အရေပြားပေါ်ရှိ အဖုအပိန့် အကွက်များအတွက် သဘာဝအိမ်တွင်း ကုထုံးလေးများ
သွေးယားတယ်… သွေးဓာတ်မတဲ့ဘူး… allergy ဖြစ်တယ်ဆိုတာကို ကြားဖူးနေ ပါလိမ့်မယ်(သို့ မ ဟုတ်) သင်ကိုယ်တိုင် ကြုံဖူး ကောင်း ကြုံဖူးပါ လိမ့်မယ်။ အဲဒီလိုဖြစ်တဲ့အခါ အရေပြားပေါ်မှာ အဖု အပိန့်အကွက်များ ထလာပြီး ယားယံခြင်း၊ အရေပြားရောင် ရမ်းခြင်း၊ ပူလောင်ခြင်း၊ စူးရှခြင်း၊ ရံဖန်ရံခါ အရေပြား ကွဲထွက်ခြင်း စသဖြင့် ခံစားရ တတ်ပါတယ်။ အရေပြား allergy ဖြစ်ရတဲ့ အကြောင်းများမှာ- (၁) အစားအသောက် ဓာတ်မတည့်ခြင်း (၂) ရာသီဥတု ရုတ်တရက် ပြောင်းလဲသွား ခြင်း (၃) အမွှေးနံ့ ဓာတ်မ တည့်ခြင်း (၄) အရေပြား ဓာတ်မတည့်ခြင်း (၅) ပဋိဇီဝဆေးဝါး ဓာတ်မတည့် ခြင်း (၆) အသည်း အဆိပ်တက်ခြင်း စသည် တို့ ကြောင့် ဖြစ်လာနိုင်ပါတယ်။ ဖော်ပြပါ အကြောင်းအရာ (၆) မျိုးအနက်၊ အမှတ်စဉ်(၁) (၂) (၃) (၄) တို့ က မကြာမီအချိန်အတွင်း သူ့ အလိုအလျောက် ဝေဒနာတွေ ပြေပျောက် သွားနိုင်သော်လည်း၊ အမှတ်စဉ် (၅) နှင့် (၆) တို့ အတွက်ကတော့ အချိန်မှီ ကုသမှု မခံယူဖြစ်ပါက နာတာရှည်အရေပြားဝေဒနာကို ခံစားရနိုင်တဲ့ အပြင် အခန့် မသင့်ရင် အသက် ဆုံးရှုံးမှုပါ ဖြစ်လာနိုင်တာ ကြောင့် မပေါ့ဆသင့်ပါဘူး။
(၁။ အစားအသောက် ဓာတ်မတည့်ခြင်း)
အဖြစ်များတဲ့ မွေးရာပါရောဂါတစ်မျိုးဖြစ်ပြီး၊ မိခင်(သို့ မဟုတ်)ဖခင်တို့ ထံမှ မျိုးရိုးလိုက် တတ်ပါတယ်။ ဝေဒနာရှင် တစ်ဦး နှင့် တစ်ဦး ဓာတ်မတည်သည့် အစားအစာအမျိုးအစားချင်း မတူညီကြပါဘူး။ ကြက်ဥ၊ နွားနို့ ၊ ပုစွန်-ပြည်ကြီးငါး(ကင်းပွန်)-ဂုံးကောင်-ရေဘ၀ဲ စသည့် ပင်လယ်စာအမျိုး မျိုး၊ ပဲပိစပ်၊ ဂျုံ၊ မြေထောက်ပဲ၊ ပိန်းဥ၊ သခွားသီး စသည်တို့ က အဖြစ်များတဲ့ အစားအစာ ဓာတ် မတည့်ခြင်းတွေပါဘဲ။
(၂။ ရာသီဥတု ရုတ်တရက်ပြောင်းလဲသွားခြင်း)
