Latest Updates:

ငလျင် လှုပ်လာပြီဆိုပါက

Wednesday, April 29, 2015
ငလျင်လှုပ်တဲ့အခါ သစ်သား အိမ်တွေကတော့ အလုံခြုံဆုံး အိမ် ပုံစံဖြစ်ပါတယ်။ ပြိုကျခဲ့ရင် နေရာလွတ် အများကြီး ဖြစ်စေပါတယ်။ ကွန်ကရစ်အိမ်လို ခန္ဓာကိုယ်တွေကို ဖိညှပ်ကျေပျက်စေခြင်း မရှိပါဘူး။ အုတ်နဲ့ ဆောက်ထားတဲ့ အိမ်တွေ
ပြိုကျရင် အုတ်ခဲတွေ တစ်ခုစီ ကွဲကုန်ပြီး ဒဏ်ရာများစွာရစေပါတယ်။

ငလျင်လှုပ်ချိန်မှာ သင်သည် အပြင်ပြေးထွက်ဖို့ အချိန်မရှိခဲ့ရင် ဆိုဖာခုံ၊ ကုတင်၊ စားပွဲကြီး၊ ရေခဲသေတ္တာ စတဲ့ ကြီးမားတဲ့ အရာဝတ္ထုတစ်ခုခုရဲ့ ဘေးကပ်လျက်မှာ ပုဇွန်တုပ်ကွေး ကွေးပြီးနေလိုက်ပါ။ အဓိကတော့ ဦးခေါင်းပေါင်းက ပိုအရေးကြီးပါတယ် ခေါင်းကို ထိခိုက်ခြင်း နည်းပါးစေရန် ဖော်ပြသည့် အတိုင်း မဖြစ်ပါက လက်နှစ်ဖက်နဲ့ ဦးခေါင်းကို မိုးပေးထားရပါလိမ့်မည် ။

သက်ကြီးအိုများ လူနာများရှိပါက စောင်ထူထူကို ဖုံးပေးထားလိုက်ပါ ။ ကွင်းပြင်ကို အရောက်ထွက်နိုင်တယ် သွားနိုင်ရင်တော့ ပိုကောင်းပါသည် ။

ညဘက်ချိန်ခါ အိပ်ချိန်မှာ ငလျင်လှုပ်ခဲ့ရင် အလွယ်တကူ ကုတင်ဘေးကို လှိမ့်ချလိုက်ပါ။ ပုဇွန်တုပ်ကွေး ကွေးပြီးကုတင်ဘေး ဒါမှ မဟုတ် အောက်ကို ဝင်ရောက်နေရာယူလိုက်ပါ ။

အဆောက်အအုံပြိုကျတဲ့အခါ အိမ်တံခါးပေါက်ဝမှာ ပုံးနေတဲ့လူက တံခါးမကြီးဟာ အတွင်းဖက် သို့မဟုတ် အပြင်ဖက်ကိုလှဲကျပြီး အပေါ်ကမျက်နှာကြက် ပြိုကျဖိမိပြီး သေကြရပါတယ်။

ငလျင်လှုပ်တဲ့အခါ လှေကားပေါ် လုံးဝမသွားပါနဲ့။ ငလျင်ကြောင့် လှေကားပျက် မကျခဲ့ရင်တောင် လူတွေအများရဲ့ အလေးချိန်နဲ့ နောက်ပိုင်းမှာ ပြိုကျနိုင်ပါတယ်။ နောက်ပိုင်းပြိုကျခြင်း မရှိခဲ့ပါက မိမိအိမ် အနေအထားအားလုံးကို လိုက်လံစစ်ဆေးခြင်းကို မဖြစ်မနေ လုပ်ဆောင်ကြရပါလိမ့်မယ် ။

အပြင်ဆုံးအိမ်နံရံဖက် သို့မဟုတ် အိမ်အပြင်ဖက်ကို နီးနိုင်သမျှ အရောက်သွားနေပါ။ အိမ်အတွင်းထဲမှာနေသူဟာ အပြင်ထွက်ဖို့လမ်းကြောင်း ရှာဖွေနိုင်ဖို့ ပိုမိုခက်ခဲပါတယ်။

သင်ကားမောင်းရင်တွေ့ ကြုံလာရင် လမ်းကြောပိတ်လာရင် ကားထဲမှာ လုံးဝ မနေပါနဲ့ ကားကိုရပ် အပြင်ကိုထွက်ပြီး ကားဘေးမှာ နေပေးပါ ကားအပေါ်ကို တခုခု ပြိုကျခဲ့ရင်တောင် လူအနေနဲ့ လွတ်နိုင်ကျန်နိုင်ပါတယ် ။

အထက်ပါ ဖော်ပြချက်က အားလုံးပြည့်စုံလားဆိုလာရင် သိသလောက်ကိုသာ တင်ပြပေးပါတယ် လိုအပ်တာလည်းရှိပါမယ် အလုံးစုံပြည့်စုံပါတယ်လို့ တော့ မဆိုပါ ။

လုံးစုံ သက်ရှိသတ္တဝါတွေ သဘာဝ ကပ်ဘေးအပေါင်းမှ ကင်းဝေးကြပါစေ
ချမ်းသာကြပါစေ
ကျန်းမာကြပါစေ
အသက်ရာကျော် ရှည်ပါစေ

Mg Mandalay
https://www.facebook.com/mg.mandalay
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
အပြည့်အစုံသို့ >>

Bleeding gums သွားဖုံး သွေးယိုခြင်း

Wednesday, April 29, 2015
1. ဆရာရှင့် သမီးအသက်က အခု ၂၄ ပါ။ သမီးသွားက မကြာခဏ သွေးထွက်ပါတယ်။ မှတ်မှတ်ရရ သမီးဆယ်တန်း အောင်ပြီးကတည်း သွားတွေက သွေးထွက်ပါတယ်။ ဆေးခန်းပြဖို့ လိုပါသလားရှင့်။ ဘာဆေးတွေ သောက်ရမှာလဲရှင်။ ကျေးဇူးတင်ပါတယ် ဆရာ။

2. သမီးအသက်က ၂၅ နှစ်ထဲမှာပါ။ အလုပ်လုပ်နေပါတယ်။ အိမ်ထောင် ရှိပါတယ်။ ဒါပေမယ့် ယောက်ကျားနဲ့ ခွဲနေရတာပါ။ ကလေးမရှိသေးပါဘူး။ အခုတလော သွားဖုံးထဲက အနာမရှိပဲ သွေးကျကျနေတာ တစ်ပတ်ကျော်လောက် ရှိပြီဆရာ။ နေ့တိုင်း သွေးထွက်နေပါတယ်။ နေ့ခင်းဘက်လောက်ဆို သွေးကျကျ လာတတ်ပါတယ်။ နှာခေါင်းထဲမှာလဲ တခါတလေ သွေးဖတ်လေးတွေ ရှိနေတယ်။

3. ကျွန်တော် မနက်အိပ်ယာထပြီး မျက်နှာသစ်တဲ့အ ချိန်တိုင်းမှာ ပလုပ်အရင်ကျင်းပါတယ် (သွားမတိုက်ခင်)။ ပလုပ်ကျင်းလိုက်တာနဲ့ သွေးနည်းနည်း ပါလာတယ်။ နောက် သွားတိုက်တော့လည်း သွေးထွက်လာတယ်။ တော်တော်များတယ်။ တခါတလေ သွေးခဲ အဖတ်လေးတွေပါ ပါတယ်။ သွားတိုက်ဆေးကို colgate သုံးပြီး သွားတိုက်တန်ကို berman သုံးပါတယ်။ မနက်တခါ ညတခါ တိုက်ပါတယ်။ သွေးထွက်တာကို ပျောက်အောင် ဘာလုပ်သင့်ပါသလဲ။

သွားဖုံးကနေ သွေးယိုလာတာဟာ သာမန်ကာရှန်ကာ ဖြစ်နိုင်သလို၊ Gum disease သွားဖုံးရောဂါရှိနေတာလဲ ဖြစ်နိုင်တယ်။ ခဏခဏ သွေးယိုရင် Leukemia (လူကီးမီးယား) သွေးကင်ဆာ၊ Bleeding and platelet disorders သွေးယိုရောဂါတွေကို သံသယရှိဘို့ လိုတယ်။

Inadequate plaque သွားနဲ့ သွားဖုံး ထိစပ်နေတဲ့နေရာက ရှင်းထုတ်စရာတွေကို ကုန်အောင် မလုပ်တာကနေ အများဆုံးဖြစ်နိုင်တယ်။ Gingivitis ဆိုတဲ့ သွားဖုံးရောင်တာ ဖြစ်လာနိုင်တယ်။ မရှင်းဘဲထားတာတွေက Tartar ဆိုတာဖြစ်လာပြီး ကြာရင် သွေးယိုမယ်၊ ကံမကောင်းရင် Periodontitis မေးရိုးအထဲရောင်တာ ဖြစ်လာနိုင်တယ်။

တခြားဖြစ်နိုင်တဲ့ အကြောင်းခံတွေရှိတယ်။
• သွေးယိုတတ်သူ၊
• သွေးလွန်တုပ်ကွေး၊
• သွးတိုက်တာ ကြမ်းတမ်းတာ၊
• ကိုယ်ဝန်ရှိစ ဟော်မုန်း အပြောင်းအလဲကြောင့်၊
• သွေးရောဂါတမျိုး၊
• သွားတုတပ်တာ အထာမကျ၊
• သွားသန့်ရှင်းရေး လုပ်တာ မမှန်ကန်၊
• ရောဂါပိုးဝင်တာ၊
• (လူကီးမီးယား)၊
• ဗီတာမင် (စီ) နည်း (စကာဗီ) ရောဂါ၊
• ဗီတာမင် (ကေ) နည်းနေသူ။
• သွေးကျဲဆေးသောက်နေရသူ၊

Blood CBC သွေးစစ်တာ၊ ဓါတ်မှန်ရိုက်တာ လိုချင်လိုမယ်။ Bleeding time သွေးယိုကြာချိန် နဲ့ Clotting time သွေးခဲကြာချိန် များနေရင် ဆေးကုရမယ်။ ပုံမှန် Bleeding time = ၂-၉ မိနစ်။ Clotting time = ၅-၈ မိနစ်။ Disseminated intravascular coagulation, Haemophilia, Thrombocytopenia, Liver failure, Uremia, Congenital afibrinogenemia, Factor V deficiency နဲ့ Factor X deficiency သွေးရောဂါတွေ မဟုတ်တာ ဆရာဝန်က စစ်ဆေးမယ်။

အကြံပြုချက် -
- Plaque removal အတွက် သွားဆရာဝန်နဲ့ ၆ လ တခါပြသင့်တယ်။
- သွားတိုက်တာ နည်းမှန်ရမယ်။ သွားတိုက်တံ ရွေးတာ မပျော့လွန်း-မမာလွန်းတာ ရွေးပါ။
- အစာစားပြီးတိုက်တဲ့ အကျင့်က ကောင်းတယ်။
- ခံတွင်းသန့်ပေးဘို့ ဆားရည် ဒါမှမဟုတ် Hydrogen peroxide (ဟိုက်ဒရိုဂျင်-ပါအောက်ဆိုဒ်) ကောင်းတယ်။
- ကြောညာပြီးရောင်းတဲ့ ပါးစပ်ဆေး ဆေးရည်ထဲမှာ Alcohol ပါတာ မကောင်းပါ။
- သွားကို Flossing တပါတ် ၂ ခါလုပ်ပါ။
- သွားရည်စာ ခဏခဏစားသူတွေ စားပြီးတိုင်း ပါးစပ်မဆေးရင် မကောင်းပါ။
- အချိုလျှော့စားတာ ကောင်းတယ်။
- ဗီတာမင် (စီ) နဲ့ (ကေ) မနည်းအောင် မျှတတဲ့အစားအစာ စားသောက်ပါ။
- (ကယ်လ်စီယမ်) သောက်တာလဲ သွေးယိုတာအတွက် အထောက်အကူပြုတယ်။
- ဆေး-ဆေးလိပ် မကောင်းပါ။
- Aspirin (အက်စ်ပရင်) ဆေးကို တကယ်မလိုဘဲ မသောက်ပါနဲ့။
- သွေးယိုလာရင် ရေအေးဝတ်နဲ့ ဖိထားပါ။

Gingivitis သွားဖုံးရောင်ခြင်း http://dts-medicaleducation.blogspot.in/…/10/gingivitis.html နဲ့ တွဲဖတ်ပါ။

Dr. တင့်ဆွေ
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
အပြည့်အစုံသို့ >>

နွေဦးရာသီ နှင့် ရေကျောက်ရောဂါ

Wednesday, April 29, 2015
ရေကျောက်ရောဂါ ဆိုသည်မှာ

ဆောင်းအကုန် နွေးဦးကာလ များဖြစ်ကြတဲ့ မတ်လ နှင့် ဧပြီလလောက်မှာ ရောဂါ အဖြစ်များပြီး၊ ကလေးတွေမှာ ဖြစ်ရိုးဖြစ်စဉ် မြင်တွေ့ ရတဲ့ ကူးစက်ရောဂါ တစ်မျိုးပါ။ အင်္ဂလိပ်လို chicken pox လို့ခေါ်ပြီး၊ မြန်မာ လိုတော့ ရေကျောက်ရောဂါ(သို့ မဟုတ်) ပဲသီတာ လို့ ခေါ်ကြပါတယ်။ ဗေရီဆယ်လား (Varicella Zoster) (ခေါ်) DNA ဗိုင်းရပ်စ်ပိုး တစ်မျိုးကြောင့်ဖြစ်တာပါ။ ဖြစ်ပွားသူ စုစုပေါင်းရဲ့ ၉၀ ရာခိုင်နှုန်းဟာ အသက် ၄-နှစ် နှင့် ၁၀-နှစ်ကြား ကလေးငယ်တွေ ဖြစ်ကြပြီး၊ ကျန်တဲ့ ၁၀ ရာခိုင်နှုန်း ကတော့ အသက် ၁၈-နှစ်အောက် လူငယ် လူရွယ်တွေ ဖြစ်ပါတယ်။ အမျိုးသားတွေမှာ ပိုဖြစ်တတ်ပါတယ်။ *(တခါတရံ ၆-လသား အရွယ် မှာလည်း ရေကျောက်ပေါက်တာကို တွေ့ ရပါတယ်)*

ရောဂါ လက္ခဏာ

ထိုဗိုင်းရပ်စ် ကူးစက်ခံရလျှင် ခန္ဓာကိုယ်မှာ အနီစက်၊ အဖုအပိန့်တွေ ထွက်လာပါလိမ့်မယ်။ ရင်ဘတ်၊ ၀မ်းဗိုက်၊ နောက်ကျော စတဲ့ခန္ဓာ ကိုယ်အစိတ်အပိုင်းတွေမှာ အနီစက်တွေ စထွက်လာပြီး ယားလို့ ကုတ်မိခြင်းဖြင့် သတိထား မိတတ်ပါတယ်။ ပိုးဝင်ပြီး ပထမ တစ်ရက်အတွင်း နှာစေး၍ ချောင်းဆိုးလာ တတ်ပါတယ်။ နည်းနည်း ဖျားလာပါလိမ့်မယ်။ ထို့ နောက် လက်မောင်း၊ မျက် နှာ၊ ခြေထောက် နှင့် ဦးရေပြားပါမကျန် တစ်ကိုယ်လုံးအနှံ့ အလားတူ အနီစက် အဖုလေးတွေ အုပ်စုလိုက်ထွက်လာပြီး ၂-ရက် ၃-ရက် ကြာရင် အရေပြားပေါ်မှာ အရည်ကြည်ဖုလေးတွေ ပေါ်လာပါတယ်။ *(တချို့ ကလေးတွေမှာတော့ နာရီပိုင်း အတွင်းမှာပင် အရည်ကြည် ဖုလေးများဖြစ် လာကြပါတယ်)* ဗိုင်းရပ်စ်ပိုး ကူးစက်ခံရပြီး ရက်သတ္တ ၁-ပတ်အတွင်း အရည်ကြည် ဖုလေးတွေ တဖြည်းဖြည်းခြောက်ပြီး ၇-ရက် ကျော်သွားတဲ့ အခါမှာတော့ အကုန်လုံးခြောက်လာပြီး ကွာကျသွားပါလိမ့်မယ်။ နောက်ဆုံးမှာ အမာရွတ်ပါမကျန် သူ့ အလိုလိုပျောက်သွားပါတယ်။ အနီဖုလေးများ ပေါက်တဲ့အချိန်မှာ တွေ့ မြင်ရတဲ့ အခြားလက္ခဏာများမှာ ကလေးကိုယ်ပူခြင်း၊ ခေါင်းကိုက်ခြင်း၊ ချောင်းဆိုးခြင်း၊ တခါတရံ အပြင်းဖျားခြင်း၊ ကြွက်သားများနာခြင်း၊ လည်ချောင်းနာခြင်း၊ နားကိုက်ခြင်း၊ မလှုပ်ချင်၊ မသယ်ချင်လောက်အောင်နုံး ချိနေခြင်း ….စသည်တို့ ဖြစ်ကြပါတယ်။

ကူးစက်ပုံ

ကလေးတွေမှာ ရောဂါပျိုးစ (အရည်ကြည်ဖု မပေါ်ခင်) အချိန်မှာ ကူးစက်မှု အမြန်ဆုံးဖြစ်ပါတယ်။ ပျမ်းမျှအားဖြင့် အနီစက်ထွက် ပြီးနောက် ၅-ရက် အကြာမှာ နောက်တစ်ဦးဆီသို့  ရောဂါကူးစက်ဖို့အခွင့်အလမ်း များပါတယ်။ (တစ်ခါတစ်ရံ
နှာစေးချောင်းဆိုး ရုံ လောက်နဲ့ ပြီးသွားပြီး တစ်ရက် နှစ်ရက်ကြာတဲ့အခါ အေတူနေကလေးတွေကို ကူးစက်သွားပါတယ်) အဓိက ကူးစက်ပုံကတော့ လေထဲကဆင့် ကူးစက်ခြင်းပါ။

ချောင်းဆိုးခြင်း၊ နှာချေခြင်းဖြင့် ရောဂါရှိတဲ့ကလေးရဲ့ အသက်ရှူလမ်းကြောင်းမှ ထွက်သော အရည်၊ အမှုန်အစက် ကလေးတွေ Droplet က တဆင့် ကူးစက်ပါတယ်။ အနီစက်ကဖြစ်လာတဲ့ ပဲသီတာ အရည်ဖုက ထွက်တဲ့ အရည်ထဲမှာ ဗိုင်းရပ်စ်ပိုး တွေအများကြီးပါဝင်နေပါတယ်။ ဒေါကြောင့် ရောဂါရှိသူနှင့် ခန္ဓာကိုယ်ခြင်း ထိတွေ့ဆက်ဆံမှုမှ ကူးစက်တတ်ပါတယ်။
ထို အရည်ကြည်ဖုလေးတွေကို ဘက်တီးရီးယား ပိုးဝင်သွားခဲ့ပါက ပြည်တည်နာလေးတွေ ဖြစ်သွားပါတယ်။ ရေကျောက် ဗိုင်းရပ်(စ်)ပိုးကြောင့် နောက်ဆက်တွဲ ရောဂါများအဖြစ် ဦးနှောက်ရောင်ခြင်း၊ အဆုတ်ရောင်ခြင်း၊ အဆုတ် အအေးမိခြင်းတွေ ဖြစ်စေနိုင်ပါတယ်။ သာမန်အားဖြင့် အသက်အန္တရာယ် မရှိပေမယ့် ခုခံအားကျဆင်းနေတဲ့ ကလေးများ၊ ကျောက်ကပ်ရောင်ရောဂါရှိတဲ့ ကလေးများ၊ သွေးကင်ဆာရောဂါ ရှိတဲ့ကလေးများ၊ စတီးရွိုက်ဆေး သောက်နေရ၍ ခုခံအားကျ နေတဲ့ ကလေးများတွင် ရေကျောက်အနာဖု မှ ပြည်တည်နာဖြစ်တဲ့အခါ အသက်အန္တရာယ် ရှိနိုင်ပါတယ်။

ကုသပုံ

(၁) ရေကျောက်ရောဂါ (ခေါ်) ပဲသီတာဟာ အန္တရာယ် မရှိလှသလို၊ သိပ်ပြီးစိုးရိမ်စရာ မလိုပါဘူး။ အရည်ကြည်ဖုလေးတွေ ဖြစ်ပေါ် လာလည်း ဘာဆေးမျှလိမ်းစရာ မလိုပါဘူး။ သနပ်ခါးလည်း လိမ်းစရာမလိုပါဘူး။ အရည်ကြည်ဖုလေးတွေ အချိန်တန်ရင် ကွာကျ သွားမှာပါ။ အနီစက်တွေထွက်ပြီး တစ်ပတ်အကြာမှာ အမာရွတ်ပါမကျန် ပျောက်ကင်းသက်သာတတ်ပြီး အချို့လူနာများ မှာ တစ်လခန့်အထိ ကြာတတ်ပါတယ်။ တစ်ခါတစ်ရံအရေပြားရဲ့ (Dermis) အလွှာကို ထိရင်တော့ အမာရွတ်သေးသေးလေး ကျန်တတ်ပါတယ်။ ပြည်တည်ရောဂါ ပိုးဝင်ခဲ့ရင်တော့ အမာရွတ်ကျန်တတ်ပါတယ်။

(၂) ရေနွေးနဲ့ ရေချိုးပါ (သို့ မဟုတ်) ရေနွေးစိမ်အဝတ်နဲ့ ရေပတ်တိုက်ပေးပါ။

(၃) အဖျားဝင်နေပါက paracetamol တိုက်ကျွေး နိုင်ပါတယ်။ *(သို့ သော် aspirin, Ibuprofen တို့ လို အကိုက်ခဲပျောက်ဆေးတွေ အသုံးမပြုသင့်ပါဘူး)*

(၄) အဖုအပိန့်လေးများကို Calamine အရည် လိမ်းပေးပါ (သို့မဟုတ်) အ၀တ်သန့် သန့်ကို ရေနွေးတို့ ၍ သန့် စင်ပေးပါ။

(၅) သိပ်ဆိုးရင် antihistamine လို့ခေါ်တဲ့ အယားပျောက်ဆေးတွေ သောက်သုံးနိုင်ပါတယ်။ *(သို့သော် အရောင်ကျဆေးတဲ့ steoid လိမ်းဆေးမျိုး မသုံးသင့်ပါဘူး)*

(၆) သင်္ဘောသီး၊ နာနတ်သီး၊ ဖရဲသီး၊ စပျစ်သီး စတာတွေကလည်း အရေပြား ရောဂါတွေအတွက် အထောက်အကူပြုပေး နိုင်ပါတယ်။

(၇) အုန်းရည်ဟာ အရေပြား ကျန်းမာရေးကို အထောက်အကူပြုတာကြောင့် ရေကျောက်ရောဂါ အတွက် သာမက၊ ကျောက်ကြီး ရောဂါ၊ ၀က်သက်ရောဂါများ အတွက် အုန်းရည်အ၀ သောက်ပေးခြင်းဖြင့် သက်သာစေပါတယ်။

(၈) မုန့်လုပ်ရာမှာသုံးတဲ့ ဆားဆိုဒါ လက်ဖက်ရည်ဇွန်း ၁-ဇွန်းကို ရေဖျော်၍၊ အဖုအပိန့်လေးများကို တို့ပေးခြင်းဖြင့် ယားယံခြင်းမှ သက်သာစေနိုင်ပါတယ်။

(၉) ၀က်သက်၊ ရေကျောက်(ခေါ်)ပဲသီတာ စသည့် အပူနာရောဂါများအတွက် ကြိုတင် ကာကွယ်ဆေးအဖြစ် ခံတက်ရွက်ကို သကြား(သို့ မဟုတ်)ထန်းလျက်(သို့ မဟုတ်)ပျားရည် စသည့် သင့်ရာ တစ်မျိုးမျိုးဖြင့် ပြုတ်၍ တိုက်ကျွေးသင့်ပါတယ်။

(၁၀) ဗီတာမင်အေ၊ ဗီတာမင်စီ၊ ဗီတာမင်အီး အားဆေးတွေ တွဲသောက်ပေးပါ။

(၁၁) ရေများများသောက်ခြင်း၊ သန့် ရှင်းလတ်ဆတ်တဲ့ အသီးအရွက်များများ စားခြင်းဟာ ရောဂါ လက္ခဏာ သက်သာ စေရုံ သာမက ကိုယ်ခံအားပါ တတ်စေနိုင်ပါတယ်။

(၁၂) လည်ချောင်းနာပါက ဆားရည်ပလုတ် ကျင်းပေးနိုင်ပါတယ်။

(မှတ်ချက်)အကယ်၍ ရောဂါလက္ခဏာ ပြင်းထန်လွန်းပြီး ကူးစက်မှု များနေရင်တော့ေAcyclovir ဆေးပြားကို ၇၂-နာရီအတွင်း တိုက်ကျွေးဖို့ လိုအပ်နေပါပြီ်။ ဒါကြောင့် ကလေး ကိုယ်ပူပြင်းထန်လွန်းလျှင် သော်လည်းကောင်း၊ ကလေး မနေနိုင်အောင် အဖုအပိန့်များက ယားယံနေလျှင် သော်လည်းကောင်း ဆရာဝန်ထံပြသပါ။ တခါတရံမှာတော့ အဖုအပိန့်ထဲကို ပိုးဝင်ပြီး ပြည် တည်နာများ ဖြစ်လာတတ်တဲ့အတွက် လိုအပ်တဲ့ ပိုးသတ်ပဋိဇီ ထိုးဆေး-စားဆေး-လိမ်းဆေးများကို ဆရာဝန်က ညွှန်ကြားပေး ပါလိမ့်မယ်။

ရောဂါမဖြစ်အောင် ကာကွယ်နည်း

(၁) အသက် ၅-နှစ်အောက် ကလေးငယ်များကို တစ်နှစ်သားမှာ တစ်ကြိမ်၊ ၅-နှစ်သားမှာ တစ်ကြိမ် စုစုပေါင်း ကာကွယ်ဆေး ၂-ကြိမ်ထိုးပေးခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။

(၂) ရေကျောက်ရောဂါ လုံးဝ မဖြစ်ပွားခဲ့ဖူးသူ ၁၈-နှစ်အောက် လူငယ်များကလည်း ကာကွယ်ဆေး ၂-ကြိမ်ထိုးပေးခြင်းဖြင့် ကြိုတင်ကာကွယ် ထားနိုင်ပါတယ်။ ထိုအရွယ်များမှာတော့ တစ်ကြိမ် နှင့် တစ်ကြိမ် တစ်လခြားပြီး ထိုးပေးရမှာပါ။

(၃) အမေရိကန်ပြည်ထောင်စုမှာ ၁၉၉၅ ခုနှစ်မှစတင်၍ ရေကျောက် ကာကွယ်ဆေး ထိုးပေးခဲ့ရာ ဖြစ်ပွားနှုန်း ၉၀ ရာခိုင်နှုန်းခန့် လျှော့ချနိုင် ခဲ့တယ်လို့ ဆိုပါတယ်။ သို့သော် ကိုယ်ဝန်ဆောင်မိခင်များ၊ HIV ကူးစက် ခံနေရသူများ၊ aspirin ကဲ့သို့ အကိုက်အခဲပျောက်ဆေး ရေရှည်သုံးစွဲနေသူများ နှင့် lincomycin ကဲ့သို့ပဋိဇီဝဆေး မတည့်သူများကတော့ ထို ရေကျောက်ရောဂါ ကာကွယ်ဆေး ထိုးမသင့်ပါဘူး။

(၄) အထူးသဖြင့် ရေကျောက်ဖြစ်ပွားဖူးခြင်း လုံးဝမရှိသေးသော မိခင်လောင်းအနေနဲ့ ကိုယ်ဝန်မဆောင်ခင် ၁-လ အလိုမှာ ကာကွယ်ဆေး အပြည့်အစုံဖြစ်အောင် ကြိုတင်ထိုးထားခြင်းဖြင့် မွေးဖွားလာမည့် ကလေးအတွက် ကြိုတင်ကာကွယ်ပေး နိုင်ပါတယ်။ အဲဒီ ကြိုတင် ကာကွယ်ဆေးမျိုးကို ဂျပန်လူမျိုး michiaki Takahashi က ၁၉၇၄ ခုနှစ်လောက်မှာ စတင် တီထွင် ထုတ်လုပ်ပေးခဲ့ ကြောင်း လေ့လာမှတ်သား ရပါတယ်။

(၅) အထူး သတိပြုရမည့် အချက်မှာ ရေကျောက် တစ်ခါဖြစ်ဖူးရင်၊ နောင်လူကြီးဘဝမှာ ရေယုန်ဖြစ်ဖို့  ၂၀ ရာခိုင်နှုန်း သေချာ နေပါပြီ။ ဒါဘာကြောင့်လဲဆိုရင် ကလေးငယ်ဘ၀မှာ ရေကျောက် အနီစက်လေးတွေ လုံးဝပျောက်ကင်း သွားပေမယ့် ဗိုင်းရပ်စ်ပိုးကတော့ ခန္ဓာကိုယ်ရဲ့ အာရုံကြောစနစ်ထဲမှာ ရှိနေတုန်းပါဘဲ။ ဒီလိုနဲ့အသက်ကြီးလာပြီးနောက် ခုခံအားကျဆင်းတဲ့ အခါဖြစ်စေ၊ အာဟာရချို့တဲ့ နေချိန်မှာဖြစ်စေ ခန္ဓာကိုယ်ထဲမှာ ကိန်းငုပ်နေတဲ့ ပိုးဟာ ရေယုန်အနေနဲ့ ပြန်လည်ပေါ်ပေါက်လာ တတ်လို့  ပါဘဲ။ ထိုပြဿနာမျိုးကို အများအားဖြင့် အသက် ၆၀-ကျော် အရွယ်မှာ ကြုံတွေ့ ရတတ်ပါတယ်။ ဒါကြောင့် ရေကျောက် ဖြစ်ဖူးသူတွေအနေနဲ့ တစ်ချိန်မှာ ရေယုန်မဖြစ်အောင် ကာကွယ်ဆေးထိုးထား သင့်ပါတယ်။

(၆) ရေကျောက်(ခေါ်)ပဲသီတာ ဖြစ်တဲ့အခါ၊ ရောဂါဖြစ်သူရဲ့  အဝတ်အစားများကို ရေနွေးနဲ့ သီးသန့်လျှော်ဖွတ်ပါ။

(၇) ပဲသီတာ အဖုလေးတွေက ယားလွန်းတာကြောင့် ကုတ်မိပါတယ်။ အဖုလေးတွေ အနာမဖြစ်အောင် ကာကွယ်သည့်အနေဖြင့် ကလေးကို လက်သည်းညှပ်ပေးပါ။ လက်သည်း ညှပ်ပြီးတဲ့ အခါမှာလည်း စူးရှမနေစေဖို့ အတွက် လက်သည်း ကို တံစဉ်းဖြင့် တိုက်ပေးထားပါ။

(ဆောင်းပါးရှင်…ပေါက်ပေါက်...ရေးသားမျှဝေသည်)
promise.pauk
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
အပြည့်အစုံသို့ >>

ပျားရည်သောက်ရန် အသင့်တော်ဆုံး အချိန်

Wednesday, April 29, 2015
ဒီကမ္ဘာမြေပေါ်တွင် ကျန်းမာရေးနဲ့ အညီညွတ်ဆုံး အစား အစာများထဲမှာ “ပျားရည်” လည်း တစ်ခုအပါ အ၀င်ဖြစ်တယ် ဆိုတာကို လူတိုင်းသိထား ကြပြီးဖြစ် ပါတယ်။ သို့သော် ၄င်းပျားရည်ကို ရေနွေးဖြူဖြင့် ရောသောက်ခြင်းက ဘယ်လိုကျန်းမာရေး အာနိသင် တွေ ရရှိနိုင်သလဲ ဆိုတာကိုတော့ သိသူနည်းပါး ပါလိမ့်မယ်။ သောက်သုံးရမည့် ဆေးညွှန်းပုံစံက ဒီလိုပါ။

>> ကြက်သီးမွှေးညင်းခန့်  ပူသော ရေနွေးဖြူ ၁ ဖန်ခွက်
>> ပျားရည်စစ်စစ် ၁ ဇွန်း(လက်ဘက်ရည်ဇွန်း အရွယ်)

အထက်ပါ ပျားရည်နဲ့ ရေနွေးတို့ ကို ရောသမ သွားအောင် ဇွန်းဖြင့်နာနာမွှေပေးပါ။ ၄င်းဖျော်ရည်ကို သောက်သုံးပေးခြင်းဖြင့် အောက်ပါ ကျန်းမာရေး အကျိုးကျေးဇူးတွေကို ရရှိနိုင် ပါလိမ့်မယ်။

(က) အဆုပ်ထဲရှိ အရိအရွဲတွေကို သန့် စင်ပေးပါတယ်။
(ခ) ကိုယ်ခံစွမ်းအားကို တိုးတက်မြင့်မားလာပြီး ချောင်းဆိုး၊ ရင်ကျပ်နာ၊ အသက်ရှုလေပြွန်ပွရောဂါ၊ အအေးမိရောဂါ တို့ ကို ကောင်းစွာ ကုသပေးနိုင်ပါတယ်။
(ဂ) အစာချေ လမ်းကြောင်းမှာ သွေးထွက်ခြင်းမှ ကာကွယ်ပေးရုံသာမက၊ ထိုအစာချေ လမ်းကြောင်းပေါ်ရှိ ကပ်ပါးပိုးများကိုလည်း သန့် စင်ပေးပါတယ်။
(ဃ) ဤဆေးဖျော်ရည် သောက်စမှာ ဗိုက်တွေခါးတွေ ဖောင်းလာကောင်း ဖောင်းလာနိုင်ပါတယ်။ သို့ သော် မစိုးရိမ်ပါနှင့် ဆက် လက်၍သောက်ပေးပါ။ ဤဆေးရည်က မစင်အိမ်ကို ဖောင်းကြွစေခြင်းအားဖြင့် ပျော့နူးစေပြီး နောက်ဆုံးမှာ ၀မ်းနဲ့ လေအဖြစ် သက်စေပါတယ်။
(င) အူသိမ် အူမများအားလုံးကို ကောင်းစွာအလုပ်လုပ်စေပြီး အဆိပ်အတောက်ပြေစေပါတယ်။
(စ) အစွမ်းထက်မြက်တဲ့ မှိုသတ်ဆေးရည်၊ ပိုးသတ်ဆေးရည်၊ ဘက်တီးရီးယား သတ်ဆေးရည်အဖြစ် စွမ်းဆောင်နိုင်ပါတယ်။
(ဆ) ညဘက် ယမကာ အလွန်အကျွံ သောက်သုံးခဲ့သူများဟာ နံက်အိပ်ယာထမှာ ပျားရည်ဆေးဖျော်ရည်ကို သောက်သုံးပေးခြင်း ဖြင့် ခေါင်းမကြည် ခေါင်းကိုက် ဗိုက်အောင့် ဝေဒနာတွေ မခံစားရတော့ပါဘူး။
(ဇ) ပျားရည်ဟာ ကျောက်ကပ်ထဲရှိ အရည်များကို စုပ်ယူပစ်တာကြောင့် ညဘက်မကြာခဏဆီးထသွားခြင်းကို ထိန်းချုပ်ပေးနိုင် စွမ်းရှိပါတယ်။ ဒါကြောင့် ညဘက် ဆီးခဏခဏ သွားသူများအဖို့  ထိုဆေးဖျော်ရည်ကို ညနေခင်းပိုင်းမှာ သောက်ပေးခြင်းဖြင့် ကျောက်ကပ်ကို သိသိသာသာ ကောင်းကျိုးပြုပါတယ်။

ပျားရည်သောက်ရန် အသင့်တော်ဆုံး အချိန်ဟာ ဘယ်အချိန်ဖြစ်ပါသလဲ ?

နံက်စောစော အိပ်ယာထချိန်ဖြစ်တဲ့ ၀မ်းဗိုက်ထဲမှာ ဘာအစာမျှမရှိတဲ့ အချိန်ဟာ ပျားရည်သောက်ရန် အသင့်တော်ဆုံးအချိန်ဘဲ ဖြစ်ပါတယ်(သို့ )အစာနဲ့ ဝေးချိန်ဖြစ်တဲ့ ညနေခင်းပိုင်း (ညစာမစားခင် နှစ်နာရီခန့် အလို)မှာလည်း သောက်ပေးနိုင်ပါတယ်။ ဒါ ကြောင့် နံက်အိပ်ယာထ (သို့ ) ညနေခင်းပိုင်းဖြစ်တဲ့ မိမိအတွက်ပို၍ အဆင်ပြေနိုင်မည့် အချိန်ကိုရွေး၍ တစ်နေ့ လျှင် တစ်ကြိမ် ကျနှုန်းဖြင့် ပျားရည်နဲ့ ရေနွေးဖျော်ရည်ကို အထက်ဖော်ပြပါ ဆေးညွှန်းအတိုင်း သောက်ပေးရမှာပါ။ ၄င်းဖျော်ရည်ကို အကြာကြီး အအေးခံ မထားသင့်ဘဲ ချက်ချင်းသောက်ပေး သင့်ပါတယ်။ ဤကဲ့သို့  ပျားရည်ဖျော်ရည်ကို နေ့စဉ်မှန်မှန်သောက်သုံးသွားခြင်း အားဖြင့် အထက်ပါ ကျန်းမာရေး အကျိုးကျေးဇူးတွေကို ရရှိစေမည့်အပြင် သင့်ရဲ့ အသားအရေလေးဟာလည်း ပိုးသားလို နူးညံ့ တောက်ပလာစေတော့မှာ ဖြစ်ပါတယ်။

(ပေါက်ပေါက်…ရေးသားမျှဝေသည်)
(ကိုးကား The Science of Eating)
promise.pauk
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
အပြည့်အစုံသို့ >>

ဆီးချိုသမားများ စားနိုင်တဲ့ အသီးအနှံများ

Wednesday, April 29, 2015
လူတွေမှာ ရောဂါ တစ်မျိုးဖြစ်ပေါ် ခံစားနေ ရပြီဆိုရင် အစားအစာတွေက အစ ရှောင်ကြဉ်ကြ ရပါတယ်။ ရောဂါ နဲ့မတည့်တဲ့အခါ စားချင်ပေမယ့် မစားရ၊ ဆန္ဒကိုမျိုသိပ်ပြီး အသက်ကို ဥာဏ်စောင့် ဆိုသလို ဆင်ခြင်စားသောက် ကြရပါတယ်။အဓိကအားဖြင့် ဆီးချို ရောဂါကို ခံစားနေရတဲ့ လူတွေအတွက် အစားအစာကို ပိုလို့ရှောင်ကြ ရပါတယ်။ ဆီးချိုတက်မှာစိုးရိမ်တဲ့ အတွက် မိသားစုဝင်တွေဟာ သကြားဓာတ်ပါဝင်တဲ့ အစားအစာတွေကို ရှောင်ရှားပြီး အထူးဂရုစိုက် ကျွေးမွေးစောင့်ရှောက် ကြရပါတယ်။ ဒီလို ဆီးချိုသမားတွေအတွက် ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ အသီးအနှံ တစ်ချို့ကိုဖော်ပြပေး လိုက်ပါတယ်။

စတော်ဘယ်ရီ

စတော်ဘယ်ရီမှာ ပါဝင်တဲ့ အာဟာရဓာတ် သဘာဝတွေဟာ ဆီးချိုသမားတွေအတွက် သွေးအတွင်း သကြားဓာတ်ကို ထိန်းချုပ်ပေးသလို အဆာလည်း ခံစေပါတယ်။ ဆီးချိုကြောင့် မျက်လုံးအမြင်အာရုံ ထိခိုက်စေမှု ကိုကောင်းစွာ ကာကွယ်ပေးပါတယ်။

ပန်းသီး

ပန်းသီးဟာလည်း ဆီးချိုသမားတွေအတွက် ပြည့်စုံကောာင်းမွန်တဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။ ပန်းသီးရဲ့ အခွံထဲမှာ ရှိနေတဲ့ အာဟာရ ဓာတ်သဘာဝတွေဟာ ဆေးချို ၊သွေးချို ကြောင့် နောက်ဆက်တွဲဖြစ်လာနိုင်တဲ့ နှလုံးရောဂါ၊ မျက်လုံးအမြင်အာရုံချို့တဲ့မှုရောဂါ တို့ကို ကာကွယ်နိုင်သလို ကင်ဆာရောဂါဖြစ်ပွားမှု အန္တရာယ်ကို လည်းလျော့ချနိုင်ပါတယ်။

သစ်တော်သီး

သစ်တော်သီးမှာ ဗီတာမင်နဲ့ အခြားအာဟာရဖြစ်စေတဲ့ ဓာတ်သဘာဝတွေ၊ အမျှင်ဓာတ်တွေ ကောင်းစွာပါဝင်ပြီး သွေးအတွင်းသကြားဓာတ်တွေ ပုံမှန်ဖြစ်စေဖို့ ကောင်းစွာ အထောက်အကူပြုပါတယ်။ ကိုလက်စထရော ကိုလျော့ကျစေပြီး အစာချေဖျက်မှုကိုလည်း အားကောင်းစေပါတယ်။

ဂရိတ်ဖရု

ဂရိတ်ဖရု မှာ ဗီတာမင် စီ နဲ့ အခြားသဘာဝ အရင်းအမြစ် အာဟာရတွေ ပါဝင်ပြီး ကိုယ်ခန္ဓာရဲ့ ကိုယ်ခံအား စနစ်ကိုအားဖြည့်ပေးပါတယ်။ ကိုယ်ခန္ဓာအတွင်း ဆဲလ်ပျက်စီးခြင်းတွေကို ကာကွယ်ဖို့အထောက်အကူပြုပါတယ်။ ဆီးချိုရောဂါကုသမှုအပိုင်းမှာ အရေးပါတဲ့ ကဏ္ဍတစ်ရပ်ဖြစ်တဲ့ ကျန်းမာတဲ့ အလေးချိန်ထိန်းသိမ်းမှုကို များစွာ အထောက်အကူပြုပါတယ်။ ဂရိတ်ဖရု မှာ ပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ်ပေါများစွာ ပါဝင်တာကြောင့် သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး ကိုလက်ထရောကိုလည်း လျော့ကျစေပါတယ်။ ကင်ဆာရောဂါ တစ်ချို့ကိုလည်း လျော့ကျစေနိုင်တယ်လို့ လေ့လာသူတွေက ဖော်ပြထားကြပါတယ်။

လိမ္မော်သီး

လိမ္မော်သီးမှာ ကိုယ်ခံအား အရင်းအမြစ် ကိုမြှင့်တင်ပေးတဲ့ ဗီတာမင် စီပါဝင်တာကြောင့် ကူးစက်ရောဂါတွေကို ဆန့်ကျင်ကာကွယ်ရာမှာ များစွာ အထောက်အကူပြုပါတယ်။ ဒါ့အပြင်ပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ်ပေါများစွာ ပါဝင်တာကြောင့် လည်း သွေးအတွင်း သကြားဓာတ်ကို ထိန်းပေးသလို ကိုလက်စထရောကို လည်းလျော့ကျစေပါတယ်။ နောက်ထပ် ဗီတာမင် အေ ၊ ဘီ တို့လည်း ပေါင်းစပ်ပါဝင်နေတာကြောင့် ကိုယ်ခန္ဓာအတွင်းဖြစ်စေတဲ့ ရောဂါအန္တရာယ် ကိုလျော့ချရာမှာ များစွာ အထောက်အကူပြုခြင်းဘဲဖြစ်ပါတယ်။

မာလာကာသီး

မာလာကာသီး ဟာ ဆီးချိုသမားတွေအတွက် တကယ်စားသင့်တဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။ မာလာကာသီးမှာ လိမ္မောသီးလိုမျိုး ဗီတာမင် စီ ကြွယ်ဝစွာပါဝင်တာကြောင့် သွေးအတွင်း သကြားဓာတ်တွေ နဲ့ ကိုယ်ခံစွမ်းအားတွေကို ကောင်းစွာထိန်းပေး ပါတယ်။

Reference:http://www.health24.com/Medical/Diabetes/Multimedia/Sponsored/Top-10-fruits-for-diabetics-20130221

Author: Sagawah
Yangon Life
http://yangonlife.com.mm/mm/article/13700
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
အပြည့်အစုံသို့ >>

သက်သတ်လွတ် သမားတွေအတွက် အာဟာရပြည့်ဝတဲ့ အစားအစာများ

Wednesday, April 29, 2015
အသီးအရွက်ကို ကြိုက်နှစ်သက် လို့ပဲဖြစ်ဖြစ်၊ အသားငါးကို မကြိုက်လို့ပဲဖြစ်ဖြစ် သက်သတ်လွတ် စားသူတွေ အများကြီးရှိကြပါတယ်။ တချို့က ရာသက်ပန် စားသလို တချို့က တစ်လ (သို့မဟုတ်) တစ်ပတ် စသဖြင့် အချိန်သတ်မှတ်ပြီး စားကြတာလည်း ရှိပါတယ်။ ဗုဒ္ဓဘာသာဝင် အများစုကလည်း အဓိဌာန်ဝ င်ဘာဝနာပွားများတဲ့ အခါတွေမှာ သက်သတ်လွတ် စားလေ့ ရှိကြပါတယ်။ အသီးအရွက် ချည်းပဲစားရင် အာဟာရ မပြည့်ဝနိုင်ပဲ ကျန်းမာရေး ထိခိုက်နိုင်တယ်လို့ ထင်မြင်ယူဆပြီး သက်သတ်လွတ် စားချင်ပေမဲ့ မစားဖြစ်သူတွေ၊ သားသမီးက သက်သတ်လွတ် စားနေလို့ အာဟာရမပြည့်မှာ စိုးရိမ်နေသူတွေနဲ့ သက်သတ်လွတ် စားနေသူအားလုံးအတွက် အသားငါးတွေကနေ ရရှိနိုင်တဲ့ အာဟာရတွေပါ စုံလင်စွာ ပါဝင်တဲ့ ဟင်းသီးဟင်းရွက် (၅) မျိုးအကြောင်းဖော်ပြပေးလိုက်ပါတယ်။

(၁) နှံစားသီးနှံ - သက်သတ်လွတ် စားသူတွေဟာ ကြက်ဥ ဘဲဥနဲ့ နို့ထွက်ပစ္စည်းတွေကို မစားတဲ့အတွက် ဗီတာမင် B12 ကို လုံလောက်စွာ ရရှိနိုင်ဖို့ နှံစားသီးနှံတွေကို စားသင့်ပါတယ်။ ဆန်စပါး၊ ပေါင်မုန့်လိုမျိုး ဂျုံထွက်ပစ္စည်း၊ ပြောင်းဖူး၊ ကွေကာအုတ် စတဲ့နှံစားသီးနှံထွက် စားစရာတွေဟာ အရသာရှိပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရကို ပြည့်ဝစေပါတယ်။

(၂) ပဲ - ပဲမှာ ပရိုတင်းဓါတ်နဲ့ သံဓါတ် ပြည့်ဝစွာ ပါရှိပါတယ်။ ပဲပြုတ်၊ ပဲပေါင်း၊ ပဲနှပ်စတဲ့ ပုံစံအမျိုးမျိုး လုပ်စားနိုင်ပြီး လွယ်ကူရိုးရှင်းကာ စားကောင်းတဲ့ စားစရာပဲဖြစ်ပါတယ်။ ပဲပြုတ်ကို ကြက်သွန်နီ ပါးပါးလှီးထည့်ပြီး ပဲဆီရွှဲရွှဲလေးနဲ့သုပ်စားတာဟာ သက်သတ်လွတ် သမားတွေအတွက် ခံတွင်းမြိန်စေတဲ့အပြင် အာဟာရလည်း ပြည့်ဝစေပါတယ်။

(၃) တို့ဟူး - မြန်မာနိုင်ငံမှာ လူကြိုက်များတဲ့ တို့ဟူးနှစ်မျိုးကတော့ တို့ဟူးဖြူ နဲ့ တို့ဟူးဝါ တို့ဖြစ်ပါတယ်။ တို့ဟူးဝါကို ကုလားပဲနဲ့ ပြုလုပ်တာဖြစ်ပြီး အသုပ်သုပ်စားလို့ရသလို ကြော်စားခြင်း၊ တို့ဖူးနွေးလုပ်စားခြင်းတို့လည်း ပြုလုပ်ကြပါတယ်။ တို့ဟူးဖြူကို ပဲပိစပ်ပဲနဲ့ ပြုလုပ်တာဖြစ်ပြီး အများစုက ပဲပြားလို့ခေါ်ကြပါတယ်။ ပဲပြားကို ပဲပင်ပေါက်ဖြင့်ကြော်စားခြင်း၊ ပဲပြားဟင်းရည် လုပ်သောက်ခြင်း၊ ပဲပြားဆီပြန် ဟင်းချက်ခြင်း စသဖြင့် အရသာရှိစွာ အမျိုးစုံလုပ်စားကြပါတယ်။ တို့ဟူးမှာ ပရိုတင်းဓါတ်၊ ဇင့်ဓါတ်၊ သံဓါတ်နဲ့ ကယ်လစီယမ်ဓါတ် တို့ပြည့်စုံစွာ ပါဝင်တာကြောင့် အသားငါး အစားထိုး သက်သတ်လွတ်ဟင်းလျာတစ်ခု ပဲဖြစ်ပါတယ်။

(၄) အာလူး - အာလူးကို ကျန်းမာရေးနဲ့အညီညွတ်ဆုံး အစားအစာအဖြစ် ကမ္ဘာတ၀ှမ်းလုံးက သတ်မှတ် ထားကြပါတယ်။ အာလူးမှာ ပိုတက်စီယမ်၊ ဆိုဒီယမ်၊ ကာဘိုဟိုက်ဒရိတ်နဲ့ ပရိုဓါတ်တို့ ပြည့်ဝစွာ ပါရှိပါတယ်။ အာလူးထောင်း၊ အာလူးသုပ်၊ အာလူးဖုတ် စတာတွေဟာ လုပ်ရလည်း လွယ်ကူပြီး အမြဲတမ်း စားကောင်းတဲ့အပြင် သွားရည်စာလိုမျိုး စားလေ့ရှိကြတဲ့အစားအစာ တစ်မျိုးလည်း ဖြစ်ပါတယ်။

(၅) အစိမ်းရောင် အသီးအရွက်များ - အစိမ်းရောင် အသီးအရွက်တွေဟာ ကျန်းမာရေး အတွက်စားကို စားသင့်တဲ့ နံပတ်(၁) အစားအစာဖြစ်ပါတယ်။ အစိမ်းရောင် အသီးအရွက်တွေဟာ ဗီတာမင်များစွာ၊ ဓါတ်သတ္တုများစွာ ပါဝင်တဲ့အပြင် အစာအိမ်နဲ့အူလမ်းကြောင်းကို ရှင်းလင်းပေးတဲ့ အမျှင်တွေလည်း ပါဝင်ပါတယ်။ အစိမ်းရောင် အသီးအရွက်တွေဟာ နှလုံးရောဂါ၊ ဆီးချိုရောဂါနဲ့ ကင်ဆာရောဂါကို ကာကွယ်ပေးပါတယ်။

Author: Crystal Win
Yangon Life
http://yangonlife.com.mm/mm/article/13714
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
အပြည့်အစုံသို့ >>

နားဝင်ချိုတဲ့ ပြောဆိုမှု

Wednesday, April 29, 2015
မနက်မိုးလင်း တာနဲ့ကြားလိုက် ရတဲ့ အသံက နင်မထသေးဘူးလား၊ ဘယ်အချိန် ရှိနေပြီလဲ၊ ထတော့၊ မျက်နှာသစ်မှာနဲ့ ရေချိုးမှာနဲ့ အချိန်က ကုန်အုံးမယ်၊ ငါတို့က သွားစရာရှိတယ် ဆိုတဲ့အသံများပဲ ဖြစ်ပါတယ်။ ဒီလိုပြောနေတဲ့ စကားလုံးတွေ၊ ကျယ်လောင် လှတဲ့ အသံတွေက အဖေဖြစ်သူက သူ့ရဲ့သမီးတွေကို ပြောနေတဲ့ အသံတွေပါ။ ဒါက တစ်ခါတလေ ပြောတဲ့လေသံ ပြောတဲ့ စကားလုံးတွေ မဟုတ်ပဲ နေ့စဉ်နေ့တိုင်းလိုလို အထူးသဖြင့် ကျောင်းဖွင့်တဲ့ ရက်များမှာ ကြားနေရတဲ့ အသံများပါ။ တစ်ခါ တစ်လေကြားရတဲ့ စကားလုံးတွေ ရှိပါသေးတယ်။ ဟဲ့ ဖ….မ ဘာဖြစ်နေတာလဲ ငါခိုင်းနေတာ ငါပြောနေ တာတော့ မလုပ်ဘူး။ ဘာဖြစ်နေတာလဲ သောက်ကောင်မ ဆိုတာတွေပါ။ အော်ကြီးဟစ်ကျယ်နဲ့ ဒီလိုစကားလုံး ကြမ်းကြမ်းတွေကို ပြောနေတာက ရန်ဖြစ်နေသလား ထင်ရပါတယ်။ တကယ်တမ်းမှာ အဖေဖြစ်သူက ၇ တန်း ၈ တန်းအရွယ် သမီးကို ပြောဆိုနေတာပါ။

ကျောင်းသွားဖို့ လုပ်နေတာ မပြီးသေးဘူးလား လို့ အဖေဖြစ်သူ ကအော်ပြောရင် သမီးဖြစ်သူကလဲ ဒီမှာလုပ်နေတာပဲ ပြီးတော့မယ်လို့ ပြန်ပြီးအော်ပြောတာပါ။

သားသမီးတစ်ယောက် လိမ္မာရေးခြား ရှိမှုကလဲ မိဘတွေအပေါ်မှာ များစွာ မူတည်နေပါတယ်။ မိဘတွေရဲ့ သွန်သင်ဆုံးမမှုမကောင်းပေမယ့်လဲ အရွယ်ရောက်လာတဲ့အခါ သူတို့ရဲ့ ကိုယ်ပိုင် အတွေးအခေါ် ကိုယ်တိုင်တွေ့ကြုံရတဲ့ ပတ်ဝန်းကျင်အတွေ့အကြုံတွေနဲ့ ယှဉ်တွဲပြီး လိမ္မာရေးခြား ရှိသူတွေလဲ အများကြီး ရှိပါတယ်။ ဒါပေမယ့် အခုအချိန်မှာ ဖခင်ဖြစ်သူက ဒီလိုကြမ်းတမ်းတဲ့စကားလုံး အသံကျယ်ကြီးတွေ နဲ့ပြောတဲ့အတိုင်း အဲဒီကောင်မလေးက မှတ်ထားတာလား၊ အသိဥာဏ်မှာစွဲနေတာလားတော့ မပြောတတ်ပါဘူး။ သူ့ရဲ့အောက်မှာရှိတဲ့ လေး ငါးနှစ်အရွယ် ညီမလေးကိုလဲ S…..မ၊ ဖ….မ စတဲ့ အသုံးအနှုန်းတွေနဲ့ ပြောတော့တာပါပဲ။ အဲဒီလိုပြောတဲ့ အချိန်မှာ မိဘတွေရှိနေရေင်လဲ ဟဲ့ အဲဒီလိုမျိုး ကိုယ့်ညီမလေးကို မပြောရဘူးလေလို့ ဟန့်တားသံ မျိုးကိုမကြားရပါဘူး။ တကယ့်ကို အံ့သြစရာလို့ ထင်ပါတယ်။

အဲဒီလိုပြောကြတဲ့ မိသားစုထဲမှာ မိခင်ဖြစ်သူကတော့ သူ့သမီးတွေကို အဲဒီလိုကြမ်းတမ်းတဲ့ စကားလုံးမျိုးတွေနဲ့ပြောတာ၊ အော်ကြီးဟစ်ကျယ်ပြောတာ ရှားပါတယ်။ အများဆုံး ကြားရတာတော့ ဖခင်ဖြစ်သူရဲ့ အသံပါ။ ဒီလိုတွေပြောဆိုနေကြတာဟာ မိဘတွေရဲ့ သွန်သင်ဆုံးမမှု အားနည်းခဲ့လို့ အကြမ်းဖျဉ်း ပြောကြမယ်လို့ ထင်ပါတယ်။ ဒါလဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အဲဒီလိုပြောဆိုတာတွေဟာ သူတို့ရဲ့ ပတ်ဝန်းကျင်မှာ အလေ့အထတစ်ခု အမူအကျင့်တစ်ခုလိုပဲ မှတ်ယူထားကြတာလဲ ဖြစ်နိုင်ပါတယ်။

ရှေ့ကနေ ဖခင်ပြောတာကို နောက်ကနေ မှတ်ထားပြီး ငါလဲ ဒီလိုပြောရင်ရတာပဲဆိုပြီး ညီမဖြစ်သူကိုပြောတာလဲ ဖြစ်နိုင်ပါတယ်။ ဒါက ၇ တန်း ၈ တန်း အရွယ်မှာ မှတ်ထားတာဖြစ်ပေမယ့် သူအရွယ်ရောက်တဲ့အခါ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းနဲ့ ထိတွေမှုများလာတဲ့အခါ ပြုပြင်ကောင်းပြုပြင် လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒီလိုမျိုး မိဘတွေပြောသလိုမျိုး လိုက်ပြေတာကို ဘေးနာကကြားတဲ့အခါ အော် …မိဘတွေက မပြောကြ မဆုံးမကြဘူးလား၊ ဘယ်လိုလူမျိုးတွေလဲ ဆိုပြီး နောက်ဆုံးမှာ မိာတွေကိုပဲ အပြစ်တင်ကြမှာပါ။ မိဘတိုင်းကတော့ သားသမီးတိုင်းကို အကောင်းဆုံးတွေ ဖြစ်စေချင်ကြတယ်၊ လိမ္မာရေးခြားရှိပြီး လူအများကြား ကောင်းသတင်း သင်းပြန့်စေချင်ကြသူတွေချည်းပါပဲ။ ဘယ်လိုပဲ စိတ်ပင်ပန်းတာတွေ စိတ်ညစ်တာတွေ ဒေါသထွက်တာတွေ ရှိစေခါမူ သားသမီးတွေကို ပြောဆိုဆက်ဆံရာမှာ မိဘဆိုတာပီသဖို့တော့ အရေးကြီးမယ်ထင်ပါတယ်။ ဒီလိုမျိုးတွေ မိဘတိုင်းဖြစ်နေတာမဟုတ်ပါဘူး။ ပတ်ဝန်းကျင်မှာ မြင်တွေ့ ကြားရတာကို ခံစားရင် အခြားသူမိဘဖြစ်သူတွေ၊ မိဘနေရာကို ယူကြမယ့်သူတွေ၊ သားသမီးနေရာမှာ ရှိနေကြသူတွေအနေနဲ့ ဆင်ခြင်သုံးသပ်နိုင်စေဖို့ မျှဝေပေးလိုက်ပါတယ်။

ခင်လေးမြင့် @ Emily
Yangon Life
http://yangonlife.com.mm/mm/article/13718
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
အပြည့်အစုံသို့ >>

စာကြည့်တိုက်က အမျိုးသမီး

Wednesday, April 29, 2015
လွန်ခဲ့တဲ့ ၁၆နှစ်ခန့် ကျွန်မ အလယ်တန်း တက်နေတဲ့ အချိန်တုန်းကပေါ့။ တစ်နေ့မှာ စာကြည့်တိုက်မှာ ကျွန်မ စာအုပ် တစ်အုပ်တွေ့လိုက်မိတယ်။ စာအုပ် မျက်နှာဖုံးက အရမ်းလှတဲ့ မြင်းလှည်းပုံလေး.. မြင်းလှည်းဘီးက ရွှေရောင် လက်လက် ထနေခဲ့လို့ အဲဒီစာအုပ်ကို ကျွန်မ ငှားလာခဲ့တယ်။

အိမ်ရောက်တော့ မေမေက စာအုပ်ကိုကြည့်ပြီး ဒါဟာ စိတ်ဆန္ဒကိုနိုးကြွစေတဲ့ စာအုပ်တစ်အုပ်၊ ကျွန်မဖတ်ဖို့ မသင့်တော်ဘူး ဆိုပြီး ကျွန်မကို စာကြည့်တိုက်ဆီ အတင်း ဆွဲခေါ် လာခဲ့ပါတယ်။ ပြီးတော့ စာကြည့်တိုက် ဝန်ထမ်းကို ကျွန်မ အသက်အရွယ်နဲ့ သင့်တော်မယ့် စာအုပ်တစ်အုပ် လဲပေးဖို့ ပြောလိုက်တယ်။ သူတို့ဘေးမှာရပ်ပြီး ကျွန်မအနေကျပ် ခဲ့ပါတယ်။

စာကြည့်တိုက် ဝန်ထမ်းက လူလတ်ပိုင်း အမျိုးသမီး တစ်ဦးပါ.. ပိန်ပိန်ရှည်ရှည်၊ ဆံပင်တိုတိုနဲ့ ဆွယ်တာအင်္ကျီဝတ်ထားပါတယ်။ ကျွန်မကို သူခေါင်းငုံ့ကြည့်ပြီး ရယ်ပြတယ်။ အဲဒီနောက် ကောင်တာနောက်ကနေ သူထွက်လာပြီး သူ့နောက်ကို ကျွန်မလိုက်ခဲ့ဖို့ မျက်ရိပ်ပြပါတယ်။

လေးလံထုံထိုင်းတဲ့ ကွန်ပျူတာတွေကို ကျွန်မတို့ကွေ့ပတ်ပြီး စင်္ကြတစ်လျှောက်ဖြတ်လျှောက်လာ ခဲ့တယ်။ အရွယ်ရောက်သူတွေဖတ်တဲ့ စာအုပ်စင်နား ကျွန်မတို့ရောက်လာ ခဲ့တယ်။

“ဒီတစ်အုပ်ဆိုရင် ဘယ်လိုနေမလဲ.. စာအုပ်နာမည်က I Capture the Castle တဲ့။ စာရေးဆရာမ Dodie Smith ရေးတာ.. သူက 101 Dalmatians (ခွေးနက်ကျား ၁ဝ၁ကောင်) ဆိုတဲ့ စာအုပ်ကို လည်းရေးခဲ့တယ်”

အင်္ဂလန်လေသံပါတဲ့ စကားသံနဲ့ ကျွန်မကို သူပြောပါတယ်။

ကျွန်မကိုယ်ကျွန်မ အရွယ်ရောက်နေပြီလို့ ကျွန်မထင်တယ်။ လိမ်ညာဉာဏ်ဆင်ရေးထားတဲ့ အဲဒီခွေးဇာတ်လမ်းကို မကြိုက်လို့ ကျွန်မ အသံတိတ်နေ လိုက်တယ်။

“ဒီစာအုပ်က ခွေးနက်ကျား ၁ဝ၁ကောင်စာအုပ်နဲ့ လုံးလုံးမတူဘူး”

မျှော်လင့်ချက်မဲ့တဲ့ ကျွန်မပုံစံ ကိုတွေ့သွားလို့ သူက စကားဆက်ပြောပြန်တယ်။ သူ့ကို ကျွန်မလေးစားပေမယ့် ကျွန်မတွေဝေနေပြန်တယ်။ “I Capture the Castle” (ကျွန်မရဲ့လျှို့ဝှက်ရဲတိုက်) ဆိုတဲ့ နာမည်က ဖတ်ရတာ တစ်မျိုးပဲ.. ကလေးတွေကို ချော့သိပ်တဲ့ ဒဏ္ဍာရီ စာအုပ်လိုလို .. ဘာလိုလို..

