်တယ်..။

Infra ကြတော့ကြားမှာနံရံခံသွားတာတို့..။ အကွာအဝေးများသွားတာတို့ဆိုအလုပ်မဖြစ်ပြန်ဘူး..။

ဒီနေရာမှာထပ်ရှင်းရမှာကဘာကြောင့်ကြားမှာနံရံခံမှာလဲ..? ဆိုကြပါတော့ဗျာ..။ ကျွန်တော်တို့က မော်ဒယ် ကို တံခါးပေါက်မှာတံတောင်လေးနဲ့ တံခါးဘောင်ကိုမှီပြီး မတ်တပ်ရပ်အနေအထားလေးနဲ့ရိုက်မယ်..။ ဒီအတိုင်းအရှေ့ကနေပဲ Flash နဲ့ ပေးမယ်ဆို အနောက်ကအခန်းကြီးက မှောင်သွားမယ်..။ ဒါမှမဟုတ် အနောက်ကပွင့်နေတဲ့အခန်းကိုအပြာရောင်မီးလေးနဲ့ ခပ်မိုက်မိုက်ဖြစ်သွားအောင် Lighting ပေးချင် တယ်..။

ဒါဆိုအဲ့ဒီ့ မော်ဒယ်ရဲ့အနောက်ကအခန်းထဲမှာ Flash ကိုနံရံနဲ့ကွယ်ပြီး (ဖွက်ပြီး) ထားရတော့မယ်..။ ဒီအခါမှာ Infra နဲ့ဆိုမပေါက်တော့ပါဘူး..။ ကျွန်တော်ဆိုလိုတာအဲ့လိုပါ..။ ဒါကဥပမာအနေနဲ့ပြောတာ ပါ..။ တစ်ခြားအသုံးဝင်တဲ့နေရာတွေရှိပါသေးတယ်..။

ဒီနေရာမှာဗဟုသုတအနေနဲ့ Hoteshoe လို့ ဘာလို့ခေါ်လဲ..။ Coldshoe ဆိုတာဘာလဲဆိုတာကို တစ်ချက်ရှင်းပြချင်ပါတယ်..။ Hotshoe ဆိုတာ Flash ကို Camera မှာဒီအတိုင်း တိုက်ရိုက်ချိတ်ဆက်ပြီး တပ်ထားတာကိုပြောတာပါ..။ Coldshoe ဆိုတာကတော့ Camera မှာတပ်ထားတာမျိုးမဟုတ်ပဲ..။ Wireless System နဲ့သော်လည်းကောင်း Cable နဲ့သော်လည်းကောင်း မိမိထားချင်တဲ့နေရာမှာထားကာ Lighting ပေးတာကိုခေါ်တာပါ..။

နောက်တစ်ခုက Wireless Trigger ဆိုတာနဲ့ Pocket Wizard ကိုတန်းမမြင်ကြပါနဲ့...။ ကျွန်တော်စောစော ကပြောသလို Trigger နှစ်ခုစလုံး Pocket Wizard သုံးမယ်ဆိုရင်၂သိန်းကနေ ၃သိန်းကြားထဲကုန်သွားပါလိ့မ်မယ်..။ ကျွန်တော်ဖိနပ်ပုံရိုက်တုန်းကသုံးထားတဲ့ Trigger က...။ YONGNUO ကထုတ်တဲ့ Trigger ၂ခုပါမှ..။ ၇၀၀၀ လား ၁၀၀၀၀ လားပဲ ပေးရတဲ့ တရုတ်က ထုတ်တဲ့ဟာလေးပါ..။

ဒါမျိုးလေးဆိုရင် တော်တော်အလုပ်ဖြစ်သွားပါပြီ..။တစ်ခုကဒီဈေးသက်သာတဲ့ Trigger က ETTL Support မဖြစ်ပါဘူး...။ မဖြစ်လဲဘာအရေးလဲဗျာ..။ Coldshoe တောင်ရိုက်နေပြီဆိုမှတော့ဘယ်သူမှ ETTL နဲ့ မရိုက်တော့ပါဘူး..။ Manual ပဲချိန်တော့မှာပါ..။ နောက်ပိုင်းကျွမ်းကျင်သွားတော့မှ မြင့်တာဝယ်ပေါ့..။။

ဒါကြောင့် Beginner Level အနေနဲ့ ဈေးကြီးတဲ့ Pocket Wizard အစား YONGNUO လို ဈေးသက်သာ တဲ့ Trigger မျိုးလေးကိုကျွန်တော်အားပေးပါတယ်..။

(3) Durability

အကြမ်းခံဖို့အရေးကြီးပါတယ်..။ကြာရှည်ခံဖို့အရေးကြီးပါတယ်..။အကြမ်းခံတယ်ဆိုတာတည်ဆောက်ပုံ Body Structure နဲ့ Shoe Mount က Metal လား Plastic လားဆိုတာကိုရည်ရွယ်ပါတယ်..။ ကြာရှည်ခံတာကတော့ Flash မှာသုံးတဲ့မီးပါ..။ခဏခဏကျွမ်းရင်မွဲပါလိမ့်မယ်..။

ကြုံလို့ ကျွန်တော့် Canon Speedlite 580 EX II အကြောင်းပြောပြချင်ပါတယ်..။ ကျွန်တော် နောက် ပိုင်းမှာအမြဲတမ်း Coldshoe အဖြစ် Flash Stand မှာတင်တင်ရိုက်ပါတယ်..။ ( ကျွန်တော်ဝယ်ထားတဲ့ Flash Stand ကတရုတ်ဖြစ်လေးပါ..။၅၀၀၀ပဲ ပေးရပါတယ်) ဖြစ်ချင်တော့ Stand က ဈေးပေါတဲ့ သာမန်တင်ရုံတင်လို့ရတဲ့ဟာလေးပါ..။အဆင်ပြေပါတယ်..။အဆင်မပြေတာက Stand မှာ Click မပါပါဘူး..။

