ကြက်ဥပေါက် ပြိုင်ပွဲ



လက်ရှိအချိန်မှာ ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ ၀င်ဘယ်ဒန်အိုးပင်း ပြိုင်ပွဲတွေကြောင့် ပရိသတ်အများစုဟာ မအား လပ်နိုင် လောက်အောင် ဖြစ်နေကြပါတယ်။ ဒီလိုပွဲတွေ အများအပြား ရှိနေစဉ် အတောအတွင်းမှာ အင်္ဂလန် နိုင်ငံ၊ လင်ကွန်းရှိုင်းယား ဒေသမှာ ထူးခြားတဲ့ ပြိုင်ပွဲ တစ်ခုကို ကျင်းပပြုလုပ် သွားခဲ့ပါတယ်။ အဲဒီပြိုင်ပွဲကတော့ ကြက်ဥပေါက် ပြိုင်ပွဲပဲ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲဟာ အပျော်သဘောနဲ့ ကျင်းပပြုလုပ်တာ ဖြစ်ပြီး ပြိုင်ပွဲဝင်တွေရဲ့ လှုပ်ရှားမှုတွေဟာ ရယ်စရာ ကောင်းခဲ့တာမို့လာ ရောက်ကြည့်ရှုသူ တွေအတွက် ကျေနပ်စရာ တစ်ခုဖြစ် ခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာ ပြိုင်ပွဲအမျိုးအစား နှစ်ခု ထည့်သွင်း ကျင်းပပြုလုပ် ခဲ့ပါတယ်။ တစ်ဦးက ပစ်လိုက်တဲ့ ကြက်ဥက တစ်ဦးက ဖမ်းယူရခြင်း ဖြစ်ပါတယ်။ နောက်ထပ်တစ်ခု ကတော့ ပြိုင်ပွဲ ၀င် နှစ်ဦးဟာ စားပွဲ ၀ိုင်းမှာ မျက်နှာချင်းဆိုင် ထိုင်ပြီး ယှဉ်ပြိုင်ရတာ ဖြစ်ပါတယ်။ စားပွဲဝိုင်းမှာ မျက်နှာချင်း ဆိုင်ထိုင်ပြီး ယှဉ်ပြိုင်ရတဲ့ ပြိုင်ပွဲက စိတ်ဝင်စားဖို့ ကောင်းခဲ့ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ စားပွဲဝိုင်းမှာ သေနတ် တစ်လက်ကို ချပြီး ရှုံးနိမ့်သူဟာ သေနတ်ကိုယူကာ ကိုယ့်ရဲ့ ဦးခေါင်းကို သေနတ်နဲ့ ပြန်လည် ပစ်ခတ် ရခြင်း ပုံစံမျိုး ပြုလုပ်ထားခြင်းကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် ရှုံးနိမ့်သူဟာ စားပွဲဝိုင်း အလယ်မှာ ချထားတဲ့ ကြက်ဥကိုယူပြီး ကိုယ့်ရဲ့ ဦးခေါင်းနဲ့ ကိုယ်တိုင် ရိုက်ခွဲမှုပြုလုပ် ရပါတယ်။ ဒီပြိုင်ပွဲကို ကမ္ဘာအနှံ့ မှာ ကျင်းပပြုလုပ်လျက် ရှိပါတယ်။ ဒီပြိုင်ပွဲဟာ ရှေးရိုး အစဉ်အလာအရ ကျင်းပပြုလုပ်တဲ့ ပြိုင်ပွဲ တစ်ပွဲဖြစ် ပြီး၊ ၂၀၀၄မှာ စည်းမျဉ်း၊ စည်းကမ်း တွေနဲ့ ကျင်းပပြုလုပ်ဖို့ ဆုံးဖြတ် ခဲ့ပါတယ်။ ဒါပေမဲ့ ဒီပြိုင်ပွဲကို အပျော် သဘော အဖြစ်သာ ကျင်းပ ပြုလုပ်နေခြင်း ဖြစ်ပါတယ်။


The Messenger
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...