(၄) ကီလိုလေးတဲ့ ရွှေအင်္ကျီကို ၀တ်ဆင်ထားတဲ့ အိန္ဒိယသူဌေး
အိန္ဒိယ ချည်ထည် လုပ်ငန်းရှင် သူဌေး တစ်ဦးဟာ သူ့ရဲ့ ချမ်းသာ ကြွယ်ဝမှုကို ထုတ်ပြတဲ့ အနေနဲ့ ရွှေအင်္ကျီကို ထုတ်ပြ ၀တ်ဆင်ခဲ့ပါတယ်။
မွမ်ဘိုင်းမြို့ ကနေ ကီလိုမီတာ (၂၆၀) အကွာ ယီအိုလာ အရပ်ဒေသမှာ နေထိုင်တဲ့ ပါရက်ဟာ သူ့ရဲ့အသက် (၄၅)နှစ်ပြည့်မွေး နေ့မှာ လေးကီလို လေးတဲ့ ရွှေအင်္ကျီကို ၀တ်ဆင်ပြ ခဲ့တာပါ။
ပါရက် ဟာ ဘာဘွဲ့မှ ရထားခြင်း မရှိပေမယ့် အောင်မြင် တဲ့ လုပ်ငန်းရှင်အဖြစ် ရပ်တည်နေပြီး ပေါင် သန်းချီ တန်တဲ့ ချည်ထည်လုပ်ငန်း ကိုလည်း တည်ထောင် ထားပါတယ်။ ပါရက်ရဲ့ ရွှေအင်္ကျီ တန်ဖိုးဟာ ပေါင် (၁၂၇၀၀၀) တန်ကြေးရှိပြီး မွေးနေ့ပွဲအမီ ၀တ်ဆင်နိုင် ဖို့ ကြိုတင် မှာယူခဲ့ရပါတယ်။ ရွှေ အင်္ကျီကို မွမ်ဘိုင်းမြို့က လက်ဝတ်ရတနာဆိုင် တစ်ဆိုင်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး နာရီပေါင်း (၃၂၀၀)ကြာမြင့်ခဲ့ တယ်လို့ သိရပါတယ်။ ရွှေအင်္ကျီမှာ အခြားသတ္တုပစ္စည်းတွေ ပါဝင်ခြင်းမရှိဘဲ ရွှေအစစ်ကိုသာ အသုံးပြုခဲ့ ပါတယ်။
ပါရက်က ကျွန်တော့်အနေနဲ့ ထူးခြားတဲ့ အင်္ကျီမျိုးကို ၀တ်ဆင်လိုပါတယ်။ ကျွန်တော့်ကို အောင်မြင်မှုတွေ ချီးမြှင့်ပေးတဲ့ နတ်ဘုရားတွေကို လည်း ကျေးဇူးတင်ပါတယ် လို့ဆိုခဲ့ပါတယ်။ ဒါပေမဲ့ ပါရက်ဟာ ရွှေတွေ ကို အလွန်အကျွံဝတ်ဆင်ခဲ့တာမို့ မနာလိုမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ပါရက်က အသက် ငါးနှစ်သား အရွယ် ကတည်းက ရွှေတွေကို နှစ်သက်စွာ ၀တ်ဆင်ခဲ့တာဖြစ်ကြောင်း၊ လက်ထပ်ပွဲ ဆင်နွှဲစဉ် ကလည်း သတို့သမီးထက် ရွှေတွေ ပိုမိုဝတ်ဆင်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ ပါရက်ဟာအပြင်ကို သွားတဲ့အခါ အနည်းဆုံး ရွှေနှစ်ကီလိုကနေ သုံးကီလိုအထိ ၀တ်ဆင်လေ့ရှိပါတယ်။ မိသားစု အတွင်းမှာလည်း သူ့လောက် ရွှေကြိုက်တဲ့ သူမရှိဘူးလို့ ပါရက်က ပွင့်ပွင့်လင်းလင်း ၀န်ခံခဲ့ပါတယ်။ ရွှေတွေကို အများ အပြား ၀တ်ဆင်ထားလို့ အန္တရာယ်နဲ့ ကြုံနိုင်တယ်ဆိုတာ သိရှိထားတာမို့ ကိုယ်ရံတော်တွေ ငှားရမ်းထား တဲ့အပြင် လိုင်စင်ရ သေနတ်ကိုလည်း အမြဲတမ်းကိုင် ဆောင်ထားပါတယ်။ ပါရက်ဟာ ကြွားဝါတတ်ပေ မယ့် လူမှုရေး ကိစ္စတွေမှာတော့ အားတက်သရော ဆောင်ရွက်ခဲ့ပြီး ပိုလီယိုကင်းစင်ရေး ဆောင်ရွက်ရာ မှာ လိုအပ်တဲ့ အကူအညီတွေ ပေးခဲ့တယ်လို့ သိရပါတယ်။
--------------------------------------