မပါတော့မတော်တဆ Stand ကိုခလုတ်တိုက်မိရင် Flash က ပြုတ်ကျပါတော့တယ်..။ ၂ခါတိတိပါ..။ ကျွန်တော် Stnad ကို မြှင့်ထားတာ၆ ပေ ကျော်ပါတယ်..။ ပြုတ်ကျတာ က အောက်က ကျောက်ပုံပေါ် ကိုပါ..။ ပွန်းသွားတာကလွဲလို့ အေးဆေးပါပဲ..။မီးသီးလည်းမကျွမ်းပါဘူး..။ Function တွေလည်း ကြောင် မသွားပါဘူး..။ကျွန်တော် ပြောတဲ့ Durability ဆိုတာဒါပါပဲ..။

(4) Power

ဘယ်လောက်အထိ Power ပေးနိုင်သလဲ ဆိုတာအရေးကြီးသလို..။ Power ဘယ်လောက်အထိ လျော့ ချပြီးပေးနိုင်သလဲ ဆိုတာကတကယ့်အရေးကြရင် တော်တော်အရေးကြီးပါတယ်..။ Power Ratio ကိုပြောတာပါ..။ 1, 1/2, 1/4, 1/8, 1/16 စသဖြင့်ပါ..။ 1/64 လောက်တော့အနဲဆုံးပေးနိုင်တဲ့ Flash ကိုစဉ်းစားသင့်ပါတယ်...။

(5) Price

နောက်ဆုံးနဲ့အရေးအကြီးဆုံးအချက်ပါပဲ..။ ဈေးနှုန်းပါ..။ကိုယ့် Budget ကဘယ်လောက်လဲ..။ ကိုယ်ကဘာအတွက်သုံးမှာလဲ..။ Price ကိုဦးစားပေးမှာလား..? Quality ကိုဦးစားပေးမှာလား...? Function ကိုဦးစားပေးမှာလား..? ဒါကအရေးအကြီးဆုံးပါပဲ..။ Price ချင်းတူရင် Quality ကောင်းတာ ကို ရွေးတတ်ဖို့လိုသလို..။ Quality ချင်းတူရင် Price သက်သာတာကို ရွေးတတ်ဖို့လိုပါတယ်...။

Flash အကြောင်းဒီလောက်ဆိုနဲနဲတီးမိခေါက်မိရှိမယ်ထင်ပါတယ်...။ Studio Flash တွေအကြောင်း ထည့်ရေးချင်ပေမယ့်..။ သိပ်ပြီး Heavy ဖြစ်သွားမှာ ဆိုးပါတယ်..။ Light Ratio တွေ..။ Sekonic လို Light Meter တွေ... Modelling Light တွေပါလာရင် အကုန်ပိုရှုပ်ကုန်ပါမယ်..။

နောက်ပိုင်းကျွန်တော် Lighting အကြောင်းရေးမှပဲ ထည့်ရေးပါ့မယ်..။နောက်ဆုံး အနေနဲ့သိသင့်တာလေး တစ်ခုက Flash ဘယ်နှစ်ခုဝယ်ရမလဲဆိုတာပါပဲ..။ ကိုယ်လိုသလောက်ပဲ ဝယ်ပါ..။ ဒါပေမယ့် တကယ် ပြည့်စုံ တဲ့ Lighting တစ်ခုဖြစ်ဖို့အတွက်တော့ အောက်ပါအတိုင်း Light Source (Flash) တွေ လိုပါတယ်..။ ကျွန်တော့်မှာလည်းတစ်ခုပဲရှိပါတယ်..။ Don't Waste Your Budget ပါ..။ Know What You Want & What You Need ပါ..။

ထုံးစံအတိုင်းပဲ.. ရိုက်ရင်းလေ့လာပါ..။ လေ့လာရင်းရိုက်ပါ...။အားမငယ်ပါနဲ့ ..။အားမလျော့ပါနဲ့လို့တော့ ထပ်မှာချင်ပါတယ်..။ Flash မရှိလို့ရိုက်မရဘူးမပြောပါနဲ့..။ကျွန်တော် Camera ဝယ်စတုန်းက Flash မရှိတဲ့အတွက်ဓာတ်မီးထွန်းရိုက်ပါတယ်..။ ခေတ်ကပိုကောင်းလာပါပြီ..။ဓာတ်မီးမသုံးချင်ရင် LED မီးသုံးပြီးတော့ရိုက်ပါ..။၂၀၀၀လောက်ပဲပေးရပါလိ့မ်မယ်..။ LED မီးသီးက Flash လို Power အတိအကျ အချိုးချပေးလို့မရပေမယ့် ..။လိုသလိုအတိုးအလျှော့လုပ်ပြီးရိုက်လို့ရပါတယ်..။

(1) Main Light
(2) Fill in Light
(3) Separator Light
(4) Boom Light
(5) Rim Light တို့ပဲ ဖြစ်ပါတယ်..။

လေးစားစွာဖြင့်

Black Dream
http://www.blackdream21.com

P.S - Dedicated To Sayar Pe Myint Oo


Canon Speedlite 580 EX II

Nikon SpeedLight SB-900


Yongnuo VS Canon

ဈေးသက်သာပြီး Quality ကောင်းတဲ့ Yongnuo YN560 II (၀ဲပုံ)


Sekonic Light Meter... (This Is Expensive One)
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...