Android L တွင် ပါဝင်လာသည့် Feature သစ်များ

ဆန်ဖရန်စစ္စကိုမြို့တွင် ကျင်းပပြုလုပ်ခဲ့သော Google I/O developer conference တွင် ကုမ္ပဏီ၏ နောက်ဆုံးပေါ် မိုဘိုင်း operating system ဖြစ်သော Android L ကို Google က မိတ်ဆက်ပေးခဲ့သည်။
ထို့ကြောင့် KitKat နေရာတွင် အစားထိုးအသုံးပြုနိုင်မည့် Android L တွင် ပါဝင်လာသော feature သစ်များအကြောင်းကို ကောက်နုတ် ဖော်ပြလိုက်ပါသည်။

သစ်လွင်သည့် ဒီဇိုင်းAndroid L ကို သန့်ရှင်း သပ်ရပ်သည့် ဒီဇိုင်းသစ်ဖြင့် အသုံးပြုနိုင်မည်ဖြစ်သည်။ အဆိုပါ ဒီဇိုင်းကို Google က Material Design ဟု ခေါ်ဆိုထားသည်။ ၎င်းသည် တောက်ပသည့် အရောင် များ၊ on-screen software ခလုတ်များဖြင့် အလွယ်တကူ အသုံးပြုနိုင်အောင် စီမံထားသည်။ အဆိုပါ Material Design ဒီဇိုင်းသစ်ကို စမတ်ဖုန်း၊ tablet ကွန်ပျူတာ၊ laptop နှင့် တီဗွီများ အပါအဝင် အမျိုးမျိုးသော Google ထုတ်ကုန်များတွင်လည်း အသုံးပြုနိုင်မည် ဖြစ်သည်။ ထို့အပြင် animated touch feedback ဖြင့်လည်း အသုံးပြုနိုင်ပြီး ၎င်းသည် onscreen ခလုတ်တစ်ခုကို နှိပ်လိုက်သည့်အခါ နှိပ်လိုက်သည့် ခလုတ်ကို သိရှိစေရန် လျင်မြန်သည့် animation တစ်ခုကို ဖော်ပြပေးနိုင်မည် ဖြစ်သည်။

Project Volta 


Google ၏ Project Volta သည် ဘက်ထရီသက်တမ်း ပြဿ နာကို အကောင်းဆုံး ဖြေရှင်းပေးနိုင်သည်။ Built-in battery saver သည် စမတ်ဖုန်း အားကုန်သွားသည့်အခါ CPU လုပ်ဆောင်ချက်နှင့် display
အလင်းတို့ကို အလိုအလျောက် လျှော့ချပေးသည်။ ၎င်း feature သည် ဘက်ထရီကို နောက်ထပ် မိနစ် ၉၀ အသုံးပြုနိုင်စေမည်ဖြစ်ကြောင်း Google က ပြောကြားထားသည်။

ပြုပြင်ပြောင်းလဲထားသည့် Notifications



Android L တွင် notification system ကို lock screen ကပင် အသုံးပြုနိုင်ပြီ ဖြစ်သည်။ ထို့အပြင် အသွင်အပြင်က ပိုမိုသပ်ရပ်လာ ပြီး အထင်ကြီးစရာ ကောင်းလာသည်။ Android 4.4 KitKat နှင့် နှိုင်းယှဉ်လျှင် အများကြီး ကွာခြားလာသည်။ Notification များသည် screen ၏ ထိပ်ဘက်ပိုင်းတွင်သာ ပေါ်လာမည်ဖြစ်သောကြောင့် ဂိမ်းကစားနေရင်း notification များ ၀င်ရောက်လာသည့်အခါ ဂိမ်းများကို အနှောင့်အယှက် မရှိဘဲ ဆက်လက်ကစားနိုင်မည် ဖြစ်သည်။

Multitasking



Android L တွင် multitasking သည် ပိုမိုလွယ်ကူလာသည်။ Card များကို အံဆွဲတွင် ဖိုင်များကို စီထားသကဲ့သို့ အတန်းလိုက် စီပေးထားသောကြောင့် အလွယ်တကူ အသုံးပြုနိုင်သည်။ Chrome တွင်လည်း tab များကို ကိုယ်ပိုင် card အနေဖြင့် အသုံးပြုနိုင်သောကြောင့် browsing session များအကြား အလွယ်တကူ ပြောင်းလဲအသုံးပြုနိုင်သည်။

User Authentication

Android L တွင် pin ထည့်သွင်းခြင်း သို့မဟုတ် pattern ရေးဆွဲခြင်းတို့ကို ပြုလုပ်စရာမလိုဘဲ ဖုန်းကို အလွယ်တကူ unlock ပြုလုပ်နိုင်သည်။ ဥပမာအနေဖြင့် Android Wear စမတ်နာရီ အသုံးပြုပါက Android L ထုတ်ကုန်သည် အဆိုပါ စမတ်နာရီကို သိနိုင်ပြီး power ခလုတ်ကိုနှိပ်ရုံဖြင့် ဖုန်းကို unlock လုပ်နိုင်သည်။ အကယ်၍ စမတ်နာရီနှင့် Android L ထုတ်ကုန်တို့ ဝေးကွာနေပါက ဖုန်းကို pin သို့မဟုတ်
pattern တစ်ခုဖြင့် ဝင်ရောက်ရမည် ဖြစ်သည်။

ပိုမိုကောင်းမွန်လာသည့် စွမ်းဆောင်ရည်



Google သည် Android L ကို ပိုမိုလျင်မြန်အောင် အပြောင်းအလဲအချို့ ပြုလုပ်ထားသည်။ App animation များသည် 60fps ဖြင့်ချောမွေ့စွာ ဖော်ပြပေးနိုင်ပြီး ဂရပ်ဖစ်စွမ်းဆောင်ရည် မြှင့်တင် ထားသောကြောင့် 3D ဂိမ်းများကို ပိုမို ကြည်လင်စွာဖြင့် မြင်တွေ့ရမည် ဖြစ်သည်။

Android L ဖြန့်ချိမည့်အချိန်

Android L ကို developer များအတွက် Nexus 5 စမတ်ဖုန်းနှင့် Nexus 7 tablet တွင် သုံးနိုင်မည့် software development kit (SDK) အနေဖြင့် ဖြန့်ချိထားသည်။ ထို့ကြောင့် သုံးစွဲသူများအနေဖြင့် လအနည်းငယ် စောင့်ဆိုင်းရဦးမည် ဖြစ်သည်။


ဘမ္ဘီ
Internet Journal အတွဲ (၁၅)၊ အမှတ် (၂၆) 
-----------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...