နောက်ဆုံးတော့လည်း အဲဒီစာအုပ်ကို ကျွန်မ မကျေမနပ်နဲ့ အိမ်ငှားပြန်ခဲ့ပါတယ်။ အိမ်ရောက်တာနဲ့ ပြတင်းပေါက်နားကခုံမှာ ထိုင်ပြီး စာအုပ်ကို ကျွန်မ လှန်လျောဖတ်ကြည့် လိုက်တယ်။ စာအုပ်ပါ အကြောင်းအရာက အသက် ၁၇နှစ်အရွယ်ကောင်မလေး တစ်ယောက်ရဲ့ အတွေ့အကြုံတွေ သက်ဝင် ခံစားရေးဖွဲ့ ထားတယ်။ ဇာတ်လမ်းက ကျွန်မကို ခဏတွင်းချင်းမှာပဲ ဆွဲဆောင် သွားခဲ့ပါတယ်။ စာဖတ်နေရင်း ကျွန်မစိတ်ထဲမှာလည်း “ငါလည်း စာရေးဆရာ တစ်ဦးလုပ်မယ်”လို့ ဆုံးဖြတ်ချက်တစ်ခု တိုးတိုးတိတ်တိတ် ချခဲ့မိတယ်။ ဆန်းကြယ်လျှို့ဝှက်တဲ့ အရေးအဖွဲ့တွေကို ကျွန်မကြိုက်တယ်၊ ကဗျာရေးဖွဲ့ရတာကိုလည်း ကျွန်မနှစ် သက်တယ်၊ ရေးတာ မကောင်းတာပဲ ရှိတာပေါ့လေ။

အဲဒီစာအုပ်ဟာ ကျွန်မအပေါ်ကြီးမားတဲ့ သက်ရောက်မှု ရှိခဲ့တယ်ဆိုတာ စာကြည့်တိုက်က အမျိုးသမီးကို ကျွန်မမပြောပြခဲ့ပါဘူး။ အဲဒီနောက်မှာတော့ ကျွန်မတစ်ကိုယ်တည်း တောအုပ် တစ်အုပ်ကိုဖြတ်ပြီး ကြည်လင်အေးမြတဲ့ စမ်းချောင်းဘေးက သစ်ပင်ကြီးတစ်ပင်ပေါ်မှာ စာရေးဆရာ လုပ်မယ်ဆိုတဲ့ ကျွန်မရဲ့အိပ်မက်ကို ထွင်းထုခဲ့တယ်။ အခုအချိန်မှာ ကျွန်မရဲ့အိပ်မက်ကို အကောင်အထည်ဖော်နိုင်ခဲ့ပါပြီ။ စာအုပ်တော်တော်များများ ကျွန်မထုတ်ဝေနိုင်ခဲ့ပါပြီ။ ကျွန်မငယ်ငယ်က အမြဲသွားခဲ့တဲ့စာကြည့်တိုက်မှာ ကျွန်မရဲ့စာအုပ်တွေ စင်တင်နိုင်ခဲ့ပါပြီ။ ကျွန်မရဲ့ စာအုပ်တစ်အုပ်က အဲဒီစာကြည့်တိုက်မှာ တစ်နှစ်ပတ်လုံး အငှားရဆုံး၊ စာဖတ်သူ အကြိုက်ဆုံး စာအုပ်တွေထဲမှာ တစ်အုပ် အပါအဝင်ဖြစ်ခဲ့ပါတယ်။

လွန်ခဲ့တဲ့နှစ်ပတ်ခန့်က မြို့ကနေ နှစ်နာရီ ခွဲကြာလောက်ကားမောင်းပြီး ရွာကို ကျွန်မပြန်ခဲ့တယ်။ ရွာမှာပဲအမြဲနေနေတဲ့ မေမေကို သွားကြည့်တာပါ။ လက်ဖက်ရည်ဆိုင် တစ်ဆိုင်မှာ နေ့လယ်စာအတူစားဖို့ မေမေနဲ့ချိန်းထားပါတယ်။ ကျွန်မရဲ့သမီးငယ်ကိုလည်း ကျွန်မခေါ်လာခဲ့တယ်။ ခါတိုင်းဆိုရင် သမီးငယ်ကိုခေါ်ပြီး ကျွန်မကားမမောင်းပါဘူး။ သမီးက အိပ်မပျော်မချင်း သူ့ကိုစကားပြောချော့နေရလို့ပါ။

ရွာကို ကျွန်မရောက်လာ ခဲ့ပါတယ်။ လက်ဖက်ရည်ဆိုင်မှာထိုင်ပြီး ကော်ဖီသောက်ရင်း ကျွန်မအပန်းဖြေနေခဲ့တယ်။ ရုတ်တရက် ကျွန်မခေါင်းမော့အကြည့်မှာ စာကြည့်တိုက်ကအမျိုးသမီးကို ကျွန်မတွေ့လိုက်မိပါတယ်။ ၁၆နှစ်ကျော်ကာလအတွင်းမှာ သူ့မျက်ထောင့်ထက် အရစ်အကြောင်းတွေ ပိုလာခဲ့ပါတယ်။ လမ်းလျှောက်ရာမှာလည်း တုံ့နှေးလာခဲ့တယ်။ ဒါပေမယ့် သူ့ရဲ့ကျက်သရေရှိရည်မွန်တဲ့အပြုအမူက နဂိုအတိုင်းပါပဲ။ ဆိုင်ထဲသူဝင်လာပြီး စားပွဲခုံတစ်ခုမှာ ထိုင်ချလိုက်ပါတယ်။

အိုမင်းသွားတဲ့ သူ့ကိုကြည့်ပြီး ကျွန်မရင်ထဲ ဆို့နင့်လာမိတယ်။ သောက်လက်စခွက်ကို ကျွန်မအမြန်ချပြီး ထိုင်ရာက ထလိုက်တယ်။ ပြီးတော့ သူ့ဆီအမြန်လျှောက်သွားလိုက်ပါတယ်။ ပင်ပန်းတဲ့ဒဏ်၊ အံ့သြဝမ်းသာမှုကြောင့် ကျွန်မမျက်နှာထူပူနေပါတယ်။

“အန်တီ စာကြည့်တိုက်မှာ အလုပ်လုပ်ခဲ့တယ်မဟုတ်လား.. “I Capture the Castle”ဆိုတဲ့စာအုပ် ကျွန်မကို အန်တီငှားလိုက်သေးတယ်လေ။ ကျွန်မ အခု စာရေးဆရာဖြစ်နေပါပြီ အန်တီ။ အန်တီမိတ်ဆက်ပေးခဲ့တဲ့ အဲဒီစာအုပ်က အခုထိ ကျွန်မအနှစ်သက်ဆုံးစာအုပ်ပါ” လို့ သူ့ကို ကျွန်မအော်ပြောလိုက်တယ်။

အဲဒီအမျိုးသမီးက ခဏလောက်တွေဝေသွားတယ်။ ပြီးမှ ကျွန်မကိုကြည့်ပြီး ကြင်ကြင်နာနာရယ်ပြတယ်။ ရယ်ပြပြီးတာနဲ့ သူဟာ ခေါင်းတစ်ဖက် လှည့်သွားပြီး အခြားတစ်နေရာကို တူရှုငေးကြည့်နေလိုက်တယ်။ ကျွန်မကို စကားတစ်ခွန်းမှ သူပြန်မပြောပါဘူး။ သူ့ကြည့်ရတာ အသက်အရွယ်ကြီးရင့်သွားလို့ မှတ်ဉာဏ်ကောင်းပုံ မရတော့ပါဘူး။ ကျွန်မဘာပြောလိုက်မှန်းကိုလည်း သူသဘောပေါက်မှာ မဟုတ်ပါဘူး။ ကျွန်မနေမသိထိုင်မသာနဲ့ နောက်ကို ခြေတစ်လှမ်းဆုတ်လိုက်မိပါတယ်။ သူနဲ့ ခပ်ဆင်ဆင်တူတဲ့၊ သူ့ထက် အသက်ငယ်ရွယ်တဲ့ အမျိုးသမီးတစ်ဦး သူ့ဆီလျှောက်လာပါတယ်။ သူ့ညီမဖြစ်လိမ့်မယ်လို့ ကျွန်မခန့်မှန်းလိုက်တယ်။ အဲဒီအမျိုးသမီးငယ်က သူ့လက်မောင်းကိုတွဲပြီး ဖြည်းဖြည်းချင်းထွက်ခွာသွားခဲ့ပါတယ်။

သူထွက်သွားတာကို ကျွန်မငေးကြည့်နေမိတယ်။ သူ့ခြေလှမ်းတွေဟာ ဟိုးတစ်ချိန်တုန်းကလိုပဲ သိမ်မွေ့နေတုန်းပါပဲ။ သူ့နောက်ကျောအရိပ်ကိုကြည့်ပြီး ကျွန်မတို့ဟာ ကျွန်မတို့တစ်သက်မှာ ကောင်းမွန်မြင့်မြတ်တဲ့အလုပ်တွေ ဘယ်လောက်လုပ်ခဲ့ပြီး၊ လူဘယ်နှယောက်ရဲ့ဘဝကို ပြောင်းလဲခဲ့ပြီဆိုတာကျွန်မတို့ကိုယ်တိုင် သတိမထားမိတာပဲရှိမယ်လို့ ကျွန်မတွေးနေခဲ့မိတယ်။ ဒီစာကြည့်တိုက်အမျိုးသမီးလိုပေါ့.. စာအုပ်လေးတစ်အုပ်ကိုပဲ ကျွန်မကို သူမိတ်ဆက်ပေးလိုက်တာပါ။ ဒါဟာ ကျွန်မဘဝတစ်သက်တာအတွက် အရေးပါဆုံး အတွေ့အကြုံတစ်ခုဖြစ်ခဲ့ပါတယ်။

မူရင်းလင့်-- http://www.85nian.net/rensheng/21215.html

နိုင်းနိုင်းစနေ (April. 27. 2015)
https://www.facebook.com/99sanay/posts/10152860682372358:0
-------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
အပြည့်အစုံသို့ >>

တရုတ်စာရေးဆရာ Yan Liankeပြောတဲ့ စာပေဆု

Wednesday, April 29, 2015
၂ဝ၁၄ခုနှစ် အောက်တိုဘာလ ၂၂ရက်နေ့ညနေမှာ ၂ဝ၁၄ခုနှစ်ရဲ့တစ်နှစ်တာ Kafka စာပေဆုကို ချက် သမ္မတနိုင်ငံရဲ့မြို့တော် Pragueမြို့မှာ ကျင်းပခဲ့တယ်။ တရုတ်စာရေးဆရာ Yan Lianke က ဒီKafka စာပေဆုပြု လုပ်လာခဲ့တဲ့ ၁၄နှစ်တာကာလအတွင်းမှာ ဒီဆုချီးမြှုင့်ခြင်းခံရတဲ့ ပထမဆုံးသော တရုတ်စာရေး ဆရာဖြစ်တယ်။ ဒါကြောင့် သူ့ဘေးပတ်လည်မှာ သတင်းထောက်တွေ ဝိုင်းဝိုင် လည်ခဲ့တယ်။

သတင်းထောက် တစ်ဦးက “ဒီဆုအတွက် အံ့သြမိပါသလား ဆရာ” လို့မေးတော့ Yan Lianke က “နည်းနည်းမှ မအံ့သြမိဘူး”လို့ ပြန်ဖြေတယ်။ သူ့အဖြေကြောင့် သတင်းထောက်တွေ နေမသိထိုင်မသာဖြစ်သွားကြတယ်။

Yan Lianke ကဆက်ပြီး “ဒီဆုကို ကျွန်တော်မယူခင် ရှေ့ရက်ပိုင်းမှာ အကဲဖြတ်ဒိုင်အဖွဲ့က ကျွန်တော့်ဆီ အီးမေးလ်ပို့တယ်၊ Pragueမြို့လာပြီး ဆုလက်ခံနိုင်မလားတဲ့။ သူတို့က အရွေးခံ စာရင်းဝင်ထားတဲ့ စာရေးဆရာ တိုင်းဆီကို ဒီလိုအီးမေးလ် မျိုးပို့ခဲ့မယ်လို့ ကျွန်တော်ထင်တယ်။ ဒါကြောင့် မအံ့သြမိဘူး။ တကယ်ဆုရပြီလို့ကြေညာချိန်ကျမှ အော်.. ငါ ဆုရစာရင်းထဲပါပြီလို့ တွေးမိတယ်။ ဆုရတယ်ဆိုတာ သာမန်ပဲလေ.. ဘာထူးဆန်းအံ့သြတာမျိုးမှ ကျွန်တော်မခံစားမိဘူး”လို့ ဖြေတယ်။

သတင်းထောက်ကဆက်ပြီး “စာပေနိုဘယ်လ်ဆုကို လူအများအာရုံစိုက်ကြတယ်။ ၂ဝ၁၂ခုနှစ်တုန်းက စာရေးဆရာ Mo Yan ရပြီးတဲ့နောက် စာပေလောကမှာ နောက်ထပ်နိုဘယ်လ်ဆုရနိုင်တဲ့ တရုတ်စာရေးဆရာဟာ ဆရာပဲဖြစ်မယ်လို့ ခန့်မှန်းနေကြတယ်။ စာပေဆုအပေါ် ဆရာရဲ့သဘောထားနဲ့ အမြင်ကို ကျေးဇူးပြုပြီးပြောကြည့်ပေးပါ” လို့မေးတယ်။

ဆရာ Yan Lianke က “ကျွန်တော့်အထင် စာရေးဆရာ တစ်ဦးဟာ စာပေဆုအပေါ်ထားတဲ့ အကောင်းဆုံးသဘောထားက သူ့အလိုအလျောက် ပဲဖြစ်သင့်တယ်။ အဲဒီဆုတွေကို “မိုးပေါ်ကကျလာတဲ့မုန့်”လို့ပဲ သဘောထားသင့်တယ်။ ကျလာပြီး ကိုယ့်ခေါင်းတည့်တည့် လာထိရင် လက်ခံလိုက်ပေါ့။ တကယ့်လို့ မထိခဲ့ရင် ခြေလှမ်းကျဲခွလှမ်း လက်ဆန့်ထုတ်ပြီး သွားမခံလိုက်နဲ့၊ ဒီလိုဆိုရင် အဲဒီမုန့်က အမှိုက်ဖြစ်သွားလိမ့်မယ်”။

ဆုရတာနဲ့ပတ်သက်ပြီးပြောနေတဲ့ Yan Liankeရဲ့မျက်နှာက အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်ပါပဲ။

“ဆုရတယ်ဆိုတာ တခဏတာ အမှတ်တရလေးပါပဲ.. နောက်ပိုင်း ရှည်လျားတဲ့ စာပေခရီးမှာ စာရေးခြင်း၊ စာရေးခြင်းပဲရှိနေပါတယ်။ စာရေးဆရာဆိုတာ စာဖတ်သူတွေအတွက် အကောင်းဆုံး စာပေတွေ အများကြီးရေး ထုတ်ပေးနေမှ ဒါဟာ သူ့ရဲ့တကယ့် အင်အားကိုပြရာ အကောင်းဆုံး သက်သေဖြစ်တယ်” လို့ Yan Liankeပြောခဲ့တဲ့ စကားတစ်ခွန်းက သတင်းထောက်နဲ့ ပရိသတ်အများကို ပိုလေးလေးနက်နက် ခံစားစေခဲ့ပါတယ်။

--------

**** Kafka စာပေဆုက ဂျာမဏီဘာသာစကားနဲ့ စာတွေရေးသားခဲ့တဲ့ စာရေးဆရာ Franz Kafka ကို ဂုဏ်ပြုတဲ့ဆုဖြစ်တယ်။ တစ်နှစ်တစ်ခါကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ စာပေဆုဖြစ်တယ်။ ၂ဝဝ၁ခုနှစ်က စတင်ခဲ့တာဖြစ်ပြီး တစ်ကမ္ဘာလုံးမှာ အရေးပါတဲ့ ဆုဖြစ်သလို ဒီကနေ့ခေတ်မှာ ဂုဏ်အရှိဆုံး စာပေဆုတွေထဲက တစ်ခုအပါအဝင်ဖြစ်တယ်။ နိုင်ငံ၊ လူမျိုးမခွဲခြားတဲ့ဆုဖြစ်ပေမယ့် အနည်းဆုံးတော့ ဆုရစာရေးဆရာရဲ့စာအုပ်တစ်အုပ် သို့မဟုတ် ဝတ္ထုတစ်ပုဒ်ဟာ ချက်ဘာသာစကားအဖြစ် ပြန်ဆိုခံထားရမှာဖြစ်ပါတယ်။ ဆုရသူကို Pragueမြို့တော်ဝန်နဲ့ ချက်လွှတ်တော်အမတ်က အမေရိကန်ဒေါ်လာတစ်သောင်းနဲ့ Kafka ရုပ်တု ချီးမြှင့်ပါတယ်။ ဂျပန်စာရေးဆရာ Haruki Murakami က ဒီဆုကိုရခဲ့တဲ့ ပထမဦးဆုံးသော အာရှစာရေးဆရာဖြစ်ပါတယ်။

နိုင်းနိုင်းစနေ (April. 28. 2015)
-------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
အပြည့်အစုံသို့ >>

အ၀လွန် သားသမီး သုံးဦးကို ကျွေးမွေးစောင့်ရှောက်ရန် ဖခင် ဖြစ်သူသက ကျောက်ကပ် ရောင်းချရတော့မည်

Wednesday, April 29, 2015


Swesone Media Group
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.comFacebook Page  Twitter   Google+
အပြည့်အစုံသို့ >>

သင့်ရင်သွေးလေး အတွက်ပါ အာဟာရ ဖြစ်စေမည့် အစားအစာများ

Wednesday, April 29, 2015


Swesone Media Group
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.comFacebook Page  Twitter   Google+
အပြည့်အစုံသို့ >>

သားဦး မိခင်တို့ ပြုလုပ်မိတတ်သည့် အမှားများ

Wednesday, April 29, 2015


Swesone Media Group
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.comFacebook Page  Twitter   Google+
အပြည့်အစုံသို့ >>

ကိုယ်ဝန်ဆောင်စဉ် မိန်းမကိုယ်မှ သွေးဆင်းခြင်း

Wednesday, April 29, 2015


Swesone Media Group
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.comFacebook Page  Twitter   Google+
အပြည့်အစုံသို့ >>

စိတ်ကသိ ကအောက် ဖြစ်စရာ ကျန်းမာရေး ပြသနာ အလွယ်ဖြေရှင်းနည်းများ

Wednesday, April 29, 2015


Swesone Media Group
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.comFacebook Page  Twitter   Google+
အပြည့်အစုံသို့ >>

သားသား မီးမီး ရလိုသူ အိမ်ေထာင်သည် စုံတွဲတိုင်း စားသင့်သော အကောင်းဆုံး အစာများ

Wednesday, April 29, 2015


Swesone Media Group
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.comFacebook Page  Twitter   Google+
အပြည့်အစုံသို့ >>

ဘယ်တော့မှ လက်မြောက် အရှုံးမပေးတတ်တဲ့ ဟွန်းဒါး

Wednesday, April 29, 2015
ဂျပန်နိုင်ငံက .မော်တော်ကားနဲ့ မော်တော် ဆိုင်ကယ်တွေ. တကမ္ဘာလုံးကို တင်ပို့နေတဲ့. ဟွန်းဒါး(Honda) ဆိုတာ .ကြားဖူးကြမှာပါ။. ဟွန်းဒါး ကုမ္ပဏီကို စတင် တည်ထောင်သူက. ဂျပန်လူမျိုး ဟွန်းဒါးပါ။. နာမည် အပြည့်အစုံက. Soichiro_Honda (ဆိုချီယို ဟွန်းဒါး )ဖြစ်ပါတယ်။. ဟွန်းဒါးကို. အနောက်နိုင်ငံက. သတင်းစာ .မဂ္ဂဇင်းတွေမှာ .အခက်အခဲနဲ့ ဘယ်လောက်ကြုံကြုံ. ဘယ်တော့မှ အရှုံမပေးတဲ့ လူလို့ ချီးကျူးရေးသား ကြပါတယ်။ .ဘာဖြစ်လို့. ဂျပန်လူမျိုးတယောက်ကို. အနောက်နိုင်ငံတွေက .ချီးမွန်းနေရတာလဲ ဆိုတာ .လေ့လာကြည့်ကြ ရအောင်။

