မုန်ညင်းချဉ် ဝက်သုံးထပ်သားကြော်
သုံးသည့် မုန်ညင်းချဉ်၊ ပဲငံပြာရည် (အပျစ်၊အကျဲ)၊ Chicken powder များ အမျိုးအစား မတူနိုင်သည့် အတွက် အပေါ့အငံ ချိန်ဆထည့်ပေးပါ။
**... မုန်ညင်းချဉ် ဝက်သုံးထပ်သားကြော် အတွက် လိုအပ်တာလေးတွေ…
1. ဆီ – 2/3 cup (160 ml)
2. ဝက်သုံးထပ်သား – 650 g (၄၃ ကျပ်သားခန့်)
3. ပဲငံပြာရည် အပျစ် (sweet soy sauce) – ထမင်းစားဇွန်း ၄ ဇွန်း
4. ပဲငံပြာရည် အကျဲ (light soy sauce) – ထမင်းစားဇွန်း ၃ ဇွန်း
5. ဟင်းချက်ဝိုင် (cooking wine) – ထမင်းစားဇွန်း ၁ ဇွန်း
6. Chicken powder – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
7. လက်တစ်ဆစ် အရှည်ခန့် လှီးထားသော မုန်ညင်းချဉ် – 1 cup (250 ml)ခန့်
8. ရေနွေး – အသားနူးအောင် ချိန်ဆထည့်ပေးပါ။
ဝက်သုံးထပ်သားကို ပွက်ပွက်ဆူနေသော ရေထဲ ထည့်ပြီး တစ်ဖက်ကို ၁၀ မိနစ်စီခန့်ဖြင့် မိနစ် ၂၀ ခန့် medium heat ဖြင့် အိုးအဖုံး ဖုံးကာ ပြုတ်ပေးပါ။ (အသားတစ်ဝက်ခန့် ကျက်ပြီး အခေါက်များ အရမ်း မနူးစေရန် အချိန်အကြာကြီး မပြုတ်ရပါ။)
ဆယ်ထုတ်ထာပြီးနောက် အေးသွားလျှင် ပဲငံပြာရည် အပျစ်၊ ပဲငံပြာရည် အကျဲ ၊ဟင်းချက်ဝိုင်၊ Chicken powder တို့ဖြင့် နယ်၍ လှီးရ လွယ်ကူစေ ရန် ရေခဲသေတ္တာ (မခဲသည့် အဆင့်fridge)ထဲ အနည်းဆုံး ၄ နာရီခန့် ထည့်ထားပါ။ (ခဲသည့် အဆင့်freezer) ထဲထည့်လျှင် အဖုံး ဖုံးပြီး ၁ နာရီခွဲခန့် ထားပါ။
ပြီးလျှင် တတ်နိုင်သမျှ ပါးပါးရှည်ရှည် လှီးပေးပါ။ (အသားကို ကျက်သွားအောင် ပြုတ်ထားတာမဟုတ်၍ သွေးအနည်းငယ် ကျန်ပါတယ်။)
ပြီးနောက် ဒယ်အိုးထဲ ဆီ၊ လှီးထားသော အသား၊ မုန်ညင်းချဉ်၊ အသားနယ်ထားသော sauce နှင့် ရေနွေးတို့ကို ထည့်ကာ အသား နှင့် အဆီအခေါက်များ နူးအောင် အိုးအဖုံး ဖုံးပြီး တည်ထားပါ။
အရည်အနည်းငယ်ကျန်သောအခါ အိုးအဖုံး ဖွင့်၍ ဆီပြန်လာသည် အထိ မွှေကြော်ပေးပြီးနောက် လှပနူးအိကာ စားကောင်းလှသော မုန်ညင်းချဉ် ဝက်သုံးထပ်သားကြော်လေး အရသာရှိစွာ သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ။
ref; https://www.facebook.com/ChawSusFoodFriends
--------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)