ရှမ်းနံနံ မွှေးတဲ့ အရည်ဆမ်း ငါးဟင်းလေး



***... ရှမ်းနံနံ မွှေးတဲ့ အရည်ဆမ်း ငါးဟင်းလေး ချက်ဖို့ လိုအပ်တာလေးတွေ…

1. ငါးကြင်း (သို့) ကြိုက်နှစ်သက်ရာ ငါး – 750 g (၅၀ ကျပ်သားခန့်)
2. ဆား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
3. အရသာမှုန့် – လက်ဖက်ရည်ဇွန်း ၃ ဇွန်း (အပေါ့အငံ အနည်းငယ်ချိန်ဆပါ)
4. ဆီ – ဟင်းခပ်ဇွန်းကြီး ၂ ဇွန်းခွဲ
5. ပါးပါးသေးသေး လှီးထားသော ကြက်သွန်နီ – တရုတ် ထမင်းစား ပန်းကန်လုံး ၁ လုံး
6. နှစ်ပိုင်းဖြတ်ကာ အကွင်းလိုက် လှီးထားသော ခရမ်းချဉ်သီး – တရုတ် ထမင်းစား ပန်းကန်လုံး ၁ လုံး မောက်မောက်
7. အရောင်တင်မှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
8. ငါးမဆလာ – လက်ဖက်ရည်ဇွန်း ၄ ဇွန်း
9. နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း တစ်ဝက်
10. ငါးငံပြာရည် – ဟင်းခပ်ဇွန်းကြီး ၂ ဇွန်း
11. နှစ်ခြမ်းကွဲလှီးထားသော ငရုတ်သီးစိမ်း – စားနိုင်သလောက်
12. နှစ်ပိုင်း ဖြတ်ထားသော ရှမ်းနံနံ (Sawtooth, Thai Coriander ) – ၂၀ ရွက်ခန့်

ရေဆေးထားသော ငါးများကို အရသာမှုန့်၊ ဆား တို့ဖြင့် နယ်ကာ နာရီဝက်ခန့်နှပ်ထားပါ။

high heat ဖြင့်ကြော်ထားသော ကြက်သွန်နီများ ရွှေဝါညိုရောင်သန်းလာလျှင် ခရမ်းချဉ်သီးများ ထည့်ကာ ဖိချေမွှေကြော်ပေးပါ။

ခရမ်းချဉ်သီးများ အရမ်းနွမ်းသွားလျှင် အရောင်တင်မှုန့်၊ ငါးမဆလာ နှင့် နနွင်းမှုန့်ထည့်ကာ စက္ကန့် ၃၀ ခန့် မွှေကြော်ပေးပါ။

ပြီးလျှင် ငါးငံပြာရည်ထည့်ပြီး ၁ မိနစ်ခွဲခန့် မွှေကြော်ပေးပါ။

ရေနွေး ၄ ခွက် (1000 ml) ထည့်ကာ အိုးအဖုံး ဖုံးပြီး ၁၅ မိနစ်ခန့် ဆူခိုင်းထားပါ။

ပြီးနောက် ပွက်ပွက်ဆူနေသော ဟင်းရည်ထဲ ငါးများကို ထည့်ကာ အိုးအဖုံး ဖုံးပြီး ၂ မိနစ်ခန့် ဆူခိုင်းပါ။

ထို့နောက်ငါးများကို တစ်ဖက်လှန်ကာ အိုးအဖုံး ဖုံးပြီး နောက်ထပ် ၂ မိနစ်ခန့် ထပ်ဆူခိုင်းပါ။ (ငါးအကျက်လွန်လျှင် စားလို့မကောင်းပါ။)

ပြီးလျှင် ငရုတ်သီးစိမ်း နှင့် ရှမ်းနံနံကိုထည့်ကာ ၃၊ ၄ ချက်မွှေပြီး အိုးအဖုံး ပြန်ဖုံး၍ ဟင်းအိုးကို မီးဖိုမှ ချကာ ရှမ်းနံနံ မွှေးတဲ့ အရည်ဆမ်း ငါးဟင်းလေးကို အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။


ref;Chaw Su's Food Friends
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...