ကြောင်ကို ဘယ်သူ ခြူဆွဲပေးမလဲ

တစ်ခါက မြို့တစ်မြို့ရဲ့အိမ်တစ်အိမ်မှာ ကြွက်တွေ အရမ်းများ ခဲ့တယ်။ ကြွက်တွေက နေ့နေ့ညည သောင်းကျန်းလွန်းလို့ အိမ်ရှင်က ကြောင်တစ်ကောင် ဝယ်မွေးလိုက်တယ်။

ကြောင် ရောက်လာပြီးတဲ့နောက် ကြွက်တွေ တော်တော်လျော့ သွားခဲ့တယ်။ အိမ်ရှင်က ဝမ်းသာပြီး ကြောင်ကလည်း သူ့တာဝန်သူ ကျေကျေပွန်ပွန် ထမ်းဆောင်နေခဲ့တယ်။

တစ်ရက်မှာ ကြွက်တွေက အစည်းအဝေး လုပ်တော့တယ်။ အစည်းအဝေး လုပ်ရတဲ့ ရည်ရွယ်ချက်က သူတို့ကို ဖမ်းယူသတ်စားနေတဲ့ ကြောင်ကို သုတ်သင်ဖို့ဖြစ် တယ်။ ကြောင်ရဲ့ရန်က ကာကွယ်နိုင်အောင် ကြွက်တွေကို အကြံထုတ်ကြပါလို့ ကြွက်ခေါင်းဆောင် တောင်းဆိုတယ်။

ကြွက်တွေက သူတို့ရဲ့အကြံကို တစ်ကောင်ချင်းစီပြောကြတယ်။

"ကျွန်တော်တို့ကို အဲဒီကြောင်စုတ် လိုက်ဖမ်းတဲ့အခါ သူ့ကို ကြွက်ထောက်ချောက်နား တမင်မြားခေါ် လာခဲ့တယ်။ ကြွက်ထောင်ချောက်က သူ့ကိုညှပ်မိရင် နောက်ဆို ကျွန်တော်တို့ကို လိုက်ဖမ်းတဲ့ ကောင် ရှိတော့မှာ မဟုတ်ဘူး"

"ဒီနည်းက သိပ်အန္တရာယ်များလွန်းတယ်။ မတော်လို့ ကြောင်က ကြွက်ထောက်ချောက်နား မရောက်ခင် မင်းအရင်အစားခံရရင် ဘယ်လိုလုပ်မလဲ။ သူအိပ်နေတုန်း သူ့ကိုမီးနဲ့ရှို့ပစ်တာ အကောင်းဆုံးပဲလို့ ငါထင် တယ်"

"ဒီနည်းက ငါတို့ကိုလည်း ဒုက္ခရောက်စေနိုင်တယ်.. ငါ့မှာ အကောင်းဆုံး နည်းတစ်ခုရှိတယ်.. သူအိပ်နေ တုန်း သူ့လည်ပင်းမှာ ခြူတစ်လုံးသွားဆွဲပေးထားလိုက်မယ်။ ဒီလိုဆိုရင် ခြူသံကြားတာနဲ့ ငါတို့အမြန်ပြေး ပုန်းလို့ရတယ်။ သူဖမ်းမိဖို့လည်း မကြောက်ရတော့ဘူး.. ဘယ်နဲ့လဲ..."

ကြွက်တွေက ဒီအကြံကို ထောက်ခံ အားပေးကြတယ်။

"အားလုံးက ထောက်ခံပြီဆိုတော့ ကြောင်ကို ဘယ်သူခြူသွား ဆွဲပေးချင်သလဲ" ကြွက်ခေါင်းဆောင်က မေးတော့ ဘယ်သူမှ မတုန့်ပြန်ကြတော့ဘူး။

"ဒီအကြံကို မင်းက ထုတ်တယ်ဆိုတော့ မင်းပဲသွားဆွဲကွာ.."

"ကျွန်... ကျွန်တော်.. သွားမဆွဲရဲဘူး.. တခြားကြွက်ကိုပဲ ရှာပြီး သွားဆွဲခိုင်းပါ.."

နောက်ဆုံးမှာ ဘယ်ကြွက်မှ သွားမဆွဲရဲခဲ့လို့ အခုထက်တိုင်ပဲ ကြွက်တွေဟာ ကြောင်ရဲ့ လိုက်လံဖမ်းဆီး တာကို ခံနေခဲ့ရတယ်။

*** ကလေးအတွက် ပုံပြင်ပါနော်.. ကျွန်မတို့ မူလတန်း ဖတ်စာအုပ်မှာ သင်ခဲ့ရတုန်းကတော့ အလွယ် တကူနားလည်နိုင်တဲ့စာ၊ အကြောင်းအရာတွေနဲ့ သင်ခဲ့ရတာပါ။ နှစ်တွေကြာပြီဆိုတော့ အကြောင်းအရာ ကို မမေ့သေးပေမယ့် စာစီတာကိုတော့ ကျွန်မမေ့သွားလို့ အင်တာနက်မှာပြန်ရှာပြီး ရေးလိုက်ပါတယ်။


Nine Nine Sanay @ နိုင်းနိုင်းစနေ
--------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...