ညစ်ညမ်းအကတွေနဲ့ ဖျော်ဖြေတဲ့ နိုက်ကလပ်ကို တက်ရောက်ခဲ့လို့ မင်းသားဟယ်ရီ ဝေဖန်ခံရ

အသက်(၂၉)နှစ် အရွယ် ရှိပြီဖြစ်တဲ့ ဗြိတိန် မင်းသား ဟယ်ရီဟာ လန်ဒန်မြို့မှာ ဖွင့်လှစ် ထားတဲ့ ညစ်ညမ်း နိုက်ကလပ် တစ်ခုကို တက်ရောက် ခဲ့လို့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေ ရတယ်လို့ သိရ ပါတယ်။ ဒိုင်ယာနာရဲ့ သားငယ် ဖြစ်သူ မင်းသား ဟယ်ရီဟာ အပျော်အပါး တွေကို ခုံမင်သူဖြစ်ပါတယ်။ ဒါပေမဲ့ မင်းသား ဟယ်ရီဟာ လူမှုရေး လုပ်ငန်းတွေ ကိုလည်း အားတက်သရော လုပ်ဆောင်လေ့ ရှိပါတယ်။ မင်းသား ဟယ်ရီဟာ လန်ဒန်မှာ ဖွင့်လှစ်ထားတဲ့ နိုက်ကလပ် ကို တစ်ပတ် သုံးကြိမ်ခန့် သွားရောက်လေ့ ရှိတယ်လို့ သိရပါတယ်။ ဒီနိုက်ကလပ်ဟာ ညစ်ညမ်းတဲ့ မက္ကဆီကို အက တွေနဲ့ဖျော်ဖြေလေ့ ရှိပါတယ်။ မင်းသား ဟယ်ရီဟာ အထူးဧည့်သည်တော် တစ်ဦးအနေနဲ့ တက်ရောက် လေ့ရှိပါတယ်။ ဒီလထဲမှာ မင်းသားဟယ်ရီဟာ တနင်္လာ၊ ကြာသပတေးနဲ့ စနေကို ရောက် တဲ့အခါတိုင်း နိုက်ကလပ်ကို သွားရောက်လေ့ရှိပါတယ်။ နိုက်ကလပ်အတွင်းမှာ မင်းသားဟယ်ရီကို ဓာတ်ပုံရိုက်ကူးမှု မပြုလုပ်နိုင်အောင် လုံခြုံရေး အစောင့်အရှောက်တွေ ချပေးခဲ့တယ်လို့ သိရပါတယ်။ ဒီကလပ်ကို ပိုင်ဆိုင် ထားတဲ့ မာ့ခ်ဘာတွန်ဟာ မင်းသားဟယ်ရီကို ဖိတ်ကြားပြီး အထူးအခန်းထဲမှာ ဧည့်ခံလေ့ရှိပါတယ်။

ဒီကလပ်ရဲ့ဝင်ကြေး များပြားတဲ့အပြင် Tequilaတစ်လုံးကို သောက်သုံးမှုပြု လုပ်ပါက ပေါင်(၅၀၀၀) အထိ ကုန်ကျလေ့ရှိပါတယ်။ ဒါ့အပြင် ရှန်ပိန်တစ်လုံးကိုမှာယူပါက ပေါင် (၂၈၀၀၀) အထိ ပေးရလေ့ရှိပါတယ်။ ဒီကလပ်ကို နာမည်ကြီး မင်းသားတွေ ဖြစ်ကြတဲ့ လီယိုနာဒို၊ ဂျက်စတင်း တင်းဘားလိတ် တို့လည်း လာရောက်လေ့ရှိပါတယ်။ ဒီကလပ်ရဲ့ ထူးခြားမှုက လာရောက်တဲ့ ဧည့်သည်တွေကို ထူးခြားတဲ့ အကတွေနဲ့ ဖျော်ဖြေပေးခြင်း ဖြစ်ပါတယ်။


ref;The Messenger Media
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...