တရုတ်နိုင်ငံမှာ မကြာမီ မတ်တပ်လေယာဉ် ထိုင်ခုံတွေ တပ်ဆင်တော့မှာလား

Victor. Paa Tung on 2014-07-14 16:02 
မတ်တပ် ခရီးသည်ထိုင်ခုံ (standing cabin)ဟာ လေကြောင်းနဲ့ ပတ်သက်ပြီး နောက်ထပ် အသုံး စရိတ်လျော့ချမှု အစီအစဉ်တစ်ခု ဖြစ်ကောင်း ဖြစ်နိုင်ဖွယ်ရှိပြီး ဒီကိစ္စကို နောက်(၅) နှစ်အ တောအတွင်းမှာ အကောင်အထည် ဖော်နိုင် မှာဖြစ်တယ်လို့ သတင်းအစီခံစာ တစ်ခုအရ သိရှိရပါတယ်။

လေယာဉ်လက်မှတ် ဈေးနှုန်းလျော့ချဖို့ နည်းလမ်း ရှာကြည့်တဲ့ အချိန်မှာ အဲဒီ စိတ်ကူးအိုင်ဒီယာ ရရှိသွားတာဖြစ်တယ်လို့ Fairuz Romil က CNN ကို အီးမေးလ်နဲ့ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ Fariruz Romil ဟာ IACSIT International Journal of Engineering and Technology ကနေ ထုတ်ဝေတဲ့ အစီရင်ခံစာကို ရေးသားတဲ့သူ တစ်ဦးလည်းဖြစ်ပါ တယ်။

Universiti Putra Malaysia က လေကြောင်း အင်ဂျီနီယာပါမောက္ခ တစ်ဦးဖြစ်တဲ့ Romil က ဒီကိစ္စနဲ့ ပတ်သက်ပြီး သူ့ရဲ့အဓိက ရည်ရွယ်ချက်ဟာ လေကြောင်းနဲ့ ခရီးသွားလာစရိတ်ကို ဘတ်စကားတို့၊ မီးရထားတို့နဲ့ တန်းတူ ကုန်ကျစရိတ် ဖြစ်လာအောင် လျော့ချဖို့ဖြစ်တယ်လို့ ပြောဆိုသွားပါတယ်။

နာမည်ကြီးလူသိများတဲ့ Boeing 737-300 နဲ့ နာမူနာပြောကြည့်မယ်ဆိုရင် မတ်တပ်ထိုင်ခုံလေးတွေ တပ်ဆင်ခြင်းအားဖြင့် ခရီးသည် ပိုမိုဆန့်နိုင်တဲ့ အကျယ်အ၀န်း ၂၁ ရာခိုင်နှုန်း ပိုရရှိစေမှာဖြစ်ပြီး တစ်ချိန် တည်းမှာပဲ လေယာဉ်လက်မှတ်ဈေးနှုန်းကို ၄၄ ရာခိုင်နှုန်း လျော့ကျစေမှာ ဖြစ်ပါတယ်လို့ သူရဲ့လေ့လာ တွက်ချက်မှုအရ သိရှိရပါတယ်။

ကျွန်တော်ဟာ မကြာခဏလေယာဉ်နဲ့ ခရီးသွားလေ့ရှိသူ တစ်ယောက်ဖြစ်ပြီး များသောအားဖြင့် ပြည် တွင်း လယာဉ်တွေစီးဖြစ်တဲ့အချိန်တွေမှာဆိုရင် ပျံတန်းရတဲ့ အချိန်ကာလဟာ ခဏတာလေးပဲကြာပြီး ထိုင်ခုံခါးပတ် ပတ်နေရင်း တန်းလမ်းမှာတင်ပဲ သွားမယ့် ခရီးရောက်လို့ လေယာဉ်တောင်မြေပြင်ကို ပြန်ဆင်းနေ တတ်ပါတယ် လို့သူကပြောပါတယ်။

ဒါကြောင့်မို့ ကျွန်တော်တို့ အကျအန ထိုင်ဖို့ တကယ်ရော လိုအပ်သလား ဆိုတဲ့ေးမးခွန်းက ကျွန်တော့် ခေါင်းထဲ ၀င်လာရောက် ခဲ့ပါတယ်။

အဲဒီအိုင်ဒီယာကို ထူးထူးခြားခြား China’s Spring Airlines and Ireland’s Ryanair ကနေ တွေ့ရှိ ထားပြီးပြီဆိုတာ Romil ချက်ချင်းသဘောပေါက် လိုက်ပါတယ်။


Ref:edition.cnn.com
Trend Myanmar
--------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...