၁၉၃၈ခုနှစ်မှာ .အသက်၂၁နှစ် အရွယ် လူငယ်လေး ဟွန်းဒါးဟာ .မော်တော်ကား အင်ဂျင်မှာသုံးတဲ့. ပစ္စတင်ကွင်း (Piston_Ring )လေးတွေကို .သူ့ရဲ့ကားပြင်တဲ့ အလုပ်ရုံမှာ. စမ်းသပ်ထုတ်လုပ်တယ်။ .အောင်မြင်ရင်. တိုယိုတာမော်တော် ကားကုမ္ပဏီကြီးကို .သူ့ပစ္စည်းတွေ သွင်းမယ်ပေါ့။ .အလုပ်ရုံထဲမှာ .တယောက်ထဲ .နေ့ရော.ညရော. တကုပ်ကုပ်နဲ့ကြိုးစား ပမ်းစားလုပ်တယ်။. ပိုက်ဆံမလောက်လို့. သူ့မိန်းမရဲ့ လက်ဝတ် လက်စားတွေရောင်းချပြီး. ဆက်လုပ်တယ်။.နောက် ဆုံးအောင်မြင်စွာ. ထုတ်လုပ်နိုင်ခဲ့ပြီ။ .ပစ္စည်းနမူနာအချို့ကို ယူပြီး. တိုယိုတာ ကုမ္ပဏီကို သွားပြတယ်။. သူ့ပစ္စတင်ကွင်းတွေဟာ. စမ်းသပ်ရင်း. တချို့ကျိုးကုန်လို့. Quality အရည်အသွေး မမှီဘူးဆိုပြီး. ပယ်ချလိုက်ပါတယ်။. သူစိတ်ပျက်လက်လျှော့ သွားပြီလား။.---နိုး---

သူဟာ.သ တ္တုကျိုစပ်နည်း ကိုကောင်းကောင်း မသိလို့ဖြစ်မှာပဲ ဆိုပြီး. အင်ဂျင်နီယာကျောင်း သွားတက်တယ်။ .ကျောင်းက. အင်ဂျင်နီယာတွေက .သူ့ရဲ့ ပစ္စတင်ကွင်းကို ကြည့်ပြီး. ဝိုင်းဟားကြတယ်။. သူရှက်ပြီး. စိတ်ပျက်သွားပြီလား။.---နိုး---

၂နှစ်ကြာအောင်. သူ့ရဲ ပစ္စတင်ကွင်းတွေကို. ဆက်လုပ်တယ်။ .နောက်ဆုံး .အောင်မြင်သွားလို့. တိုယိုတာ ကုမ္ပဏီက .လက်ခံပြီး. ပစ္စည်းတွေ သွင်းဖို့.ကန်ထရိုက် စာချုပ်ချုပ်လိုက်တယ်။

အခု.ဟွန်ဒါးဟာ. ပစ္စည်းထုတ်လုပ်ဖို့. စက်ရုံတခုဆောက်ဖို့ လိုလာပြီ။. ဒါပေမဲ့. အဲဒီအချိန်မှာ .ဒုတိယက မ္ဘာစစ်ကြီးစတင်တော့မှာမို့. ဂျပန်စစ်တပ်က. ဘိလပ်မြေတွေ အကုန် သိမ်းထားတယ်။. ဟွန်းဒါးဟာ. ဘိလပ်မြေကို. ဘယ်မှာမှ .ဝယ်လို့မရတော့ဘူး။. ဟွန်းဒါး စိတ်ပျက် သွားပြီလား။---နိုးနိုး---

သူဟာ .ရတဲ့ ပစ္စည်းနဲ့ ဘိလပ်မြေ ထုတ်လုပ်နည်းကို တီထွင် လိုက်တယ်။. သူကိုယ်တိုင် ထုတ်တဲ့ ဘိလပ်မြေနဲ့. စက်ရုံကိုကွန်ကရစ်လောင်းပြီး. အပြီးတည်ဆောက် လိုက်တယ်။

စက်ရုံဆောက်တာ.ပြီးသွားပြီ။. ပစ္စတင်ကွင်းတွေ. စထုတ်တော့မယ်။. ဒုတိယ ကမ္ဘာစစ်ကြီးဖြစ်နေတုံးမို့. သူ့စက်ရုံဟာ. အမေရိကန်စစ်လေယဉ်တွေ့ရဲ့ ဗုံးကြဲချခြင်းကို. -၂ကြိမ်တိုင်တိုင် ခံလိုက်ရတယ်။. စက်ရုံဟာ. အတော် ပျက်စီးသွားတယ်။.ပိုဆိုးတာက .ပစ္စတင်ကွင်းလုပ်ဖို့. သံထည် ပစ္စည်းတွေ ရှာမရတော့ဘူး။. ဂျပန်စစ်တပ်က. သံပစ္စည်းတွေ အကုန်သိမ်းထားလိုက်ပြီ။. သူစိတ်ဓါတ်ကျပြီး. လက်လျှော့ လိုက်ပြီလား။---နိုးနိုး---

သူဟာ .အမေရိကန် စစ်လေယဉ်တွေက .ပစ်ချလိုက်တဲ့ ဓါတ်ဆီပုံး အလွတ်တွေကို .ကောက်ထား သူတွေဆီကနေ. လိုက်ဝယ်တယ်။. အဲဒါတွေနဲ့ .ဓါတ်ဆီပုံးခွံတွေကို .သံရည်ကြိုချက်ပြီး. ပစ္စတင်ကွင်း စတင်ထုတ်လုပ်တယ်။. သိတ်မကြာခင်မှာပဲ.မြေငလျင်လှုပ်လို့. သူစက်ရုံပြိုကျ ပျက်စီးသွားတယ်။ .ငါ.ဒီလောက်တောင် .ကံဆိုးလှချည်လားကွာ ဆိုပြီး. စိတ်ဓါတ်ကျအရှုံးပေး လိုက်ပြီလား။---နိုးနိုး---

၁၉၄၅ခုနှစ် .ဒုတိယ ကမ္ဘာစစ်ကြီးပြီးသွားပြီ။. အဲဒီအချိန်မှာ .ဓါတ်ဆီ အရမ်းရှားသွားလို့. ဂျပန်လူမျိုတွေဟာ .ကုန်းကြောင်းလျှောက်ရင်လျှောက် .မဟုတ်ရင် .စက်ဘီးစီးပြီး သွားလာနေရတယ်။. ဟွန်းဒါးက. ဓါတ်ဆီအစား သက်သာတဲ့. အင်ဂျင်အသေးလေး တလုံးကို. ကိုယ်တိုင်ထုတ်လုပ်ပြီး သူ့စက်ဘီးမှာမှာ တပ်လိုက်ပြီး. တနေရာနဲ့တနေရာကို သွားလာတယ်။.အိမ်နီးချင်းတွေက. သဘောကျပြီး .သူ့ကိုအဲဒီလို. အင်ဂျင်အသေးလေး တပ်ထားတဲ့ စက်ဘီးတွေလုပ်ပြီး .ရောင်းပေးဖို့ပြောကြတယ်။. သူလဲ .အဲဒီစက်ဘီးလေး (နောက်တော့. ဆိုက်ကယ်လို့ခေါ်တယ်)တွေ .ရောင်းပေးတယ်။. တဖြည်းဖြည်းနဲ့.လူသိများလာပြီ .အော်ဒါတွေ မှာကြတယ်။. အင်ဂျင်လုပ်ဖို့. သံထည် ရှားပါးတာရယ် .သူ့မှာငွေကြေး မလောက်တာရယ်ကြောင့်. ဆိုင်ကယ်လေးတွေ ထပ်မထုတ်နိုင်တော့ဘူး။. ပစ္စည်းအော်ဒါမှာ သူတွေကို .ပစ္စည်း မထုတ်နိုင်တော့ကြောင်းတောင်းပန်ရတယ်။. သူစိတ်ပျက်သွားပြီလား။ ---နိုးနိုးနိုး---

ဟွန်းဒါးဟာ .စက်ဘီးဆိုင်ပေါင်း (၁၈,၀၀၀)က. ဆိုင်ပိုင်ရှင်တွေဆီကို. စာပို့လိုက်ပါတယ်။. စာထဲမှာ. ဒုတိယ ကမ္ဘာစစ်ရှုံးသွားတဲ့ ဂျပန်နိုင်ငံရဲ့ စီးပွားရေးပြန် လည်ကောင်းလာဖို့. သူကြိုးစားနေတာမို့. သူ့ကိုကူညီပြီး အစုငွေထဲ့ ဝင်ကြဖို့ရေးထားပါတယ်။ .ဆိုင်ရှင်ပေါင်း (၅,၀၀၀)ဆီက .စာပြန်လာတယ်။. သူ့ကို ကူညီမယ်ပေါ့။ .သူ့ဆီမှာ. အစုငွေထဲ့မယ်ပေါ့။ .အစုငွေတွေနဲ့. အသေးစား အင်ဂျင်တပ် ဆိုင်ကယ်လေးတွေ. ထုတ်တယ်။ .ရောင်းရလွန်းလိ့.. SuperCub စူပါကပ် ဆိုင်ကယ်ဆိုပြီးနာမည်ကျော် သွားတယ်။ .စူပါကပ်တွေကို. အမေရိကန်နဲ့ ဥရောပနိုင်ငံတွေကို .အမြောက်အများ တင်ပို့နေရတယ်။

၁၉၇၀ခုနှစ်မှာ .တကမ္ဘာလုံးရေနံ ရှားပါးသွားတယ်။. အကွက်မြင်တဲ့ ဟွန်းဒါးဟာ .သူ့ဟွန်းဒါး ကားကုမ္ပဏီကနေ .ဆီစားသက်သာတဲ့ ကားသေးသေးလေးတွေ စတင်ထုတ်လုပ်ပြီး. အနောက်နိုင်ငံတွေကို. တင်ပို့တော့တယ်။. အနောက်နိုင်ငံတွေကလဲ. ဆီစားသက်သာပြီး .ဒီဇိုင်းလှလှလေးတွေနဲ့ ထုတ်လုပ်ထားတဲ့ ဟွန်းဒါးကားလေးတွေကို .ကြိုက်ကြလွန်းလို့. အလုအယက်မှာကြတယ်။. ဝယ်ကြတယ်။

ယနေ့.ဟွန်းဒါးမော်တော်ကား ကုမ္ပဏီကြီဟာ .ဂျပန်နိုင်ငံသာမကပဲ .အမေရိကန်နဲ့ဥရောပနိုင်ငံတွေမှာပါ. ကားထုတ်လုပ်တဲ့ စက်ရုံပေါင်း များစွာထောင်ပြီး .အဲဒီစက်ရုံတွေမှာ .အလုပ်သမား သိန်းချီ လုပ်ကိုင်နေကြပါတယ်။

မိတ်ဆွေတို့. လုပ်ငန်းတခုခုလုပ်တာ. မအောင်မြင်လို့. လက်မြောက် အရှုံးပေးချင်လာရင် .ဘယ်တော့မှ အရှုံးမပေးတတ်တဲ့ ဆိုချီယိုဟွန်းဒါးကို .ပြေးမြင်ကြည့် လိုက်ကြပါ။

ဟွန်းဒါးရဲ့ မှတ်သားစရာစကား တခုကတော့. "အောင်မြင်မှုမှာ. ရှုံးနိမ့်မှု(၉၉)ရာခိုင်နူန်း ပါတယ်"တဲ့။

ဆိုချီယိုဟွန်းဒါးဟာ .အသက်၈၅နှစ်အရွယ်. -၁၉၉၁ခုနှစ် .သြဂုတ်လ၅ရက်နေ့မှာ .ကွယ်လွန် သွားခဲ့ပါတယ်။


မူရင်းလင့်ခ်: သိန်းဖေရဲ့မျှဝေပေးချင်သောအတွေးအမြင်များ
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
အပြည့်အစုံသို့ >>

Samsung Devices & Nexus Devives For Total Solution 2.0

Wednesday, April 29, 2015

Samsung Devices & Nexus Devives များအတွက် Total Solution version 2.0 ကို မိတ်ဆက်ပေး လိုက်ပါတယ်။

Font ပြုလုပ် မျှဝေသူကတော့ Ko Aung Thura ( MMUG ) ဖြစ်ပါတယ်။ Android version 4.4.2 မှ လက်ရှိ 5.1 အထိ

support ပေးပါတယ်။ Font zip ကိုတော့ custom recovery ကနေ install လုပ်ပေး ရမှာဖြစ်ပါတယ်။

COC မြန်မာစာ အဆင်ပြေစေရန် COC အတွက်ပါ တင်ပေး ထားပါတယ်။ Unicode သုံးလိုသူတွေကတော့

Font style ကနေ ပြောင်းသုံးရပါမယ် ခင်ဗျာ။ Firefox Broswer ကလွဲပြီး Zawgyi ရရှိမှာပါ။

မှတ်ချက် – Wikipedia application ဖတ်မရပါ။ ( Firefox Browser ဖြင့်ဖတ်ပါ။ )


Changes Logs 
မြန်မာစာ ( Zawgyi Base )
S6 Edge Fonts Database
Fixed Fonts




Font Style မှပြောင်းသုံးရန်



(>‿◠) အဆင်ပြေကြပါစေ ။။။





Join my Facebook & Gmail
24seven.2s@gmail.com
-------------------------------------- 
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
အပြည့်အစုံသို့ >>

Facebook Messenger ကို ဗီဒီယို chat ဖြင့် အသုံးပြုနိုင်မည်

Wednesday, April 29, 2015
ဗီဒီယို chat သည် သူငယ်ချင်းများနှင့် မိသားစု များအကြား အပြန်အလှန် ဆက်သွယ်ရာတွင် အလွန် အသုံးဝင်သည့် နည်းလမ်းတစ်ရပ် ဖြစ်လာခဲ့ပြီးနောက် Facebook က အဆိုပါ လုပ်ဆောင်ချက်ကို Messenger app တွင် ထည့်သွင်းပေးခဲ့သည်။

Facebook သုံးစွဲသူများသည် မကြာမီတွင် Messenger app ကို အသုံးပြုကာ Wi-Fi နှင့် ဆယ်လူလာ ကွန်ရက်များပေါ်မှတစ်ဆင့် သူငယ်ချင်း သို့မဟုတ် မိသားစုများဖြင့် မျက်နှာချင်းဆိုင် စကားပြောဆိုမှု ပြုလုပ်နိုင်မည် ဖြစ်သည်။ Facebook Messenger တွင် ဗီဒီယို chat ပြုလုပ်ရန်အတွက် app ၏ ထိပ်ဘက်ရှိ ဗီဒီယိုကင်မရာ icon ကိုနှိပ်၍ အသုံးပြုရမည် ဖြစ်သည်။ အဆိုပါ ဝန်ဆောင်မှုကို Apple ထုတ်ကုန်များနှင့် Google ၏ Android ဆော့ဖ်ဝဲ အသုံးပြုထုတ်ကုန်များတွင် အသုံးပြနိုင်မည် ဖြစ်သည်။

Facebook ၏ Messenger video chat သည် Apple FaceTime, Google Hangouts နှင့် Microsoft Skype တို့အပါအဝင် ပြိုင်ဘက်များစွာဖြင့် ယှဉ်ပြိုင်သွားမည် ဖြစ်သည်။


Messenger video chat သည် ကောင်းမွန်သည့် အသံနှင့် ဗီဒီယိုအရည်အသွေးကို ထောက်ပံ့ပေးနိုင်ပြီး ကွဲပြားခြားနားသည့် အင်တာနက်ချိတ်ဆက်မှုများမှတစ်ဆင့် အသုံးပြုနိုင်မည်ဟု Facebook မှ ပြောကြားခဲ့သည်။

Facebook messaging ၏ ထုတ်ကုန်ဆိုင်ရာ အကြီးအကဲဖြစ်သူ စတန်ချတ်နော့စကီးက “အမေရိကန်မှာနေတဲ့ iPhone သုံးစွဲသူတစ်ယောက်က အိန္ဒိယမှာနေတဲ့ Android သုံးစွဲသူ တစ်ယောက်ဆီ ဖုန်းခေါ်ဆိုမှု ပြုလုပ်နိုင်စေဖို့ ကျွန်တော်တို့ ဆန္ဒရှိပါတယ်” ဟု ပြောကြားခဲ့သည်။

အင်တာနက်ပေါ်တွင် အသံဖြင့် chat ပြုလုပ်သူ ၁၀ ရာခိုင်နှုန်းသည် Messenger ကို သုံးစွဲသူများ ဖြစ်ကြောင်း Facebook မှ ပြီးခဲ့သည့် ရက်သတ္တပတ်က ကြေညာခဲ့သည်။ အဆိုပါ feature ကို လွန်ခဲ့သည့် နှစ်နှစ်ခန့်က ဖြန့်ချိခဲ့ခြင်းဖြစ်သည်။

Ref: CNET
Internet Journal
http://internetjournal.media/news/2381
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
အပြည့်အစုံသို့ >>

ကွန်ပျူတာတက္ကသိုလ် ပါရဂူဘွဲ့သင်တန်းသားများခေါ်ယူ

Wednesday, April 29, 2015
ရန်ကုန် ကွန်ပျူတာ တက္ကသိုလ်နှင့် မန္တလေး ကွန်ပျူတာ တက္ကသိုလ်များတွင် ကွန်ပျူတာပါရဂူ (PhD-IT) သင်တန်းသားများ ခေါ်ယူနေကြောင်း သိရသည်။ ပါရဂူဘွဲ့အကြို သင်တန်းများကို ဇွန်လ ၆ ရက်တွင် စတင်ဖွင့်လှစ် သင်ကြားပေးသွားမည် ဖြစ်သည်။

တက်ရောက် လိုသူများ အနေဖြင့် ကွန်ပျူတာ ဘာသာရပ် (သို့မဟုတ်) သတင်း အချက်အလက်နှင့် နည်းပညာဆိုင်ရာ ဘာသာရပ် အထူးပြုဖြင့် မဟာဘွဲ့တစ်ခုခု ရရှိသူပြီးသူများ တက်ရောက်နိုင် မည်ဖြစ်ပြီး ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဌာန၏ ခွင့်ပြုချက်ဖြင့် လျှောက်ထားနိုင် မည်ဖြစ်သည်။ သင်တန်းအား အချိန်ပြည့် တက်ရောက်နိုင်သူဖြစ် ရမည်ဖြစ်ပြီး တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများသည် Referee နှစ်ဦးထံမှ Letter of Recommendation ကို တင်ပြနိုင်ရမည်ဖြစ်သည်။

သင်တန်းမှာ အချိန်ပြည့် သင်တန်းဖြစ်ပြီး ပါရဂူဘွဲ့အကြိုသင်တန်း တစ်နှစ်နှင့် သုတေသနကျမ်းပြု နှစ်နှစ် တက်ရောက်ရမည်ဖြစ်သည်။ လျှောက်ထား သူများသည် အရည်အချင်းစစ် ၀င်ခွင့် စာမေးပွဲအတွက် မေလ ၂၃ ရက်တွင် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်နှင့် မန္တလေး ကွန်ပျူတာ တက္ကသိုလ်များ၌ အင်္ဂလိပ်စာကို နံနက် ၉ နာရီမှ နေ့ လယ် ၁၂ နာရီအထိလည်းကောင်း၊ သက်ဆိုင်ရာ ဘာသာရပ်ကို မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီ အထိ လည်းကောင်း ဖြေဆိုရမည် ဖြစ်သည်။

ရေးဖြေစာမေးပွဲအောင်မြင်ပြီးသူများသည် ဇွန်လ ၁ ရက်နှင့် ၂ ရက်များတွင် ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်နှင့် မန္တလေးကွန်ပျူတာ တက္ကသိုလ်များတွင် လူတွေ့ဖြေဆို ရမည်ဖြစ်ပြီး အိုင်တီနယ်ပယ်တွင် လုပ်သက် အတွေ့အကြုံ ၁၅ နှစ်နှင့်အထက်ရှိပြီး အိုင်တီ ဘာသာရပ်တွင် မဟာဘွဲ့တစ်ခုခု ရရှိပြီးသူများသည် အရည်အချင်းစစ် ဝင်ခွင့်စာမေးပွဲကို ဖြေဆိုရန်မလိုဘဲ သီးခြားလျှောက်ထားနိုင်မည်ဖြစ်သည်။

လျှောက်လွှာများကို မေလ ၈ ရက် နောက်ဆုံးထားကာ လျှောက်ထားရမည်ဖြစ်ပြီး ရန်ကုန်ကွန်ပျူတာတက္ကသိုလ် ဖုန်း-၀၁-၆၁၀၈၈၉၊ ၆၁၀၆၅၅ နှင့် မန္တလေးကွန်ပျူတာတက္ကသိုလ် ဖုန်း- ၀၉၆၅၀၅၀၁၂၊ ၀၉၆၅၀၂၂၁၅ သို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်မည်ဖြစ်သည်။

