လူလိုလုပ်ကိုင်၊ လူလိုပြောဆို၊ လူလို ခံစားတတ်တဲ့ စက်ရုပ်များ

အနားမှာ ရှိနေပေမယ့် မေးလို့လည်း မဖြေ၊ ပြောပြန်တော့လည်း မတုန်မလှုပ်နဲ့ ငိုင်တိငိုင်တိုင် ဖြစ်နေတဲ့ သူကို စိတ်မရှည်တော့တဲ့အခါ "မင်းက ကျောက်ရုပ်လား၊ စက်ရုပ်လား " လို့ ပေါ့တော့တော့ ပြောဆိုလေ့ ရှိတတ်ကြတယ်။

မကြာသေးခင်က ဂျပန်နိုင်ငံရှိ SoftBank ကုမ္ပဏီရဲ့ ပြခန်းမှာ Pepper ဆိုတဲ့ စက်ရုပ်လေးကို ပြသ မိတ်ဆက် ပေးခဲ့တယ်။ Pepper စက်ရုပ်လေးက လူသားတစ်ဦးလို စိတ်ခံစားမှု ရှိနေပြီး မေးလျှင် ဖြေပြီး ပြောတဲ့ အခါ တုံ့ပြန်နိုင်တယ်။ ဒီအတွက် "မင်းက ကျောက်ရုပ်လား" လို့သာ နောင်အခါ ပြောခွင့် ရှိတော့မှာ ဖြစ်တယ်။ "မင်းက စက်ရုပ်လား" လို့ ပြောခွင့် မရှိတော့ပါလို့ ဆိုရပေတော့မယ်။

Pepper humanoid robot နဲ့ ပတ်သက်ပြီး SoftBank ရဲ့ စီအီး အို ဖြစ်တဲ့ Masayoshi San ကိုယ် တိုင် မိတ်ဆက်ပြသပေးခဲ့တာဖြစ် တယ်။ SoftBank ကုမ္ပဏီက ၁၉၈၁ ခုနှစ်ကတည်းက စတင် တည်ထောင်ခဲ့ တဲ့ ကုမ္ပဏီကြီးဖြစ် ပြီး အခုအခါ ငွေလုံးငွေရင်းပမာ ဏ ၉.၅ ထရီလီယံ ဒေါ်လာအထိ ကြီးပွားတိုးတက် လျက်ရှိပါတယ်။ စီအီးအို Masayoshi San ကိုပင် ဘီလီယံနာ သူဋ္ဌေးအဖြစ် သတ်မှတ်ခံကြရတဲ့ အပြင် ဂျပန်နိုင်ငံမှာ ဒုတိယအချမ်းသာဆုံး ပုဂ္ဂိုလ်လို့ လည်း နားလည်နိုင်ပါတယ်။ တကယ်တော့ Pepper စက်ရုပ်ကို Hon Hai Precision Industry က တာဝန်ယူ တည် ဆောက်ပေးခဲ့တာ ဖြစ်တယ်။ စက်ရုပ်ရဲ့ အမြင့်က ၁.၂ မီတာရှိပြီး ၆၂ ပေါင်လေးတယ်။ အောက်ခြေ မှာ ဘီးတပ်ထားတဲ့ အတွက် တစ်နေရာ ကနေ တစ်နေရာကို ရွှေ့ ပြောင်းလို့ လွယ်ကူတယ်။ ရင်ဘတ် နေရာမှာ display တစ်ခု ချိတ်ဆွဲ တပ်ဆင်ပေးထားတယ်။ မျက်လုံးနှစ်လုံးနေရာမှာ ပကတိ မျက်လုံးပုံစံနဲ့ ပြုလုပ်ထားတယ်။ ဆက် သွယ်ပြော ဆိုရမယ့် လူတစ်ဦးရဲ့ စိတ်ခံစားမှုကို ဖတ်ရှုနိုင်စေမယ့် ပရိုဂရမ်ပါရှိတဲ့အပြင် မျက်နှာအသွင် အပြင်နဲ့ လေသံတို့၊ ဟန်ပန်တို့အတွက် ဖတ်ရှုပေးမယ့် ကင်မရာများ၊ sensor များ ပါဝင်စေတယ်။ ဒီအတွက် SoftBank က မိတ်ဆက်ရာမှာ emotional robot လို့ ညွှန်းဆိုခဲ့တာ ဖြစ်တယ်။ ဘာသာ စကား (၁၇) မျိုးအထိ ပြောဆိုနိုင်ဖို့ ပရိုဂရမ် လုပ်ပေး ထားတယ်။ ဂျပန်နိုင်ငံအတွက် နှစ်ကုန် ပိုင်းလောက်မှာ ၁၉၈,၀၀၀ ယန်းနဲ့ တန်ဖိုး သတ်မှတ်ရောင်းချမယ်လို့ သိရတယ်။ ဒေါ်လာငွေနဲ့ဆိုရင် ၁၉၃၀ ခန့် ရှိပါလိမ့်မယ်။ ကမ္ဘာ့ဈေးကွက်အတွက် တင်ပို့ရောင်းချမယ့် အစီအစဉ်ကို ထုတ်ဖော်ပြော ကြားခြင်း မရှိသေးပေ။

