Earin ပထမဆုံး ကြိုးမဲ့ နားကြပ်

Victor (Paa Tung) on 2014-07-01 12:34
ကျွန်တော်တို့နားကြပ် Earphones လို့ တွေးလိုက်တိုင်း ရှုပ်ရှက်ခပ်နေတဲ့ wire ကြိုးတွေ၊ နားရှုပ်စရာ စပီကာတွေ အမြဲခေါင်းထဲဝင်ရောက် လာတတ်တယ်။ ပြောရမယ်ဆိုရင် ဒါကတော့က အစကတည်းကို က အဲဒီအတိုင်းပဲ လုပ်ထား ခဲ့လို့ပေါ့။ အသံပိုင်းကောင်းမွန်မှုအပိုင်းက နှစ်ပေါင်းကြာလာတာနဲ့အမျှ အရှိန်အဟုန်ဖြင့်တိုးတက်ကောင်းမွန်လာခဲ့ပါတယ်။ ဒါပေမယ့် အသွင်အပြင် တည်ဆောက်မှုအပိုင်းတော့ တိုးတက်မှုရမလာခဲ့ပါဘူး။ ကြိုးမဲ့နားကြပ်ကို ခေါင်းထဲပုံဖော်လို့မရသေးတာတော့ အခုထိပါပဲ။ Earin လို့ အမည်ပေးထားသော အပေါ်က နားကြပ်ပုံဟာ ကမ္ဘာမှာ အသေးငယ်ဆုံး ကြိုးမဲ့ နားကြပ် ဖြစ်ကောင်းဖြစ် ပါလိမ့်မယ်။ လက်ရှိအချိန်မှာ Kickstarter ရဲ့project တစ်ခုဖြစ်တဲ့ ဒီ နားကြပ်တွေဟာ cords ကြိုးအကူ အညီမပါပဲ အလုပ်လုပ်လျက်ရှိပါတယ်။
အသံကတော့ Bond ရုပ်ရှင် ဇာတ်ကားထဲကနေ တိုက်ရိုက်ထွက်နေသလိုပါပဲ။ အဟုတ်ပါပဲ။ ဒီပစ္စည်း လေးသည် Bluetooth ကနေတဆင့် သင့်ရဲ့စက်ပစ္စည်းဆီသို့ ချိတ်ပေးပါတယ်။ အထူးပြုလုပ်ထားပြီး ဘယ်ဘက်ခြမ်းမှာ အတည်တပ်ဆင်ထားတဲ့ Bluetooth chip လေးဟာ ပင်မကနေ အသံ signal ရယူ ထားပါတယ်။ ပြီးတဲ့နောက် အဲ့ဒီအသံကို စတိုရီယိုသံအဖြစ်ပြောင်းလဲလုပ်ဆောင်ပေးပြီး နားကြပ်ဆီသို့ ကူးပြောင်းပေးလိုက်ပါတယ်။ ဒါ့အပြင် နားကြပ်ဟာ သာမန်ထက်များစွာသေးငယ်တာမို့ နားပေါက်မှာ တော်ယုံတန်ယုံမမြင်ရပါဘူး။
နောက်ပြီး ဒီ Earphones ဟာ စွမ်းဆောင်ရည်နှစ်တိုးမြင့်ပေးတဲ့ storage case အားသွင်းပေါက်အဖြစ် ပါဝင်ပါတယ်။ အများဆုံး သုံးနာရီအထိ ခံနိုင်ပါတယ်။ ဒေါ်လာ ၁၃၇နဲ့ Kickstarter မှာ ၀ယ်ယူရရှိနိုင် ပါတယ်။
Trend Myanmar
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)
- (အရှေ့သို့) ဗိုက်သားအဆီကြောင့် သောကများနေကြတဲ့ မမများအတွက် သိထားသင့်တဲ့အချက် စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးPregnancy expectation ကိုယ်ဝန်ရချင်လို့Very little makes it more valuable... ခူယားကောင်နဲ့ ထိမိတဲ့အခါ ဘာတွေလုပ်သင့်လဲ မှတ်ပြီလား...
- (အနောက်သို့) Pangu Tool ကို အသုံးပြုပြီး iOS 7.1.2 ကို Jailbreak လုပ်နည်း စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးPregnancy expectation ကိုယ်ဝန်ရချင်လို့Very little makes it more valuable... ခူယားကောင်နဲ့ ထိမိတဲ့အခါ ဘာတွေလုပ်သင့်လဲ မှတ်ပြီလား...