Internet Journal
http://www.internetjournal.media/news/2352
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
အပြည့်အစုံသို့ >>

အထက်တန်းအထိ အခမဲ့ပညာရေးစနစ် ယခုနှစ်စမည်

Wednesday, April 29, 2015
www.englishstudents.ch
ရန်ကုန်၊ ဧပြီ ၂၇

ပညာရေး ဝန်ကြီးဌာနက မူလတန်းမှ အလယ်တန်းအဆင့်အထိ ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းလခနှင့် ပြဋ္ဌာန်း စာအုပ်များ ပံ့ပိုးပေးနေရာမှ ၂၀၁၅-၂၀၁၆ ပညာသင်နှစ်မှစ၍ အထက်တန်း အဆင့်အထိ အခမဲ့ပညာရေးစနစ် ကျင့်သုံး မည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှ စုံစမ်း သိရှိရသည်။ ယခု ပညာသင်နှစ်တွင် အထက်တန်းအဆင့် ပြဋ္ဌာန်းစာအုပ်နှင့် ကျောင်းလခကြေးများ အခမဲ့ ပံ့ပိုးပေးရန် အသုံးစရိတ် ရရှိပြီး ဖြစ်ကြောင်း အဆိုပါ ဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက အတည်ပြု ပြောကြားသည်။

ယခင်က အလယ်တန်းအဆင့် အထိသာ အခမဲ့ဖြစ်ခဲ့သော်လည်း ၂၀၁၅-၂၀၁၆ ခုနှစ်တွင် အထက်တန်းကျောင်းသားများကို မိဘဆရာ အသင်းကြေး၊ အားကစား၊ စာရေးကိရိယာနှင့် စာကြည့်တိုက်ကြေးများ ကင်းလွတ်မည် ဖြစ်ပြီး ကောက်ခံပါက သက်ဆိုင်ရာ ပညာရေးမှူးရုံးများသို့ တိုင်ကြားနိုင်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

“ဒီလိုပေးမယ် ဆိုတော့ ဝမ်းသာစရာပေါ့။ ဆရာမတို့တော့ မသိသေးဘူး။ ကျောင်းကလည်း အဲဒါနဲ့ ပတ်သက်ပြီး အစည်းအဝေး မလုပ်ကြသေးဘူး” ဟု ရန်ကုန်မြို့တော်ရှိ အထက်တန်းပြ ဆရာမတစ်ဦးက ပြောကြားသည်။

၂၀၁၂-၂၀၁၃ ခုနှစ်တွင် မူလတန်းအဆင့် ကျောင်းသားတိုင်းကို ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ်နှင့် ငွေကျပ်တစ်ထောင် ထောက်ပံ့ပေးပြီး ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် အလယ်တန်းအဆင့် ကျောင်းသားတိုင်းကို အခမဲ့အဆင့်အဖြစ် တိုးချဲ့ခဲ့ကြောင်း ပညာရေး ဝန်ကြီးဌာနမှ သိရှိရသည်။

“မိဘတွေတော့ အကုန်အကျ သက်သာသွားတာပေါ့” ဟု မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ်မှ နဝမတန်း ကျောင်းသားမိဘတစ်ဦးက The Voice သို့ ပြောဆိုသည်။

မြန်မာနိုင်ငံတွင် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် မူလတန်းအဆင့်၌ ကျောင်းသား ၅၂ သိန်းကျော်၊ အလယ်တန်းအဆင့်၌ ကျောင်းသား ၂၇ သိန်းကျောင်းနှင့် အထက်တန်းအဆင့်၌ ကျောင်းသားရှစ်သိန်းကျော် ရှိကြောင်း ပညာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

“ထောက်ပံ့ပေးတာလည်း ပေးတာပေါ့။ ကျောင်းတွင်း ကိုလည်း ပြည့်စုံအောင် လုပ်ပေးစေချင်တယ်။ မူလတန်းအဆင့် ကျောင်းသားတွေကို အရင်ပြည့်စုံအောင် လုပ်ပေးသင့်တာ” ဟု ပညာရေး ဝန်ထမ်း တစ်ဦးက မှတ်ချက်ပြု ပြောကြားသည်။

ယင်းအပြင် ပညာရေး ဝန်ကြီးဌာန အနေနှင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် အသုံးစရိတ်အားလုံး၏ ၅ ဒသမ ၉၆ ရာခိုင်နှုန်း ခွဲဝေရရှိခဲ့ကြောင်း ပညာရေး ဝန်ကြီးထံမှ သိရှိရသည်။

The Voice Journal
http://thevoicemyanmar.com/index.php/news/item/6645-aht#sthash.0XjFCApI.dpuf
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
အပြည့်အစုံသို့ >>

မူလတန်းအဆင့် ကျောင်းသားတိုင်း ကျောင်းစိမ်းအင်္ကျီများ ဇွန်လကုန် စပေးမည်

Wednesday, April 29, 2015
ရန်ကုန်၊ ဧပြီ ၂၇

ပညာရေး ဝန်ကြီးဌာနက နိုင်ငံတစ်ဝန်းမှ မူလတန်းအဆင့် ကျောင်းသားတိုင်းကို ကျောင်းလခနှင့် ပြဌာန်းစာအုပ်များ အခမဲ့ သတ်မှတ်ပေး ထားသည့်အပြင် ကျောင်းစိမ်း ဝတ်စုံ တစ်စုံစီကို လာမည့် ဇွန်လကုန်တွင် စပေးမည်ဖြစ်ကြောင်း အခြေခံပညာ ဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက The Voice သို့ ပြောကြားသည်။

“အခုဆိုရင် တချို့ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေ ရောက်နေပြီ။ မရောက်သေး တာတွေတော့ ရှိသေးတယ်။ ဇွန်လကုန်တော့ အကုန်စပေးမှာပါ” ဟု ၎င်းက ပြောဆိုသည်။

ပညာရေး ဝန်ကြီးဌာနက ဇွန်လ ၁၅ ရက် နောက်ဆုံး အခြေခံပညာကျောင်းတိုင်းကို အရောက်ပို့ပေးမည် ဖြစ်ကြောင်း၊ အချို့အခြေခံပညာ ကျောင်းများသို့ ကျောင်းဝတ်စုံများ ရရှိနေပြီဖြစ်ကြောင်း ပညာရေး ဝန်ထမ်းများထံမှ စုံစမ်းသိရှိရသည်။

“ရန်ကုန်တိုင်းကိုတော့ ကျောင်းဝတ်စုံတွေ ရောက်နေပါပြီ” ဟု ရန်ကုန်တိုင်း ပညာရေးမှူးရုံး တာဝန်ရှိသူတစ်ဦးက အတည်ပြုသည်။

အလားတူ မကွေးတိုင်းဒေသကြီး အခြေခံပညာကျောင်း အချို့ကိုလည်း ကျောင်းစိမ်းဝတ်စုံများ ရောက်ရှိနေပြီဖြစ်၍ ကျောင်းအပ်နှံမည့်နေ့တွင် ကျောင်းဝတ်စုံများ တစ်ပါတည်းပေးမည် ဖြစ်ကြောင်း ယင်းတိုင်းဒေသကြီး မူလတန်း ကျောင်းအုပ်ဆရာတစ်ဦးက The Vocie သို့ ပြောကြားသည်။

ကျောင်းစိမ်းဝတ်စုံများ ပံ့ပိုးပေးမည့် အစီအစဉ်ကို ပညာရေးဝန်ကြီး ဒေါက်တာဒေါ်ခင်စန်းရီက ဒီဇင်ဘာလ ၅ ရက်က နေပြည်တော်တွင် ကျင်းပသော ကမ္ဘာ့အမျိုးသမီးများဖိုရမ်တွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

The Voice Journal
http://thevoicemyanmar.com/index.php/news/item/6650-mlt
-------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
အပြည့်အစုံသို့ >>

အရွယ်တင်ခြင်း နည်းလမ်းကောင်း (၁၀)ချက်ကို ကျင့်သုံးရဲ့လား

Wednesday, April 29, 2015
ကိုယ့်အရေပြားတွေ အိုမင်း လက္ခဏာ စတင်ပြသ လာပြီလား။ မျက်နှာ အရေပြားလေးများ တွန့်ခေါက်လာခြင်း၊ နဖူးပေါ်မှာ အမည်းစက် လေးများ ထင်လာခြင်း၊ နှုတ်ခမ်း အရေပြားတွေ ကျုံ့လာခြင်း၊ မျက်ရစ်တွေ တွဲကျ လာခြင်းစသည့် လက္ခဏာများကို မြင် လာရပြီလား။ အိုမင်းမှု ကာကွယ်ဆေးဆိုပြီး ရောင်းနေတာတွေ သောက်မည့်အစား ဘ၀နေမှုစတိုင် နည်းနည်းလေး ပြောင်းကြည့်ပါ လား။ နေပုံထိုင်ပုံ စားပုံသောက်ပုံ နည်းနည်းလောက် ပြောင်းလိုက်ရုံနဲ့တင် အရေပြားများ လတ်ဆတ် ကျန်းမာကာ လူက နုပျိုလာနိုင်သည့် နည်းလမ်းကောင်း (၁၀)ချက်ရှိသည်။

နေရောင်နဲ့ တိုက်ရိုက်ထိချိန် သိပ်မများ အောင် ဂရုစိုက်ပါ။

နေရောင်နဲ့ များများထိခြင်းသည် အရေပြားများ စောစီးစွာ အိုမင်းစေသည့် အကြောင်းရင်း တစ်ချက်ဖြစ်သည်။ နေအပြင်းဆုံး နေ့လယ်အချိန် များတွင် အမိုးအကာ အောက်မှာနေပါ။ နေရောင်ပြင်းသည့် အချိန်မျိုး မဖြစ်မနေ အပြင်ထွက်ရမည် ဆိုပါ SPF ပမာဏ လုံလောက်စွာ ပါဝင်သော နေရောင်ကာ လိမ်းဆေးများ လိမ်းပါ။ နေရောင်ထဲ မထွက်ခင် မိနစ်(၂၀)၊(၃၀) လောက် ကြိုပြီးလိမ်းပါ။ နေရောင်ထဲ ထွက်နေချိန်တွင်လည်း နှစ်နာရီခြား တစ်ခါလောက် ထပ်လိမ်း ပေးပါ။ သို့ပါမှ နေရောင်ကာ လိမ်းဆေး ခြောက်သွားကာ ကာကွယ်နိုင်စွမ်း ကျသွား မည့် အန္တရာယ်ကို လျှော့ချနိုင်မည်။

ရေဓာတ်ပြည့်နေပါစေ။

အသက်အရွယ် ထက်ပိုပြီး အရေပြားက အိုမင်းနေပြီဆိုလျှင် မိမိ ရေလုံလောက်အောင် မသောက်သောကြောင့် ထိုသို့ဖြစ်ရ သည်ဟု သတိရပါ။ ခန္ဓာကိုယ် ရေဓာတ် ခန်းခြောက်ခြင်းသည် အရေပြားများ ကျုံ့စေ၊ ခြောက်စေ၊ ကွာစေသည့် အဓိက တစ်ချက်ဖြစ် သည်။ အရေပြားတွေ စိုကာ နုပျိုတင်းရင်း နေဖို့ ဆိုလျှင် ခန္ဓာကိုယ် ရေဓာတ် မပြတ်ဖို့ လိုအပ် သည်။ ရေဓာတ် မလုံလောက်၍ အရေပြားများ ခြောက်ကပ် လာခြင်းသည် မလိုအပ်ဘဲ ပါးရေနားရေ တွန့်ခြင်း အကြောင်းရင်းဖြစ်သည်။ ရေဓာတ်အများစုဖြင့် ဖွဲ့စည်းထားသော လူ့ခန္ဓာကိုယ် လှပရေးတွင် ရေဓာတ် လုံလောက်စွာ ရဖို့အရေးသည် ထိပ်ဆုံး လိုအပ်ချက် တစ်ရပ်ဖြစ်သည်။

ဆေးလိပ်တော့ ဖြတ်ပါ။

ဆေးလိပ် သောက်ခြင်းကြောင့် အဆုတ် ကျန်းမာရေးအပါအ၀င် ဆိုးကျိုးများစွာ ရှိရာ ထိုအထဲတွင် အရေပြားများ ပျက်စီးခြင်းလည်း ပါဝင်သည်။ ဆေးလိပ် သောက်ခြင်းကြောင့် အရေပြားများသို့ သွေးနှင့် အာဟာရဓာတ် ပေးပို့မှု အားနည်းသွား ရတတ်ကာ အာဟာရ ပြတ်လပ်သော အရေပြားသည် ယိုယွင်းကာ မြန်မြန် အိုမင်းလာရသည်။ ထိုအခါ အရေပြားသည် စိုစွတ်မှု ပျောက်ဆုံးကာ တင်းတင်းရင်းရင်းလည်း မရှိတော့။ ဆေးလိပ် သောက်နေချိန်တွင် မျက်လုံးထဲ မီးခိုးမ၀င်အောင် မျက်လုံး ကြွက်သားများက ကျုံ့ထားရမှု၊ ပါးစပ်က တဖွာဖွာ လုပ်နေရမှု များကြောင့် မျက်လုံးနှင့် ပါးစပ်တစ်ဝိုက် အရေပြားများ ကျုံ့ခေါက် ကုန်ရတတ်သည်။

အိပ်ရေးဝပါစေ။

အိပ်ရေးမ၀လျှင် ခန္ဓာကိုယ်က ကော်တီ ဇုန်းဓာတ်တွေ ပိုထွက်သည်။ ကော်တီဇုန်း၏ ဆိုးကျိုးများ အနက် တစ်ခုကား အရေပြားဆဲလ် များကို ဖျက်ဆီးခြင်း ဖြစ်သည်။ အိပ်ရေးဝလျှင်ကား ခန်္ဓာကိုယ်က HGH ဟော်မုန်းများ ထုတ်ပေးသည်။ ထိုဟော်မုန်းသည် အရေပြား များကို စိုစွတ်တင်းရင်း ကျန်းမာစေ နိုင်စွမ်းရှိသည်။ အိပ်ရေးဝလျှင် မျက်နှာသည်လည်း တင်းတင်းရင်းရင်း တောက်တောက်ပပ ရှိနေ တတ်သည်မှာ ထိုဟော်မုန်း သက်ရောက်မှု ဖြစ်သည်။ အိပ်ရေးမ၀လျှင် ဆန့်ကျင်ဘက် သက်ရောက်မှု အဖြစ် မျက်နှာ ချောင်နေတတ်သည် မဟုတ်ပါလား။

မျက်နှာ ယောဂ ကျင့်ပါ။

ယောဂ ကျင့်စဉ်များသည် စိတ်နှင့်ကိုယ်ကို ကျန်းမာစေသည်။ မျက်နှာအတွက် သီးသန့် ဖော်ထုတ်ထားသော ယောဂကျင့်စဉ် များသည်လည်း မျက်နှာ အသားအရေကို အထူး ကောင်းမွန်စေနိုင်သည်။ မျက်နှာ ယောဂ လေ့ကျင့်ခန်း ပုံမှန်လုပ်သူများသည် အိုမင်းလာသည့်တိုင် ငယ်နုသော မျက်နှာကို ပိုင်ဆိုင် နိုင်ကြမည်။ မျက်နှာ ယောဂလေ့ကျင့် နည်းများဆိုင်ရာ စာအုပ်ကောင်းများ ရှာဖွေ ဖတ်ရှုပါ။ သင်တန်းများနှင့် နီးစပ်ပါက သွားရောက် စုံစမ်းတက်ရောက်ပါ။ အင်တာနက် တွင်လည်း မျက်နှာ ယောဂဆိုင်ရာ နည်းနာ များစွာ လေ့လာနိုင်သည်။ မိမိနှင့် ကိုက်ညီ လိုက်ဖက် အကျိုးရှိမည့် မျက်နှာ ယောဂ လေ့ကျင့်ခန်း တစ်ခုခုကို ရွေးချယ် လိုက်စားပါ။

ကျန်းမာအောင် စားပါ။

ဟင်းသီးဟင်းရွက်၊ အသီးအနှံများ ကနေ ပရိုတိန်းဓာတ် များများရအောင် စားခြင်းသည် အရေပြားကို လတ်ဆတ် တင်းရင်း ကျန်းမာအောင် စောင့်ရှောက်ခြင်း မည်၏။ အသားစိမ်း ငါးစိမ်းများမှရသော အာဟာရ ဓာတ်များသည်လည်း ခန္ဓာကိုယ် ကျန်းမာ အားရှိဖို့ လိုအပ်သည် မှန်သော်လည်း အရေပြား လတ်ဆတ် ကျန်းမာစေရန်မူကား ဟင်းသီးဟင်းရွက် အသီးအနှံများမှရသော ပရိုတိန်းဓာတ်သည် အကောင်းဆုံးဖြစ်သည်။ လေကောင်းလေသန့်လည်း ရှူပါ။ လေသန့် လတ်လတ်ဆတ်ဆတ် ရနိုင်သည့် နေရာများမှာ ကျန်းမာရေး လေ့ကျင့်ခန်း လုပ်ခြင်းသည်လည်း အရေပြားများ တင်းရင်း ကျန်းမာဖို့ နည်းလမ်းကောင်းဖြစ်သည်။

စိတ်ဖိစီးမှု နည်းအောင် နေပါ။

စိတ်ဖိစီးလျှင် ကော်တီဇုန်းဓာတ် ထွက်သည်။ ကော်တီဇုန်းသည် ခန္ဓာကိုယ် ခုခံအား စနစ်ကိုပါ အားနည်းသွားအောင် လုပ်ပစ်နိုင်သည်။ အရေပြားဆဲလ် များကိုလည်း ဖျက်ဆီး ပစ်နိုင်စွမ်း ရှိ၏။ စိတ်ဖိစီးမှုကြောင့် ကော်တီဇုန်း များများ ထွက်သော ခန္ဓာကိုယ်သည် အရေပြား အပါးမြန်ကာ အရေပြား အားမရှိ ခြောက်ကပ် တွန့်ကျုံ့မှု ပိုဖြစ်ပွားသည်။ အကောင်းမြင်စိတ် မွေးခြင်းသည် စိတ်ဖိစီးမှု နည်းအောင် ကြိုးပမ်းခြင်းမည်၏။ တရားထိုင်ခြင်း သည်လည်း စိတ်ကို ခွန်အားဖြစ်စေကာ စိတ်ဖိစီးစေသည့် အခြေအနေများ အောက်မှာပင် မတုန်မလှုပ်သည့် စိတ်ဓာတ်ကို ပိုင်ဆိုင်ကာ ကိုယ်စိတ် ကျန်းမာအောင် ကူညီပေးနိုင်သည်။

အရေပြား အစိုဓာတ်ထိန်းရည် သုံးပါ။

ယနေ့ အမျိုးသမီးထုသည် အိုမင်းမှု အရှိန်နှေးစေမည့် ပစ္စည်းများဟု ကြော်ငြာသည့် အမျိုးမျိုး အထွေထွေသော အလှကုန် များကိုသာ အာရုံစိုက် မဲနေကြသည်။ ပကတိရိုး ရှင်းပြီး အန္တရာယ်လည်းကင်း၊ ထိလည်း ထိရောက်သော အရေပြား အစိုဓာတ်ထိန်း အရည် ပုံမှန်လိမ်းပေးရုံနဲ့တင် အရေပြား စိုစွတ် တင်းရင်း စေမည်ကို မေ့နေကြသည်။ စိုစွတ် ပျော့ပြောင်းသော အရေပြားသည် အက်ကွဲခြင်း ကင်းသလို၊ ကျုံ့ခြင်း ခေါက်ခြင်းလည်း ကင်းကာ ပကတိ စိုပြည် တင်းရင်းနေလိမ့်မည်။

မျက်နှာ အလွန်အကျွံ သစ်ခြင်း မလုပ်ရ။

ခန္ဓာကိုယ်ထဲ သောက်သွင်းလိုက်သော ရေဓာတ်သည် အရေပြားစိုပြည် ကျန်းမာအောင် ထောက်ကူ နိုင်သော်လည်း ထိုရေကို သုံးကာ အလွန်အက၊ွံ မျက်နှာသစ်ခြင်းသည်ကား အရေပြား ပျက်စီးစေမည့် အကြောင်းရင်း တစ်ချက်ဖြစ်သည်။ ပုံမှန် ဘုံဘိုင်ခေါင်းက လာသော ရေသည် အသားအရေကို စိုပြည်၊ ပါးရေ နားရေ မတွန့်အောင် ထိန်းပေးသည့် အဆီဓာတ်၊ အစိုဓာတ်များကို မျက်နှာမှ ဖယ်ရှားပစ်သဖြင့် မျက်နှာ အသစ်များပါက မျက်နှာ အရေပြားများ ခြောက်သွေ့အက်ကွဲမှု ဖြစ်ပွား ရတတ်သည်။

အရေပြားဆရာဝန်နဲ့ ဆွေးနွေးပါ။

အရေပြားဆိုင်ရာ ခရင်မ်တွေ၊ လိုးရှင်းတွေ၊ အခြား ဓာတုပစ္စည်း အရည်တွေ သုံးချင်ရင် အရေပြား ဆရာဝန်နဲ့ ဆွေးနွေးပြီး မိမိ အသားအရေနဲ့ ကိုက်ညီမှု ရှိမရှိ အကြံဉဏ် တောင်းခံပါ။ အရေပြားကို လွှာခြင်း၊ လေဆာ နဲ့ ထိုးခြင်းစသဖြင့် အရေပြားကို တစ်ခုခု လုပ်ကာ အလှပြင်မည့် အစီအစဉ်ရှိပါကလည်း တတ်ကျွမ်းနားလည်သော အရေပြား ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပြီးမှ ဆက်လုပ် ခြင်းသည် အကောင်းဆုံး ဖြစ်သည်။

Ref: Are you following these 10 anti-ageing tips? By Sunisha Amol Naik (thehealthsite.com)

The Messenger
http://www.messengernewsjournal.com/news/Health/detail.php?id=35411
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
အပြည့်အစုံသို့ >>

မိမိကိုမိမိ အရည်အသွေး အစစ်ခံလိုက်သော AIS

Wednesday, April 29, 2015
ကမ္ဘာ တစ်လွှားတွင် ဖွင့်လှစ်ထားသော International School များအတွက် ပညာ သင်ကြားနေကြသော ကျောင်းသူကျောင်း သားများ၏့ အရည်အသွေး အစစ်အမှန်ကို စစ်ဆေးသော ကမ္ဘာ့အဆင် မှီ Test များတွင် International School of Acccess ( I S A ) စာမေးပွဲသည် ကမ္ဘာ အသိအမှတ်ပြု Test ဟုလူသိ များပေသည်။ 

ကျနော်တို့ Ayeyarwaddy International School သည် ယခုစာသင်နှစ်တွင် အဆိုပါ Test ကို Grade 3 မှ Grade 10 အထိ ကျောင်းသူကျောင်းသားများအားလုံးကို ၀င်ရောင်ဖြေဆိုစေ ခဲ့ပါသည်။

ယခုနှစ် စာမေးပွဲကို ဖြေဆိုခဲ့သော ကမ္ဘာ့နိုင်ငံ အသီးသီးမှ ကျောင်းပေါင်း၂၂၆ ကျောင်းရှိပြီး…. 

၁။ အာရှတိုက်မှ ၉၅ ကျောင်း
၂။ ဥရောပမှ ၇၁ ကျောင်း
၃။ အာဖရိက နှင့် အရှေ့ အလယ်ပိုင်းနိုင်ငံများမှ ၄၂ ကျောင်း
၎။ အမေရိကန် မှ ၁၆ ကျောင်း ပါဝင်ဖြေဆို ခဲ့ပါသည်။ 

မြန်မာနိုင်ငံ ကိုယ်စား ရန်ကုန်မှ Yangon International School ( Y I S ) နှင့် မန္တလေး မှ AIS ပါဝင်ခဲ့ပါသည်။

AIS မှလွှဲ၍ ကျန်သောကျောင်းအားလုံးနှီးပါး English Native Speaker ကျောင်းသား ၂၅% အထက်ရှိသော ကျောင်းများဖြစ်ကြပါသည်။ 

AIS အတွက် သတင်းကောင်းမှာ….အဆိုပါ ၂၂၆ ကျောင်းနှင့် နိုင်းယှဉ်လိုက်သောအခါ …
Native Speaker 0% ဖြစ်သော မန္တလေးမှ AIS ၏ ကျောင်းသူကျောင်းသားများသည်…

Math တွင် အလယ်အထက်အဆင့်
Writing တွင် အလယ်အဆင့် နှင့်
Reading တွင် အလယ်အောက် အနည်းငယ် အဆင့် ရရှိပါသည်။

ဤ အဆင့်ထိ ရနိုင်လိမ့်မည်ဟု လုံးဝမမျော်မှန်း ရဲခဲ့ပါ။
နှောင်စာသင်နှစ်တွင် Reading ကိုပိုမို အာရုံပြု ကြိုးစားရပါမည်။

မည်သို့ပင်ဆိုစေ မိမိကိုယ်မိမိ စမ်းစစ်ရဲသော AIS သည် ခရီးအဝေးကြီး လျှောက်ရပေအုံးမည်။

Aung Ko Latt
https://www.facebook.com/profile.php?id=100008712392309&fref=photo
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
အပြည့်အစုံသို့ >>

သွေးသန့်ခြင်းနဲ့ သွေးကြောပိတ်၊ သွေးခဲဆို့ခြင်းအတွက် ဆေးနည်း

Wednesday, April 29, 2015
၁၂ ရာစုက စတင်ဖြစ်ပေါ်ခဲ့တဲ့ ဆေးနည်းဖြစ်ပြီး ဂျာမန်ဆရာဝန် Hildegard von Gingen တီထွင်ခဲ့တာ ဖြစ်ပါတယ်။
ဒီဆေးနည်းရဲ့အဓိက ပါဝင် ပစ္စည်းကတော့ သစ်ဘယ်သီးပွင့် (chestnut flower) ဖြစ်တယ်။ အပွင့်ကို တစ်ခိုင်လောက် ယူရပါမယ်။ ပန်းပွင့်တွေကို ကျိုချက်ထားတဲ့ရေ ၁ လီတာနဲ့ ဇလုံတစ်ခုထဲ ထည့်ပြီး နာရီဝက် ကြာအောင်ထားပြီးပါက အဖတ်တွေကို ဖယ်ထုတ်ရပါမယ်။

ရလာတဲ့ အရည်ကို နေ့ဘက် တစ်ငုံစီ သောက်ပေးပါ။ သွေးသန့်စေဖို့အတွက်နဲ့ သွေးကြောပိတ်သွေး၊ သွေးခဲဆို့ခြင်းအတွက် အထူး ကောင်းမွန်ပါတယ်။
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
အပြည့်အစုံသို့ >>

သခွားသီးအရည် သံပရာရည် တစ်ဇွန်းနှင့် ရေအေးရောစပ်ကာ မျက်နှာနှင့် ခန္ဓာကိုယ် အနှံ့လိမ်းပေးပါက ဆီးနှင့် အသားပူခြင်း ရောဂါများ ပျောက်ကင်းနိုင်

Wednesday, April 29, 2015
အသားအရေ ပူသူများ၊ ဆီးရောဂါနှင့် အမျိုးသမီးများ ဓမ္မတာ သွေးပုပ် ကျန်သည့် အမျိုးသမီး ရောဂါများကို ခံစားနေရပါက မိမိ အိမ်တွင်း၌ပင် ကုသပျောက် ကင်းစေနိုင်သည့် သဘာဝ သစ်သီးများနှင့် ဆေးကုသနည်း တစ်ရပ်ကို ရေးသား ဖော်ပြလိုက်ရပါသည်။

သခွားသီး တစ်လုံးကို အစေ့ထုတ်၍ အရည်ရသလောက် ညှစ်ယူထားပြီး သံပရာရည် တစ်ဇွန်းနှင့် ရေအေးအေးတွင် ရောစပ်ကာ သမအောင်မွှေပြီးလျှင် မျက်နှာနှင့်ခြေ၊ လက်၊ ခန္ဓာကိုယ်မကျန် လိမ်းကျံပေးခြင်းအားဖြင့် အသားအရေ ချောမွတ် စိုပြည်လာပြီး ပူနေသည့်အသားကို အေးမြလာစေမည် ဖြစ်သည်။ နေ့စဉ် ညအိမ်ရာဝင်တိုင်း အမြဲပြုလုပ် ပေးပါက မျက်စိကြည်လင်ခြင်း အပြင် ဆီးရောဂါနှင့် ဓမ္မတာ သွေးပုပ်ကျန် အမျိုးသမီးများ အတွက် ရောဂါများကို ပျောက်ကင်းစေနိုင်သည်ဟု ဆေးသုတေသန မှတ်တမ်းများအရ သိရသည်။ ''အခုနောက်ပိုင်း ရောဂါ တစ်ခုခုဖြစ်ရင်ပဲ ဖြစ်ဖြစ်၊ ဝေဒနာ တစ်ခုခုဖြစ်ရင်ပဲ ဖြစ်ဖြစ် ဆေးခန်းကိုသွားပြီး မပြချင်ကြဘူး။ အိမ်ထဲမှာပဲ ဆေးမြီးတိုတွေနဲ့ ကျိတ်ကုကြတယ်။ ဒါကကောင်းတော့ မကောင်းဘူး၊ အနာနဲ့ဆေးမတည့်ရင် ရောဂါတွေ ပိုဆိုးလာမယ်။ ဒါပေမဲ့ သဘာဝသစ်သီးတွေနဲ့ ကုသရင်တော့ ဘေးထွက်ဆိုးကျိုး မရှိနိုင်ပါဘူး''ဟု တိုင်းရင်း ဆေးသမားတော်ကြီး ဒေါ်သီသီထွန်းက ပြောသည်။

အရေပြားဆိုင်ရာ ချောမွတ်လာစေရန်နှင့် ဝင်းဝါသော အသားအရောင်၊ အေးမြသော ကိုယ်ရေ ကိုယ်သားတို့ကို ရရှိစေရန်အတွက် မက်မွန်သီးတစ်လုံး၊ နှစ်လုံးကို ရေနွေးဖြောပြီး အစေ့ထုတ်ကြိတ်၍ အရည်ညှစ်ယူထားကာ သံပရာရည်၊ ခရမ်းချဉ်သီးရည်နှင့် လက်ဖက်စိုရည် တစ်ဇွန်းစီ ရောမွှေရမည်ဖြစ်သည်။ ယင်းနောက် မိမိခန္ဓာကိုယ်ကို သုတ်လိမ်းပေးမည် ဆိုပါက အဆီပြန်ခြင်း ကင်းဝေးသွားပြီး အေးမြသည့် အသားအရေကို ပိုင်ဆိုင်ရရှိလာမည် ဖြစ်သည်။ ထို့အပြင် ပါးရေတွန့်ခြင်းနှင့် အရေပြားဆိုင်ရာ ပြယုဂ်တစ်ခု ဖြစ်သော နဖူးရေ တွန့်ခြင်းတို့မှာလည်း လိမ်ညာ၍မရသည့် အရေပြားလျော့ရဲသည့် လက္ခာဏာ တစ်ရပ်ဖြစ်ပြီး ထိုအရေးအကြောင်းများနှင့် အသားရေ တွန့်ခြင်းတို့ကို ပြေပျောက်စေမည့် နည်းလမ်းမှာ ဂေါ်ဖီထုပ် အလယ်ရွက်ဖြစ်သော အရည်ရွှမ်းမည့် အရွက်သုံးရွက်ခန့်ကို သန့်စင်အောင် ဆေးကြော၍ ပျားရည်လက်ဖက်ရည် တစ်ဇွန်းနှင့် ရေထည့်ကာ သမအောင်မွှေ၍ အရည်ရအောင် ညှစ်ယူလိုက်ပြီး ရရှိသောအရည်ကို မျက်နှာ၊ လက်မောင်း၊ လည်ပင်းနှင့် ခြေလက်တို့ကို လိမ်းကျံပေးခြင်းဖြင့် အရေပြားတွန့်ခြင်းကို သက်သာစေနိုင်မည် ဖြစ်သည်။

ကျန်းမာရေးအတွက်ဆေးတစ်ခွက်
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
အပြည့်အစုံသို့ >>

ပညာရှိခြင်းနှင့် ပညာမဲ့ခြင်း

Wednesday, April 29, 2015
Written by အေးကမ္ဘာ ဒေါက်တာချစ်

ပညာရှိဆိုတာ စကားပြောဆို ရာမှာဖြစ်ဖြစ်၊ စာရေးသားရာမှာဖြစ်ဖြစ် စကားလုံး တိုင်းဟာ လေးနက်ပြီး အဓိပ္ပာယ်ရှိလှပါတယ်။ ပညာရှိနား ဆည်းကပ်နေထိုင်ရရင် ပညာရှိတွေရဲ့ပြောဆိုပုံ၊ တွေးခေါ်ပုံတွေဟာ အတုယူလေး စားလောက်ဖွယ် ကောင်းလှပါတယ်။

သဘာဝကျကျ တွေးခေါ် တတ်တာတွေ၊ လောကကြီးကို ရှုမြင်ပုံတွေဟာ ကျွန်ုပ်တို့အတွက် အတုယူစ ရာတွေ အတော်များလှပါတယ်။

ပညာရှိဟာ ဥစ္စာချို့တဲ့ချင် ချို့တဲ့မယ် ဒါပေမဲ့ သူ့ရဲ့တွေးခေါ်မြော်မြင်နိုင်မှုဟာ လေးစားတန်ဖိုးထား ဖွယ်ကောင်းလှပါတယ်။ အပြင်ပန်း အနေနဲ့ကြည့်ရင် အထင်ကြီးစရာမရှိ ဖြစ်ချင်ဖြစ်မယ်။ တကယ်ပြော ဆိုဆက်ဆံကြည့်မှ ပညာရှိတို့ရဲ့ သဘောထားတွေကို သိကြရတာ မဟုတ်ပါလား။

လူအတော်များများ ကတော့ ပညာရှိတာထက် ဥစ္စာရှိတာကို ပိုပြီးနှစ်သက်ကြတာ၊ ဥစ္စာရှိတာကိုပဲ လူရာသွင်းချင်ကြတာ၊ နေရာပေးချင်ကြတာ၊ ဥစ္စာရှိသူနဲ့ အပေါင်းအဖော်ပြုရတာကို ဂုဏ်ယူနေကြ တာ၊ ဆင်းရဲသားပညာရှိကိုတော့ ချောင်ထိုးချင်ကြတာ၊ နေရာပေးရကောင်းမှန်းမသိ၊ အဲဒီလို ချောင် ထိုးခံရတဲ့ ပညာရှိဟာ ပညာမာနအမှန်တကယ် မြဲမြံစွာလက်ကိုင်ပြုထားရင် မာနကိုဘယ်တော့မှ ချကြ တာမဟုတ်။

ဒါပေမဲ့တကယ်လို့သာ မာနတရားကို မြဲမြံစွာလက်ကိုင်မပြုထားနိုင်ရင်တော့ သူလည်းပဲ လောကစည်း စိမ်အတွက် ငွေနောက်ကို တကောက်ကောက် လိုက်ပါသွားလေတော့တယ်။ အဲဒီအခါမှာ အဲဒီပညာရှိ ဟာ ပျက်စီးခြင်းကိန်း ဆိုက်သွားပါတော့တယ်။ ပညာမဲ့တစ်ပိုင်းဖြစ်သွား တာပေါ့ဗျာ။

ပညာရှိ စစ်စစ်သာဖြစ်ခဲ့ရင် မိမိကမှားနေရင် ဝန်ခံတတ်ကြတယ်။ မှန်ကန်ခဲ့ရင်လည်း ဘာကြောင့်မှန် ရတယ်ဆိုတဲ့ အကြောင်းပြချက် ကောင်းကောင်းရှိကြပါတယ်။ ဘာအကြောင်းပြပြ အဲဒီအကြောင်းပြ ချက်ကို စဉ်းစားတွေးခေါ်နိုင်တဲ့အဆင့်မရှိသူနဲ့ဆိုရင် အကြောင်းပြချက်တွေက အလဟဿဖြစ်သွား တော့တာပါပဲ။ ဒါဟာ ပညာရှိနဲ့ ပညာမဲ့တို့ရဲ့ ရင်ဆိုင်မဖြေရှင်းနိုင်တဲ့ ကိစ္စဖြစ်သွားရော။

ပညာရှိဆိုတာ မပြောခင် ကြိုတင်စဉ်းစားတယ်။ ကိုယ့်ကို ပြန်ချေပမယ့်အရာတွေကို ဓမ္မဓိဋ္ဌာန်ကျကျ တွေးဖြစ်တယ်။ ပြီးရင်တင်ပြပြောဆိုတယ်။ ကိုယ်တင်ပြပြောဆိုခဲ့တာတွေကိုလည်း အပြန်ပြန်ထပ်စဉ်း စားကြတယ်။ မှားရင်သိက္ခာရှိရှိ ဆင်ခြင်သုံးသပ်ပြီး အမှန်ကိုတင်ပြရဲတာ ပညာရှိပင်ဖြစ်သည်။

ပညာရှိကိုမှီဝဲဆည်းကပ်ရာဆိုတဲ့ စကားတောင်ရှိပါတယ်။ ပညာရှိ၊ ပညာတတ်တွေ ပြောဆိုပြုမူနေ ထိုင်တာတွေကို အနီးကပ်မြင်တွေ့ဖူးမှ သြော် . . . . ဒါကြောင့်သူတို့တစ်တွေကို ပညာရှိလို့ခေါ်ကြတာ ဆိုတာ သိကြမှာ။

လက်လွတ်စပယ် မပြောတတ်ခြင်း၊ ဆိုခဲစေမြဲစေဆိုတဲ့အတိုင်း ပြောဆိုဆက်ဆံပြုမူတတ်ခြင်း၊ အ ကြောင်းအရာ ဆက်စပ်တွေးခေါ်တတ်ခြင်း၊ ဆုံးဖြတ်ချက်ချရာမှာ မှန်ကန်ခြင်း၊ ကတိတည်ကြည်ခြင်း၊ ဂုဏ်ဒြပ်တစ်ခုအနေနဲ့ ရပ်တည်နေနိုင်ခြင်းစတဲ့ အကြောင်းတရားတွေနဲ့ ပြည့်စုံကြပါတယ်။

ပညာရှိဆိုတာ ပြေးကြည့်စရာမလို၊ တွေးကြည့်ရုံနဲ့ သိနိုင်တယ်။ ပြေးကြည့်တာပဲဖြစ်ဖြစ်၊ စမ်းသပ်လုပ် ကြည့်ဦးမယ်ဆိုတာတွေဟာ အချိန်ကာလတစ်ခုကို ယူရပါတယ်။ ကုန်ဆုံးသွားတဲ့ အချိန်ကာလကို နောက်ပြန်ယူလို့ မရသလို၊ ပြင်ရဖို့ခက်ခဲမယ်။ အချိန်လွန်သွားတာတွေ ဖြစ်တတ်လေတော့ စေ့စေ့ တွေးပြီးပြောတတ်၊ လုပ်တတ်တာဟာ ပညာရှိတို့ရဲ့သဘောသဘာဝပင်။

ကျွန်ုပ်တို့ရဲ့ လူမှုပတ်ဝန်းကျင်မှာ ဖြစ်ပျက်သမျှတွေဟာ သိပ္ပံပညာရပ်နဲ့ ဆက်စပ်လျက်ရှိပါတယ်။ သိပ္ပံ အယူအဆတွေများစွာပါနေတဲ့ ကျွန်ုပ်တို့ရဲ့ကမ္ဘာမှာ ပညာရှိတွေများများမွေးထုတ်နိုင်လေ အကျိုးရှိ လေလေပါပဲ။ ပညာရှိစစ်စစ်ဖြစ်ပြီးတော့ ဟုတ်တာပြော၊ မှန်တာလုပ်၊ မှားရင်ဝန်ခံ၊ အမှန်ရောက် အောင် ပြုပြင်နိုင်တဲ့စိတ်ဓာတ်ဟာ ပညာရှိတဲ့စိတ်ဓာတ်အမှန်ဖြစ်ပါတယ်။

ပညာမဲ့များကဲ့သို့ ပြောဆိုဆက်ဆံခြင်း၊ နေ့တစ်မျိုး၊ ညတစ်သွယ်ပြောတတ်ခြင်း၊ အကြောင်းအရာတစ် ခုကို အမှားလုပ်မိပြီးနောက် ရယ်စရာဟာသနှောပြီး ဆင်ခြေပေးခြင်း၊ ရူးသလိုလို လုပ်သွားခြင်း၊ မရှိကို အရှိလုပ်တတ်ခြင်း၊ မမှန်တာကို မှန်တယ်လုပ်တတ်ခြင်း၊ စဉ်းစားဆင်ခြင်ဉာဏ်ပညာမရှိဘဲ ထင်ရာမြင် ရာကို တစ်ဇွတ်ထိုးပြောဆိုဆက်ဆံခြင်းစတဲ့ အမူအကျင့်တွေ့ကို တွေ့ရတတ်ပါတယ်။

ပညာရှိနဲ့ပညာမဲ့တွေဟာ အတူနေလို့မဖြစ်နိုင်ပါဘူး။ အသွင်မတူ အိမ်သူမဖြစ်ဆိုတဲ့ စကားလိုပါပဲ။

