ချစ်သူနှစ်ဦးကြား ဆက်ဆံရေး ကောင်းမွန်စေဖို့ ရှောင်ကြဉ်သင့်တဲ့ အရာများ
ကိုယ့်ချစ်သူ သို့မဟုတ် လက်တွဲဖော်နဲ့ ဆက်ဆံရေး ဟာ တခါတလေ ခက်ထန်တဲ့ အချိန်တွေရှိတတ် ပါတယ်။ ဒါဘယ်သူမှ ရှောင်လွဲလို့ မရပါဘူး။ ဒါပေမယ့် ခုဖော်ပြထားတဲ့ အချက်တွေကို သင့် အနေနဲ့ ရှောင်ကြဉ်မယ် ဆိုရင်တော့ ပြဿနာဟာ ထင်ထားတာထက် ပိုပြီး ဖြေရှင်းဖို့ လွယ်ကူနိုင် ပါတယ်။
၁။ ချစ်သူနှစ်ဦး ဆက်ဆံရေးဟာ နှစ်ဦးနှစ်ဖက်ကြိုးစားပြီး တည်ဆောက် ထားကြတဲ့ အရာဖြစ်ကြောင်း သင်နားမလည်ခဲ့ဘူး ဆိုရင်
လူနှစ်ဦးရဲ့ ဆက်ဆံရေးကို အမြဲကြိုးစားပြီး တည်ဆောက်မှရတဲ့ အရာပဲ ဖြစ်ပါတယ်။ ဒါသူ့အလိုလို ဖြစ်လာတာဆိုပြီး သင်လစ်လျူရှုထားမယ် ဆိုရင်တော့ သင်တို့နှစ်ဦးရဲ့ဆက်ဆံရေးဟာ ကောင်းလာဖို့ မရှိပါဘူး။ ကြိုးစားခဲ့တဲ့ အသီးအပွင့်တွေကို လေးစားတဲ့အနေနဲ့ အမြဲအတူတူ အားပေးကြဖို့ လိုပါတယ်။
၂။ ရန်ဖြစ်လို့ အိပ်ခန်းသီးခြား ခွဲအိပ်တာမျိုး မလုပ်သင့်ပါ။
ဒီလိုလုပ်လိုက်တာနဲ့ သင့်ယောင်္ကျား (သို့) မိန်းမနဲ့ ဆက်ဆံရေးဟာ ပိုပြီး ခက်ထန်စေနိုင်ပါတယ်။ ဒါ ကောင်းမွန်တဲ့ ဖြေရှင်းနည်း မဟုတ်ပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် စိတ်ညစ်နေတဲ့ အချိန်မှာ စကားပြော ဆက်ဆံမှု မရှိဘူးဆိုရင် သင်ဘာဖြစ်နေတယ်၊ ဘာလို့စိတ်ဆိုးနေတယ် ဆိုတာကို တစ်ဖက် လူက ဘယ်လိုသိနိုင်တော့မှာလဲ။
၃။ အချင်းချင်း ဘယ်လိုဆက်ဆံသင့်လဲဆိုတာ သင်ဘယ်တော့မှ မသင်ယူဘူးဆိုရင်…
လူနှစ်ဦး ပေါင်းစပ်ထားတဲ့ ဘဝဖြစ်တဲ့အတွက် တစ်ဦးနှင့်တစ်ဦး လေးလေးစားစား ဆက်ဆံဖို့ လိုအပ်ပါ တယ်။ ဒါမှမဟုတ် တစ်ဖက်လူရဲ့ ဆန္ဒအတိုင်း အဆင်ပြေသလို ဆက်ဆံပေးဖို့ လေ့လာထားရ မှာဖြစ်ပါ တယ်။ ဒီလိုဆိုရင် စိတ်ဆိုးရန်ဖြစ်တာ နည်းသထက်နည်းလာမှာ ဖြစ်ပါတယ်။
၎။ အတိတ်တုန်းက လုပ်ခဲ့တဲ့အမှားကြောင့် အမြဲအပြစ်တင်နေမယ် ဆိုရင်….
အတိတ်က ဖြစ်ခဲ့တဲ့ အမှားတစ်ခုကိုပဲ စိတ်ထဲစွဲပြီး အမြဲတမ်း အဖြေတွေ တောင်းနေမယ် ဆိုရင်တော့ ဆက်ဆံရေးကို ထိခိုက်စေနိုင်တဲ့ အပြုအမူပဲဖြစ်ပါတယ်။ သင်ခွင့်မလွှတ်နိုင်ဘူးဆိုရင်လည်း အတိတ်ကို အတိတ်မှာ ထားခဲ့ဖို့ပဲ ရှိပါတယ်။ ဒီကိစ္စကို ဆက်ပြီး သယ်သွားမယ် ဆိုရင်တော့ အနာဂတ် သင်တို့နှစ်ဦး ဆက်ဆံရေးအတွက် အဓိကပြဿနာဖြစ်လာနိုင်ပါတယ်။
Ref:womenslife.today

Trend Myanmar
--------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)