Nanyang Technological University တွင် သြစတြေးလျ MBA ဘွဲ့ တက်ရောက်နိုင်မည်
အတွဲ (၁၅)၊ အမှတ် (၂၇) |
တက်ရောက် လိုသူများသည် သက်ဆိုင်ရာ နယ်ပယ် အသီးသီးမှ ဘွဲ့တစ်ခုကို ပြီးမြောက် အောင်မြင်ထားသူ ဖြစ်ရမည်ဖြစ်ပြီး အင်္ဂလိပ်စာ လိုအပ်ချက် အနေဖြင့် IELTS 6.0 ကို ရရှိထားရ မည် ဖြစ်သည်။ သတ်မှတ်ထားသော အင်္ဂလိပ်စာ Level ကို မမီပါက ကျောင်းမှ သတ်မှတ်ထား သော English Language Proficiency Assessment Test ကို ဖြေဆိုရမည် ဖြစ်သည်။ MBA တက် ရောက်ရမည့် ကြာမြင့်ချိန် ကာလမှာ ၁ နှစ်ဖြစ်သည်။ ကျောင်းလခမှာ စင်ကာပူဒေါ်လာ ၂၉,၂၄၈ ဖြစ်ပြီး ဇူလိုင်လ ကျောင်းဖွင့်ချိန် အတွက် တက်ရောက်လိုသော ကျောင်းသား၊ ကျောင်းသူများ စင်ကာပူဒေါ်လာ ၃,၀၀၀ နှင့် လက်ပ်တော့ တစ်လုံးကို ရရှိမည် ဖြစ်သည်။
အဆိုပါ ဘွဲ့ဒီဂရီသည် Federation University Australia မှ ပေးအပ်သော MBA ဘွဲ့ဒီဂရီဖြစ်ပြီး အသေးစိတ်သိ ရှိလိုပါက Myanmar Search International (MSI) နိုင်ငံခြားပညာရေး ဝန်ဆောင်မှု ရုံးခန်းအမှတ် ၂၃၄၊ ဒုတိယထပ် (ညာ)၊ ရွှေဘုံသာလမ်း (အလယ်ဘလောက်)၊ ပန်းပဲတန်း မြို့နယ်၊ ရန်ကုန်မြို့ ဖုန်း-၀၁-၃၈၉၉၁၅၊ ၀၁-၂၅၀၉၂၉၊ ၀၉-၅၁၀၃၃၉၁၅ သို့ မေးမြန်းနိုင်သည်။
Internet Journal
--------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)