ပညာရှိက ပညာရှိလိုတွေးခေါ်ပြီး လုပ်ချင်တယ်။ ပညာမဲ့တို့က ဆန့်ကျင်ဘက်ပြုကြတယ်။ ပညာရှိက အကြောင်းအကျိုးဆီလျော်စွာ လုပ်မယ်။ ပညာမဲ့က အကြောင်းအကျိုးထက် မိမိအတ္တတစ်ခုအတွက်ပဲ ဦးစားပေးလုပ်ကြမယ်။ ပညာရှိက ဟုတ်တိုင်းမှန်ရာ အမှန်ပြောမယ်။ ပညာမဲ့က ဖုံးကွယ်ထားမယ်။ သို့ မဟုတ် လမ်းကြောင်းလွှဲပစ်လိုက်တယ်။ ပညာရှိက နက်နက်နဲနဲတွေးမယ်။ ပညာမဲ့က ပေါ့ပေါ့တန်တန် တွေးကြတယ်။ အဲဒီလိုစရိုက်သဘာဝချင်းမတူကြတဲ့အတွက် ဘယ်လိုမှ အစေးမကပ်နိုင်၊ အဖြူနဲ့ အမည်းလို ဆန့်ကျင်ဘက်သဘော သက်ရောက်နေတဲ့အတွက် ညှိလို့မရ၊ ဆက်ဆံပြောဆိုလို့ မရ။

စရိုက်သဘာဝချင်းဟာလည်း မတူ၊ အယူအဆက ကွဲပြားနေတတ်လေတော့ တစ်ဖက်ကပညာမဲ့သူကို အသိအလိမ္မာ ဉာဏ်ပညာတက်အောင်လုပ် သို့မဟုတ် ပညာရှိကလည်း ပညာမဲ့စရိုက်နဲ့တူအောင်၊ နိမ့် ပါးအောင်နေထိုင်။ အဲဒီလိုဆိုရင် မတူကွဲပြားမှုက မသိမသာဖြစ်သွားပြီး ပညာရှိနဲ့ပညာမဲ့တွေ ပေါင်း ဖက်လို့ရကောင်းရဲ့။

အဝေဖန်ခံနိုင်မှ မိမိရဲ့မှားနေတဲ့ လုပ်ရပ်တွေကိုပြုပြင်ဖို့ လမ်းစဖြစ်နိုင်ပါတယ်။ ကိုယ်ကအဝေဖန် မခံနိုင်ဘူးဆိုရင် မှားနေတဲ့လမ်းကြောင်းမှာ ဆက်လျှောက်နေပြီး မှားနေမြဲ မှားနေကြမှာပင်။ ပညာရှိ တို့ရဲ့သဘောက ဆင်ခြင်တုံတရားရှိခြင်း၊ ရှေ့ကိုကြိုတင်တွေးဆနိုင်ခြင်းရှိကြတဲ့အတွက် အမှားကိုပြင် ရဲကြခြင်း ဖြစ်ပေတယ်။

လောကမှာ မမှားဖူးတဲ့သူဆိုတာ မရှိနိုင်၊ တစ်ကြိမ်ကြိမ်မှာ အမှားကိုကျူးလွန်ဖူးဖြစ်ကြမှာပါ။ အဲဒီလို မှားတာကို မှားတယ်လို့ပြင်တတ်ပါမှ အမှန်တရားဆိုတာ ရရှိကြမှာဖြစ်ပေတယ်။ ပညာဂုဏ်ဖြင့် တိုင်း ကျိုးပြည်ကျိုး သယ်ပိုးထမ်းရွက်နိုင်ကြပါစေ-

စံတော်ချိန်သတင်းစာ
ဧပြီလ (၁၈) ရက်၊ ၂၀၁၅ ခုနှစ်
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
အပြည့်အစုံသို့ >>

Wi-Fi ထက် ဆယ်ဆပိုမြန်သော ဆက်သွယ်ရေး စနစ်သစ် ရှာဖွေတွေ့ရှိ

Wednesday, April 29, 2015
ဝါရှင်တန်၊ ဧပြီ ၂၃

လက်ရှိ အသုံးပြုနေသော Wi-Fi ဆက်သွယ်ရေး စနစ်ထက် ဆယ်ဆပိုမြန်ပြီး Network ဆက်သွယ်မှုကို ပြတ်တောက်ခြင်း မရှိစေရန် စွမ်းဆောင်ပေးနိုင်မည့် စနစ်တစ်ခုကို အမေရိကန်ပြည်ထောင်စု၊ အော်ရီဂွန်ပြည်နယ် တက္ကသိုလ်မှ ပညာရှင်များက တီထွင်ဖော် ထုတ်နိုင်ခဲ့ပြီဖြစ်ကြောင်း Live Science သတင်း တွင်ဖော်ပြ ထားသည်။

လက်ရှိ အသုံးပြုနေသော Wi-Fi စနစ်သည် တစ်နေရာအတွင်း သုံးစွဲသူများလျှင် ရယူနိုင်သည့် အမြန်နှုန်း လျှော့ကျသွား တတ်သော်လည်း WiFO ဟုအမည်ပေးထားသည့် နည်းပညာသစ်သည် လုံးဝ အမြန်နှုန်းနှင့် ရယူသုံးစွဲနိုင်မှုများကို နိမ့်ကျ သွားခြင်း မရှိနိုင်ကြောင်း ယင်းသတင်းက ဆိုသည်။

WiFO စနစ်သည် အနီအောက်ရောင်ခြည်စနစ် LED အလင်းလှိုင်းဖြင့် ရယူသုံးစွဲနိုင်သော bandwidth နှုန်းကို တိုးမြှင့်ချဲ့ထွင် ရယူနိုင်စွမ်းရှိစေရန် စီစဉ်ထားသည့် စနစ်ဖြစ်သည်။

ယင်းစနစ်သစ်ဖြင့် ဒေတာများကို ကွန်ပျူတာ တစ်လုံးနှင့်တစ်လုံး ပို့လွှတ်ရာတွင်လည်း ပိုမြန်လာပြီး၊ ကြိုးမဲ့စနစ်ဖြင့် အသုံးပြုရသည့် နားကြပ်၊ ကင်မရာ၊ အဝေးထိန်း မုန့်ဖုတ်စက်များဖြင့် ချိတ်ဆက်သုံးစွဲရာတွင်ပါ ပြတ်တောက်ခြင်း၊ တုံ့ဆိုင်း ခြင်းများ လုံးဝရှိတော့မည် မဟုတ်ပေ။

WiFO နည်းသစ်သည် အလင်း signal များကို LED စနစ်ဖြင့် ပို့ဆောင်ခြင်းဖြစ်ကြောင်း၊ သစ်ဆန်းသော နည်းပညာတစ် ရပ်ဟု မဆိုနိုင်သော်လည်း အနီအောက်ရောင်ခြည်၏ စွမ်းအင်ဖြင့် ဆက်သွယ်ရေးစနစ်တွင် ကြိုးမဲ့ခေတ်တစ်ခေတ်ကို ပြောင်းလဲစေနိုင်မည့် နည်းသစ်ဖြစ်ကြောင်း အော်ရီဂွန်တက္ကသိုလ်မှ တီထွင်သူ တွဲဘက်ပါမောက္ခ သင်းငုယင်ကပြောကြား သည်။

WiFO စနစ်သည်တစ်စက္ကန့်လျှင် ၁၀၀ မီဂါဘစ် (100 Mbps) နှုန်းဖြင့် ဒေတာများကို ဆက်သွယ်ပို့ဆောင်နိုင်မည်ဟု ယင်းကဆိုသည်။

--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
အပြည့်အစုံသို့ >>

စတုတ္ထတန်းနှင့် အဋ္ဌမတန်း စာမေးပွဲတွင် အဆင့် D ရရှိသူများ မေ ၁၄ ရက်တွင် စာမေးပွဲပြန်လည်ဖြေ ဆိုရမည်

Wednesday, April 29, 2015
အခြေခံပညာ မူလတန်းအဆင့် သူငယ်တန်းမှ အထက်တန်းအဆင့် နဝမတန်းအထိ စာမေးပွဲအောင် စာရင်းများကို နိုင်ငံတစ်ဝန်းရှိ အခြေခံ ပညာကျောင်း များတွင် ဧပြီ ၁၈ ရက် နံနက်ပိုင်းက ထုတ်ပြန်ကြေ ညာပေးခဲ့ရာ မိတ္ထီလာတွင်လည်း အလားတူ စာမေးပွဲအောင် စာရင်းများ ထုတ်ပြန်ကြေညာပေးခဲ့ပြီး စတု တ္ထတန်းနှင့် အဋ္ဌမတန်း စာမေးပွဲတွင် အဆင့်ဒီရရှိသူ များအနေဖြင့် မေ ၁၄ ရက်တွင် စာမေးပွဲပြန်လည် ဖြေဆိုရ မည်ဖြစ်ကြောင်း သိရသည်။

“ဒီနေ့ အခြေခံပညာ မူလတန်းအဆင့် သူငယ်တန်းကနေ အထက်တန်းအဆင့် နဝမတန်းအထိ စာမေး ပွဲအောင်စာရင်းတွေကို သက်ဆိုင်ရာ စာသင်ကျောင်းများမှာ ထုတ်ပြန်ကြေညာပေး ထားပါတယ်။ စတု တ္ထတန်းနဲ့ အဋ္ဌမတန်း စာမေးပွဲမှာအဆင့်ဒီရှိသူ များအနေနဲ့ မေ ၁၄ ရက်မှာ စာမေးပွဲပြန်လည်ဖြေဆိုရ မှာပါ။ အဲဒီလို စာမေးပွဲဖြေဆို ဖို့အတွက် ဧပြီ ၂၂ ရက်ကနေ ဧပြီ ၂၉ ရက်အထိ သင်ခန်းစာတွေပြန် လည်တက်ရောက် သင်ကြားရမှာ ဖြစ်ပါတယ်။ စာမေးပွဲကို မေ ၁၄ ရက်ကနေ ၁၆ ရက်အထိ တစ်ရက် လျှင်ဘာသာရပ်နှစ်ခု နံနက်ပိုင်းနဲ့ နေ့လယ်ပိုင်းခွဲခြားပြီး သုံးရက်ဖြေဆိုရမှာဖြစ်ပါတယ်။ စတုတ္ထတန်း ကဘာသာရပ် ငါးခုပဲရှိတော့ နှစ်ရက်နဲ့နံနက်ပိုင်း တစ်ပိုင်းဖြေဆိုရမှာ ဖြစ်ပါတယ်” ဟု မိတ္ထီလာခရိုင် ပညာရေးမှူးရုံးမှ ခရိုင်လက်ထောက် ပညာရေးမှူး ဦးသက်လေးဦးက ပြောသည်။

စတုတ္ထတန်းနှင့် အဋ္ဌမတန်းစာမေးပွဲဖြေဆိုသူများအား A အဆင့်၊ B အဆင့်၊ C အဆင့်၊ D အဆင့် ခွဲ ခြားသတ်မှတ်ထားပြီး ဘာသာရပ်အားလုံး၏ စုစုပေါင်းရမှတ်သည် ပျမ်းမျှ ၁၀၀ မှတ်မှ ၈၀ မှတ် A အဆင့်၊ ပျမ်းမျှ ၇၉ မှတ်မှ ၆၀ မှတ်အတွင်း B အဆင့်၊ ပျမ်းမျှ ၅၉ မှတ်မှ ၄၀ မှတ်အတွင်း C အဆင့်၊ ပျမ်းမျှ ၃၉ မှတ်အောက် D အဆင့် ဟုသတ်မှတ်ထားခြင်းဖြစ်ကာ D အဆင့်ရရှိသူများအနေဖြင့် စတုတ္ထတန်းမှ ပဉ္စမတန်းသို့လည်းကောင်း၊ အဋ္ဌမတန်းမှ နဝမတန်းသို့လည်းကောင်း အတန်းတက်ခွင့် ရရှိသူများဖြစ်အောင် စာမေးပွဲပြန်လည်ဖြေဆိုခွင့်ပြုထားခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာ့အလင်းသတင်းစာ
ဧပြီလ (၁၉) ရက်၊ ၂၀၁၅ ခုနှစ်
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
အပြည့်အစုံသို့ >>

ကိုယ်ဝန်ဆောင်စဉ် ငါးစားခြင်းက စိုးရိမ်စိတ်ကိုလျှော့ချနိုင်

Wednesday, April 29, 2015
Written by ပေါက်ပေါက်

Bistol တက္ကသိုလ် (အင်္ဂလန်) နှင့် Federal တက္ကသိုလ် (ဘရာဇီးလ်) တို့ရဲ့ သုတေသီ တစ်ဦးဖြစ်သူ Rio de Janeiro ၏နောက်ဆုံး သုတေ သနပြုချက် များအရ ကိုယ်ဝန်ဆောင်စဉ် ငါးမကြာခဏ စားသူ သည် ငါးလုံးဝ မစားသူထက် စိတ်ပိုင်းဆိုင်ရာ စိုးရိမ် ပူပန်ကြောင့်ကြမှုကို လျော့ပါးစေနိုင်ကြောင်း လေ့ လာတွေ့ရှိ ခဲ့ပါတယ်။ ထိုသုတေသီ Rio de Janeiro က ကိုယ်ဝန်ဆောင် အမျိုးသမီး ၉၅၃၀ ကို ရက် သတ္တပတ် ၃၂ ပတ်ကာလအတွင်း တစ်ဦးချင်းစီရဲ့ စားသောက်ပုံ စာရင်းဇယားကို စာရွက် စာတမ်းမှတ် တမ်းများဖြင့် စနစ်တကျ သုတေသနပြုပြီးနောက် ငါးလုံးဝ မစားခဲ့သူ မိခင်လောင်းများမှာ စိတ်ပိုင်းဆိုင် ရာဖိစီး မှုပြဿနာ ၅၃ ရာခိုင်နှုန်းထိ ရှိလာကြောင်း၊ ကိုယ်ဝန်ဆောင်စဉ် အသားနဲ့ငါးလုံးဝ မစားဘဲ ဟင်း သီးဟင်းရွက် တစ်မျိုးတည်းသာ စားခြင်းကလည်း စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုပြဿနာ  ၂၅ ရာခိုင်နှုန်းထိရှိစေ ကြောင်း PLOSONE (ခေါ်) ဆေးဂျာနယ် တစ်စောင်မှာ ဖော်ပြထားပါတယ်။ ဒါတက် မကသေးဘူး။ ကိုယ်ဝန်ဆောင်မိခင်ရဲ့ စိုးရိမ်ကြောင့်ကြစိတ်ဟာ ရင်သွေးငယ်ကို စိတ်ဖိစီးမှုဖြစ်စေကာ ဉာဏ်ရည်ဖွံ့ ဖြိုးမှု နှေးကွေးစေပါတယ်တဲ့။

အလားတူပင် အမေရိကန်ပြည်ထောင်စုမှာလည်း မိခင်လောင်း ၁၅၀၀ ကို နှစ်ပေါင်း ၃၀ ကြာလေ့လာ မှုမှတ်တမ်းများအရ နံနက်စာ၊ နေ့လည်စာ၊ ညစာ သီးတင်းရက်သတ္တပတ်ကာလအတွင်း ငါးဟင်းလျာ ၁၂ ကြိမ်မျှ စားသုံးခဲ့သော ကိုယ်ဝန်ဆောင်အမျိုးသမီးများမှာ ရင်သွေးအပေါ် မာကျူရီ (ခေါ်) ပြဒါးအ ဆိပ်သင့်မှု တစ်စုံတစ်ရာမဖြစ်ပေါ်နိုင်တဲ့အပြင်၊ ကိုယ်အလေးချိန်ကျစေတာကြောင့်လည်း မိခင်များ အတွက် သားဖွားပြီးနောက် ကိုယ်အလေးချိန်တိုးပွားခြင်းအတွက် များစွာအထောက်အကူဖြစ်စေနိုင် တယ်လို့ အမေရိကန် ရိုချက်စတာတက္ကသိုလ် ပြည်သူ့ကျန်းမာရေးသိပ္ပံဌာန ပါမောက္ခတစ်ဦးဖြစ်သူ ပီအိပ်ခ်ျဒီဘွဲ့ရ အက်ဒွင်ဗန်ဆိုသူက အကြံပြုထားပါတယ်။

ထိုအဆိုကို ကမ္ဘာ့အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး (ခေါ်) FDA မှထောက်ခံထားပြီး၊ ကိုယ်ဝန် ဆောင်မိခင်လောင်းများအတွက် အောက်ပါအတိုင်း ထပ်လောင်းအကြံပြုထားပါတယ်။

(၁) မာကျူရီပမာဏ ပါဝင်များပြားသော ငါးကွမ်းရှပ်နှင့် ပင်လယ်ငါးကြီးများ (လုံးဝ) မစားပါနှင့်။ ပင် လယ်စာများဖြစ်ကြသော ဓားရှည်နှုတ်သီးငါး၊ ငါးမန်းနှင့် မက္ကရာယ်ငါးကြီးမျိုးတို့ကိုလည်း မစားသင့် ပေ။

(၂) မာကျူရီပါဝင်မှုနည်းတဲ့ အကြေးခွံပါသော ရေချိုငါးတို့ကို များများစားပေးပါ။

(၃) ပုစွန်ထဲမှာ မာကျူရီပါဝင်မှုနည်းလို့ စားပေးသင့်ပါတယ်။

(၄) မာကျူရီပါဝင်မှုနည်းသော ပင်လယ်စာများဖြစ်ကြတဲ့ ခုံး (ဂုံး) ကောင်၊ ကမာကောင်၊ ယောက် သွား၊ တူနာငါးတို့နှင့် ဆယ်လ်မွန်ငါးတို့ စားပေးပါ။

(၅) ငါးဒန်က သွေးတက်စေလို့ မစားသင့်ပေ။

(၆) ဂက်စ်ပါသော ဖျော်ရည်များ မသောက်ပါနှင့်။

(၇) ကော်ဖီ၊ လက်ဘက်ရည်နှင့် ကိုလာတို့ကဲ့သို့ ကဖိန်းဓာတ်ကိုအခြေခံထားသော ဖျော်ရည်များမ သောက်ပါနှင့်။ များမကြာမီက လေ့လာမှုတစ်ခုအရ ကဖိန်းဓာတ်များလွန်းပါက ကလေးကြီးထွားနှုန်း ကို ထိခိုက်နိုင်ကြောင်း၊ တစ်နေ့ကော်ဖီတစ်ခွက်နေ့တိုင်းသောက်သုံးသော အမျိုးသမီးဟာ သာမန် ကိုယ်အလေးချိန်ထက်လျော့သော ကလေးမွေးဖွားနိုင်၍ အန္တရာယ်ပိုများကြောင်း၊ ဒါကြောင့် ကိုယ်ဝန် ဆောင်များအနေဖြင့် ကဖိန်းဓာတ်ပါသော ဖျော်ရည်သောက်သုံးမှုကို သိသိသာသာလျော့ချပစ်စေလို ကြောင်း သိရပါတယ်။

(၈) ဓာတုချွတ်ဆေးများသုံးပြီး ပြန်လည်သန့်စင်ထားသော ဂျုံမှုန့်ဖြင့်ပြုလုပ်ထားသည့် အစားအစာများ ကိုရှောင်ပါ။

(၉) သကြားဓာတ်ပါဝင်မှုများသော အစားအသောက်များကို လျှော့ချနိုင်သမျှ လျော့ချစားသုံးပါ။

(၁၀) သိပ္ပံနည်းအရ အတည်ပြုထားခြင်းမရှိသေးသော်လည်း ဇာတိပ္ဖိုလ်သီး ပါဝင်မှုများသော အစား အစာကို စားခြင်းကသန္ဓေသားကို အန္တရာယ်ဖြစ်စေနိုင်ပါတယ်။

(၁၁) မချက်ပြုတ်ရသေးသော ငါးစိမ်းများမှာလည်း အစာအဆိပ်သင့်စေသည့် ဗက်တီးရီးယားနှင့် ပိုးမွှားများပါဝင်နေ၍ မစားသင့်ပေ။

(၁၂) ရေခဲရိုက်ထားသော (သို့) မီးကျပ်တိုက်ထားသော ပင်လယ်စာများကိုလည်း မစားပါနှင့်။

(၁၃) စည်သွပ်ထားသော ပင်လယ်စာကိုတော့ အနည်းငယ်မျှလောက်သာ စားပေးနိုင်ပါသည်။

(၁၄) အပူကောင်းစွာ မပေးရသေးသော နို့များကိုရှောင်ပါ။ အဘယ်ကြောင့်ဆိုသော် ၎င်းနို့ထဲတွင် ရင် သွေးကို အဆိပ်ဖြစ်စေနိုင်သော (သို့) ရောဂါကူးစက်စေနိုင်သည့် အချင်းတိုင်းမှဖြတ်သန်းဝင်ရောက် နိုင်သော အစာအဆိပ်ဖြစ်စေသည့် ပိုးများပါဝင်နေလို့ပါဘဲ။

(၁၅) လတ်ဆတ်သော ကြက်ဥ၊ ဘဲဥများကိုသာ ရွေးချယ်တတ်ပါစေ။

ကြေးမုံသတင်းစာ
ဧပြီလ (၁၅) ရက်၊ ၂၀၁၅ ခုနှစ်
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
အပြည့်အစုံသို့ >>

တင်ခဲ့ပြီးသော Posts များ ဆက်လက်ဖတ်ရှုရန်...

                 

သိလိုသော အကြောင်းအရာကို အောက်က Search Box ထဲမှာ မြန်မာ/အင်္ဂလိပ် ဘာသာဖြင့် ရိုက်ထည့်၍ ရှာဖွေပါ...