Pepper စက်ရုပ်တွင် Sensors စုစုပေါင်း ၁၄ ခုလောက် ပါဝင်တယ်။ နှစ်ခုက အလယ်မှာ ရှိပြီး သုံးခုက ခေါင်းမှာ ရှိတယ်။ Laser sensors ခြောက်ခုနဲ့ bumper sensors သုံးခုကို ကိုယ်ထည်အောက်ပိုင်းမှာ တပ်ဆင် ထားတယ်။ ဦးခေါင်းဧရိယာမှာ ကင်မရာ နှစ်လုံးနဲ့ မိုက်ကရိုဖုန်းလေးခု ပါရှိတယ်။ Wi-Fi နဲ့ ဖြစ်ဖြစ် Ethernet Networks နဲ့ ဖြစ်ဖြစ် အသုံးချနိုင်ဖို့ အသင့် စီစဉ်ထားပေးတယ်။

Voice recognition စနစ်က အလွန်ကောင်းတယ်။ စကားပြော ဆိုနေချိန်မှာ မျက်လုံးက မီးအလင်းရောင် လေးများနဲ့ ဆွဲဆောင် မှုပြုပေးနေပြီး စက်ရုပ်စကားဆုံးသွားတာနဲ့ ပြန်နားထောင်ဖို့ မျက်လွှာချပေးနေ တဲ့ ပုံစံနဲ့ ရှိနေစေတယ်။ တစ်ခါတစ်ရံ မေးမြန်းသူရဲ့ စကားက မြန်ဆန်းလွန်တဲ့အခါ Pepper က "ကျွန်တော် မကြားလိုက်လို့ ပြန်ပြောပေးနိုင်မလား ခင်ဗျား " လို့ ပြောဆိုလာပါလိမ့်မယ်။ အသံခပ်မာမာနဲ့ စက်ရုပ်ကို ပြောဆိုရင်လည်း စိတ်ဆိုးမှန်းသိကာချော့မော့တဲ့ သဘောနဲ့ ပြေပြစ်တဲ့ စကားများကို ပြန်လည်ပြော ကြားပေးတယ်။

သရုပ်ပြတဲ့ အချိန်အတွင်း"မေတ္တာယှဉ်၍ ချစ်ခင်ပေးပါ" ဆို တဲ့ ခေါင်းစဉ်နဲ့ သီချင်းကို ဆိုပြသွားတယ်။ ဆိုလိုတာက Pepper ကို မိမိနှစ်သက်တဲ့ သီချင်းတွေကို ပရိုဂရမ်ထဲ ထည့်သွင်းပြီး သီချင်းဆိုခိုင်းနိုင်စေ တယ်။ ဟာသတွေ ပြောခိုင်းလို့ရတယ်။ ဒီလို ချစ်စ ဖွယ်ကောင်းတဲ့ စက်ရုပ်တွေကို ဖန်တီးရာမှာ ဂျပန်နိုင်ငံအနေနဲ့ စိတ် ၀င်စားဆုံး တက်ကြွမှုအရှိဆုံးလို့ ကမ္ဘာကပင် အသိအမှတ် ပြုထားရတယ်။ ပြီးခဲ့တဲ့လကလည်း ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ကလေး အရွယ်လောက်ရှိတဲ့ Emiew 2 ဆိုတဲ့ စက်ရုပ်လေးလို Hitachi ကုမ္ပဏီက မိတ်ဆက်ခဲ့ပါသေးတယ်။ အလုပ်လုပ်ကိုင်နေသူတွေ အပန်း တော်ပြေစေဖို့ လူရွှင်တော်လေး အနေနဲ့ အသုံး ချနိုင်စေမှာ ဖြစ်တယ်။

Pepper ကို ဖန်တီး တည်ဆောက်ရာမှာ Aldebaran Robotics နဲ့ ပူးပေါင်းခဲ့ရတယ်။ Aldebaran Robotics ဆိုရင် စက် ရုပ်ထုတ်လုပ်ရာမှာ အတွေ့အကြုံ များစွာ ရှိထားပြီး ဖြစ်တယ်။ သာမန် စက်ရုပ် တွေထက် စက်ရုပ်လူသားလို့ ဆိုညွှန်းနိုင်တဲ့ Humanoid Robots တွေက ပိုပြီးပေါ်ပြူလာ ဖြစ်လာတယ်။ စက်ရုံ၊ အလုပ်ရုံသုံး ဆိုတာထက် ဆေးရုံတွေမှာ လူနာတွေအပေါ် ကူညီ စောင့်ရှောက်ပေးမယ့် စက်ရုပ်တွေ အိမ်တွင်း အကူအညီရစေမယ့် စက်ရုပ်တွေနဲ့ ဖျော်ဖြေရေး ဆိုင်ရာ စက်ရုပ်တွေကို ပိုပြီး စိတ်ဝင်စားလာကြရတယ်။