အဖြစ်နည်းတဲ့ ဓာတ်မတည့်ခြင်းတစ်မျိုးပါ။ အေးနေရာမှ ချက်ချင်းဆိုသလို ရာသီ ဥတုပူလာခြင်း(သို့ မ ဟုတ်)ပူရာမှ ချက်ချင်းအေးသွားခြင်း စသဖြင့် အပူချိန်မမျှတသည့်အခါတွင် လည်းကော င်း၊ လေတအား ထန်၍ ဖုန်မှုန့် များ(သို့ မဟုတ်)လေအေးများက ခန္ဓာကိုယ်အရေပြားကို ပွတ်တိုက် ရိုက်မိတဲ့ အခါမှာ လည်းကောင်း သွေးဓာတ်မတည့်ခြင်း ဖြစ်လာရပါတယ်။
(၃။ အမွှေးနံ့  ဓာတ်မတည့်ခြင်း)
သူကလည်း အမှတ်စဉ်(၁)ကဲ့သို့ အဖြစ်များတဲ့ မျိုးရိုးလိုက် ဓာတ်မတည့်ခြင်းပါဘဲ။ ပန်းဝတ်မှုန် (သို့ မ ဟုတ်)ဓာတ်မတည့်သည့် ပန်းဝတ်မှုန်ရနံ့ ကို အခြေခံ၍ ပြုပြင်ထုတ်လုပ်ထားတဲ့ ရေမွှေးတို့ ကြောင့် ဝေဒနာခံစားရခြင်း ဖြစ်ပါတယ်။
(၄။ အရေပြား ဓာတ်မတည့်ခြင်း)
ဆပ်ပြာ၊ လိုးရှင်းအလှကုန်များ၊ ရာဘာအမျိုးအစားဖြင့် ပြုလုပ်ထားတဲ့ အလှတန်ဆာပစ္စည်းများ၊ စီးကရက်မီးခိုးငွေ့ ၊ အရက်သေစာများ စသည်တို့ ကြောင့် ဖြစ်တတ်ပြီး အဖြစ်များတဲ့ ရောဂါတစ်မျိုးလို့  ဆိုနိုင်ပါတယ်။
(၅။ ပဋိဇီဝဆေးဝါး ဓာတ်မတည့်ခြင်း)
ဆေးသိပ္ပံနည်းအရ systemic allergy လို့ ခေါ်ပါတယ်။ ပင်နဆလင်၊ ထုံဆေး၊ မေးခိုင်ကာကွယ်ဆေး၊ ဟော်မုန်းအားဆိုးဆေး စသည့် ပဋိဇီဝဆေးဝါးများကြောင့် ဓာတ်မတည့်ခြင်း တစ်မျိုးပါ။ ထို ဆေးဝါး များဖြင့် မွေးရာပါ ဓာတ်မတည့်ခြင်းဆိုသော်လည်း မိဘမျိုးရိုးလိုက်တတ်သည့် ဓာတ်မတည့်မှုမျိုးတော့ မဟုတ်ပါဘူး။ အကယ်၍ အကြောင်း တစ်စုံတစ်ရာကြောင့် ၄င်းပဋိဇီဝေ ဆးဝါးများ အသုံးပြုရန် ကြုံလာတဲ့အခါ မသုံးခင် မိမိနှင့်တည့်မှု ရှိ/မရှိ ဦးစွာ ဆေးပမာဏ အနည်းငယ်ဖြင့် စမ်းသပ်ခံပြီးမှသာ စိတ်ချလက်ချ အသုံးပြုသင့်ပါတယ်။
(၆။ အသည်းအဆိပ်တက်ခြင်း)
အချို့ သူတွေမှာ ထူးထူးခြားခြား အသည်းအဆိပ်တက်လေ့ရှိပါတယ်။ ထိုသူများအဖို့  အသည်းသန့် စေရန် အတွက် ဆေးလိပ် နှင့် အရက်တို့ ကို (အထူး) ရှောင်ရှားပေးဖို့  လိုအပ်ပါတယ်။
< အရေပြား ဓာတ်မတည့်ခြင်းအတွက် အိမ်တွင်း ကုထုံးလေးများ >
ဖော်ပြပါ လက္ခဏာ(၆)မျိုးမှ မည်သည့် အကြောင်းကြောင့်ဖြစ်စေ အရေပြား ဓာတ်မတည့်မှုနဲ့ ကြုံတွေ့  လာရတဲ့အခါ၊ အောက်ပါ ရိုးရှင်းလွယ်ကူတဲ့ အိမ်တွင်း ကုထုံးလေးများဖြင့် ဘေးဥပါသ်မရှိ သက်သာ ပျောက်ကင်းနိုင်ပါတယ်။
