လှပေမယ့် အဖော်မဲ့နေသူ

အခုဖော်ပြပေးမယ့် ကောလိပ် ကျောင်းသူ တစ်ယောက်ရဲ့ သတင်းကလည်း စိတ်ဝင်စားစရာ ပါပဲ။ သူမကလည်း အင်တာနက်မှာ ရေပန်းစားနေသူ တစ်ယောက်ပါ။ အဲဒီလို ရေပန်းစားနေရတဲ့ အကြောင်းရင်းက သူမရဲ့ အလှအပကြောင့်တော့ မဟုတ်ပါဘူး။ သူမရဲ့ တုန်လှုပ်ဖွယ်ရာ လျှို့ဝှက်ချက်ကြောင့်ပဲ ဖြစ်ပါ တယ်။

Asian Town သတင်းအရ သူမဟာ ခရီးသွားလုပ်ငန်း အုပ်ချုပ်မှု ဘာသာရပ် (tourism management) ကို လေ့လာသင်ကြားနေပြီး မိတ်ကပ်ပြင်ရတာ သဘောကျပါတယ်။ နောက်ပြီး ဇာတ်ဆောင်တွေလို ၀တ်ဆင်ရတာ (cosplay) နှစ်သက်ပြီး အခြား မိန်းကလေးတွေလိုပဲ selfie ရိုက်ရတာလည်း အလွန် ၀ါသနာပါသူ တစ်ယောက် ဖြစ်ပါတယ်။



ဒါ့အပြင် တီဗွီ အစီအစဉ်တွေမှာလည်း ဖော်ပြခြင်း ခံရတဲ့အပြင် အင်တာနက်မှာလည်း အိပ်မက် မင်းသမီးလေး တစ်ပါးပေါ့။ ဒါပေမယ့် လုံးဝ အံ့အားသင့်သွားစေမယ့် အချက်ကတော့ သူမဟာ အမျိုးသား တစ်ယောက်ဖြစ်ပြီး အံ့မခန်း မိတ်ကပ်အစွမ်းနဲ့ လှပနေသူ တစ်ဦး ဖြစ်တာကြောင့် သူမကို အကြောင်း သိသူများ ချစ်သူကောင်မလေး အနေနဲ့ ဒိတ်နိုင်ပါ့မလား စာဖတ်သူအပေါင်းတို့ရေ။



World Myanmar News

ref: sgstomp
-----------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...