ဂျပန်နိုင်ငံမှ နည်းပညာအဖွဲ့ အစည်းကြီး တစ်ခုဖြစ်တဲ့ SoftBank နဲ့ ပြင်သစ်နိုင်ငံက Humanoid designer Aldebaran တို့ ပူးပေါင်းစပ်ဖန်တီး လိုက်တဲ့ Pepper က ထွက်ရှိပြီးသမျှ စက်ရုပ်တွေ ထဲမှာ စိတ်ဝင် စားစရာ အကောင်းဆုံး ဖြစ်ခဲ့သလို နောင်အခါ ဆက်လက် ဖန်တီး လုပ်ကိုင်ကြမယ့်သူတွေ အတွက် ခံစားမှုနဲ့ ထည့်သွင်းမှု လမ်းကြောင်းကို အစပျိုးလိုက်တာလို့ ပြောရပါလိမ့်မယ်။

Apple ရဲ့ iDevice တွေမှာ သုံးတဲ့ Siri နဲ့ မတူတဲ့ voice recognition ကို ထုတ်ဖော်ပြသ လိုက်ပုံကလည်း အားရစရာ ဖြစ် စေပါတယ်။ Pepper စက်ရုပ်မှာ Lithium ion ဘက်ထရီကို ထည့် ပေးထားပြီး တဆက် တည်း ၁၂ နာ ရီ ကျော်ကျော် အသုံးချနိုင်တယ် ဦးခေါင်းတို့ ၊ ပခုံးတို့၊ လက်မောင်းတို့၊ လက်ကောက်ဝတ် တို့ အပြင်လက် ၅ ချောင်းလုံး လှုပ်ကစားနိုင်တယ် တင်ပါးကိုလည်း အနည်းငယ် လှည့်ဆောင်းလို့ ရတယ် ဒီလိုခန္ဓာ ကိုယ်အစိတ်အပိုင်းတွေ ရွေ့လျားနိုင်စေဖို့ မော်တာအရေအတွက် ၂၀ ထည့်သွင်း တည်ဆောက် ထားပေးတယ်။ ရင်ဘတ်နေရာမှာရှိနေတဲ့ ၁၀.၁ လက်မ အရွယ်အစား display ကလည်း touchscreen အရည် အချင်း ရှိပါတယ်။ NAOqi OS နဲ့ လည်ပတ်ဆောင် ရွက်စေတယ်။

ကွန်ရက်စနစ်တွေအတွက် Wi-Fi IEEE 802.11 a/b/g/n (2.4 GHz/5GHz) နဲ့ Ethernet အတွက် 10/100/1000 base T ကို အသင့် လုပ်ထားပေးတယ်။ ရွေ့လျားသွားလာတဲ့ နှုန်းထားက တော့ ၁ နာရီကို ၁ ကီလိုမီတာနှုန်းထား ဖြစ်တယ်။

စက်ရုပ်မှာလည်း ခံစားတတ် တဲ့ အသိရှိပါတယ်လို့ ဖန်ဆင်းပေးရာမှာ ပါဝင်ခဲ့တဲ့ Aldebaran Robotics ကုမ္ပဏီက ပြောပါတယ်။ အဆိုပါ ကုမ္ပဏီ အနေနဲ့ ပြင်သစ်နိုင်ငံအပြင် ဂျပန်နိုင်ငံ၊ တရုတ်နိုင်ငံ၊ အမေရိ ကန်နိုင်ငံတို့မှာလည်း ရုံးခွဲတွေ ဖွင့်လှစ်ထားရှိပြီး ၂၀၀၅ ခုနှစ်ကတည်းက တည်ဆောက် လုပ်ကိုင် ခဲ့တယ်။ ဒါပေမယ့် SoftBank က လုပ်ငန်း ရင်းနှီးမှုအတွက် ၇၅ ရာခိုင်နှုန်းလောက် အထိ ပါဝင်ထား တယ်လို့ သိရှိရပါတယ်။ နှစ်ဦးနှစ်ဖက်ရဲ့ အဆိုအရ ၂၀၂၅ ခုနှစ်မှာ ပိုပြီး လူသားဆန်တဲ့ စက်ရုပ်တွေ ဖြစ်လာစေရမယ်လို့ သိရပါကြောင်း တင်ပြပေးလိုက်ရပါတယ်။

ဦးသောင်းဝင်း (ပန်းချယ်ရီ) 

Internet Journal အတွဲ (၁၅)၊ အမှတ် (၂၆)
-----------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...