(၁) သဘာဝပျားရည်စစ်စစ် သောက်ပါ/ လိမ်းကျံပါ (သို့ မဟုတ်) ရှာလာကာရည် ၁-ဆ ကို သဘာဝ ပျားရည်စစ်စစ် ၃-ဆရော၍ လိမ်းကျံပေးပါ။
(၂) နနွင်းမှုန့်  သောက်ပါ/လိမ်းကျံပါ။
(၃) ကြိတ်မှန်ရွက်၊ မြင်းခွာရွက်၊ ကနဖော့ပင် စသဖြင့် အဆင်ပြေရာ တစ်ခုခုကို ပြုတ်၍သောက်ပါ။ ထို့ပြင် ၄င်းအပင်ကို ရေစင်စင်ဆေးကာ ကျိတ်ယူ၍ ရလာသော သတ္တုရည်ဖြင့် လိမ်းကျံပါ။
(၄) မညှိုးပန်းပင်၏ အစေး(သို့ မဟုတ်) andelion(ခေါ်) ခွေးသွားစိတ် အနားတန်း အရွက်များရှိ၍ အပွင့်ဝါပြီး အပွင့်ခေါင်းပွသော အလေ့ကျပေါက်ပန်း တစ်မျိုးတို့ ကို လိမ်းကျံပါ။
(၅) သံလွင်ဆီ လိမ်းပါ(သို့ မဟုတ်) ငါးကြီးဆီ နှင့် ဗီတာမင်အီးအဆီ တို့ ကို ရော၍ လိမ်းပါ။
(၆) လက်တဆုပ်စာ ပမာဏရှိသော ပင်စိမ်းရွက်ကို ရေစင်စင်ဆေး၍ ကျိတ်ချေပြီးနောက်၊ သံလွင်ဆီ လ္ဘက်ရည်ဇွန်း ၁-ဇွန်း၊ ကြက်သွန်ဖြူ ၂-တက်၊ ဆားအနည်းငယ်၊ ငရုပ်ကောင်းအနည်းငယ်တို့ ဖြင့် ရော၍ အသားအရေပေါ် လိမ်းကျံပါ။
(၇) ကွေကာအုပ် (အကြမ်း)ကို ပျောင့်ပျောင်းသွားအောင် ရေအေးစိမ်၍ ထိုအဖတ်များဖြင့် အရေပြားပေါ် ပွတ်လိမ်းပေးပါ။ (ရေခဲ ရေ မဟုတ်ပါ)
(၈) ဗာဒံပင်အရွက်အစို (သို့ မဟုတ်) တမာရွက်အစိုကို ရေစင်စင်ဆေးပြီးပြုတ်၍ ရလာသော ပြုတ်ရေဖြင့် ရေချိုးပါ။
(၉) ဗီတာမင်စီ ဓာတ်များကလည်း ဓာတ်တိုး ပစ္စည်းအဖြစ် အရေပြား allergic ကို ပျောက်ကင်းစေပါ တယ်။ ဒါကြောင့် ဗီတာမင်စီ ဆေးပြား(သို့ မဟုတ်)သံပုရာရည်(သို့ မဟုတ် )ရှောက်ရည် သောက်သုံး ရင်း ထိုအချဉ်သီးများကို ညှစ်ယူ၍ရလာသော အရည်ဖြင့် အရေပြားကို လိမ်းကျံပေးပါ။
(၁၀) လ္ဘက်ရည်ဇွန်း ၁-ဇွန်းစာ ပမာဏရှိသော ဘိန်းစေ့ကို ထောင်းထုကြိတ်ချေ၍၊ ၄င်း နှင့်ဆတူ ရေအေး နှင့် သံပုရာရည် ၁-ဇွန်းစီတို့ ကိုသမအောင် ရောစပ်၍ လိမ်းကျံပေးပါ။ (ရေခဲ ရေ မဟုတ်ပါ)
(ဆောင်းပါးရှင်…ပေါက်ပေါက်… မျှဝေသည်)
--
promise.pauk
-------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook