မြန်မာ-ဂျပန် အသင်းမှ ပေးအပ်သော ပညာသင်ဆုအတွက် ကျောင်းသား အယောက် ၂၀ ရွေးချယ်
မြန်မာ-ဂျပန် အသင်း (MJA) မှ ဦးစီးကာ ၂၀၁၄ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန် အောင်မြင် ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူ များအနက်မှ အယောက် ၂၀ အား ရွေးချယ် ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ပညာရည်ချွန် ဆုကို သိပ္ပံ ဘာသာတွဲမှ မောင် ရန်အောင်ဖြိုး (ထ-၃ မြစ်ကြီးနား)၊ မခင်ပြည့်စုံထွန်း (ထ-၁ လွိုင်ကော်)၊ မယွန်းရွှေလွှာ (ထ-၁ ဘားအံ)၊ မဘွေနှဲမ်းဆုန် (ထ-၃ ဟားခါး)၊ မ၀တ်ရည်နန္ဒာ (ထ-၈ မော်လမြိုင်)၊ မစိုးစန္ဒီ (ထ-၂ စစ်တွေ)၊ မောင်ကောင်းထက်သူကျော် (ထ-၄ တောင်ကြီး)၊ မစိုးစန္ဒီသိန်း (ကပက၊ မြပန်းသဇင်၊ ရေဦး)၊ မောင်ဆန်နီအေးဝင်း (ထ-၁ ပြည်)၊ မသွယ်သွယ်စိုး (အထက၊ ဆိပ်ဖြူ)၊ မောင်လင်းထက်အောင် (အထကတွဲ၊ စလေ (ဘက) ချမ်းမြသာစည်)၊ မသီရိထက်နိုင် (အထက လေ့ကျင့်ရေး၊ ကမာရွတ်)၊ မောင်စိုးပြည့်မောင် (ထ-၂ ပုသိမ်)၊ မောင်သီဟထက်နိုင် (ထ-၁ နေပြည်တော်၊ ဇေယျာသီရိ) တို့ကို လည်းကောင်း၊ ၀ိဇ္ဇာဘာသာတွဲမှ မတင့်တင့်လှိုင် (အထကခွဲ ရွှေကျောင်း၊ ဇလွန်)၊ မစုမြတ်သူ (အထကခွဲ သပြေချောင်း၊ ညောင်တုန်း)၊ မသင်းသင်းခိုင် (အထက လုံးတုံ၊ နမ့်မွန်း၊ မိုးညှင်း)၊ မအေးချမ်းမေ (အထက မော်လူး၊ အင်းတော်)၊ မဇင်မိုးထက် (အထက ရွာတော်၊ အောင်လံ) တို့အားရွေးချယ် ခဲ့ကြောင်းနိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြပါရှိသည်။
ထို့ပြင် အဆိုပါကျောင်းသားအယောက် ၂၀ အား "မြန်မာ-ဂျပန်အသင်း ပညာရည်ထူးချွန်ဆု ဂျပန်နိုင်ငံ လေ့လာရေး ခရီးအစီအစဉ် ၂၀၁၄" အား ပြုလုပ်ပေးသွားမည်ဖြစ်ပြီး ဂျပန်နိုင်ငံသို့ စက်တင်ဘာလ ဆန်းတွင် ထွက်ခွာရမည်ဖြစ်သည်။ ဂျပန်နိုင်ငံသို့ ခုနှစ်ညအိပ် ရှစ်ရက် လေ့လာရေးခရီးအဖြစ် သွား ရောက်ရမည်ဖြစ်ပြီး အဆိုပါ အစီအစဉ်အား မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့အကြား သံတမန်ဆက်ဆံရေး ထူထောင်ခဲ့မှု နှစ် ၆၀ ပြည့် အထိမ်းအမှတ်လှုပ်ရှားမှုအဖြစ် ဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရသည်။

ref;Internet Journal
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

- (အရှေ့သို့) အိမ်မှာနေရင်း အလုပ်လုပ်သူများအတွက် အကြံပြုချက်လေးများ ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း Acer Aspire E1-510P-2671 Laptop Review Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုး
- (အနောကျသို့) ၀ိုင် အကြောင်း သိကောင်းစရာ (အပိုင်း ၁) ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း Acer Aspire E1-510P-2671 Laptop Review Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုး