ကားမောင်းသူများအတွက် ဗဟုသုတ



ကီလို ၁၀၀ အေးဆေးပါ ဒါပေမယ့် ၁ စက္ကန့်မှာ ၈၈ ပေသွားနေတာတော့ သင်သိပါ

၁ စက္ကန့်မှာ ၈၈ ပေ သွားနေတာကို ချိန်မီထိန်းချုပ်နိုင်မှ ကားတစ်စီးဟာ ဘေးကင်းစွာ ရပ်တန့်သွားမှာပါ
ကားရဲ့လားရာအမှန်ကို လက်ကိုင်ဂွေကို ထိန်းချုပ်လို့ တစ်မျိုးကားမြန်နှုန်းကို ဂီယာ ဘရိတ်များနဲ့ စနစ်တကျ လည်းထိန်းချုပ်တတ်ရပါသေးတယ်

အဓိက ပြောပြချင်တာကတော့ ခုခေတ်ပေါ်လူစီး ကားအားလုံးနီးပါးမှာ AT/CVT စနစ်များနဲ့ လာ တဲ့ အော်တိုဂီယာ ဖြစ်လို့သွားပါပြီ

ယခင်မော်ဒယ်များမှာ ပါနေကျ ဂီယာဘုတံကြီးဘေးနားက အသီးလေးဖြစ်တဲ့ OverDrive On/Off ဆိုတဲ့ ဖန်ရှင်လေးကို အရှိန် 90/100km လောက်နဲ့မောင်းနေရင်း လမ်းရဲ့ curve တွေ band တွေကို ရောက် လာတဲ့အခါ ဘရိတ်ကို အရင်မဖမ်းပဲ O/D On Off ဖန်ရှင်ဘုလေးကို ဖွင့်လိုက်ပိတ်လိုက် ကစားပြီးမောင်း တတ်ဘို့ ကိုလည်း လက်တွေ့ပြောပြလိုက်ပါတယ် P နဲ့ R ကိုထိုးဘို့ နှိပ်လိုက်ရတဲ့ ဘုအကြီးမဟုတ်ပါ ဒါနဲ့မမှားပါနဲ့

အဆိုးဆုံးက ဒီဘုလေးအလုပ်လုပ်ပုံကို ဘာမှန်းမသိ ညာမှန်းမသိပဲကိုင်လို့ကောင်း ကြည့်လို့ကောင်း အောင် အလှအပအစွပ်တွေ စွပ်လိုက်တာဟာလည်း စနစ်တကျမောင်းဘို့ ကိုသင်ပေးလို့ မရတော့ပါဘူး တတ်နိုင်ရင် လက်ကိုင်ဂီယာတံကို ဘာမှမစွပ်ပါနဲ့ ဟုတ်တယ်ဟုတ် ဒီ ဘုလေး အဖွင့်အ ပိတ်ကိုကီလိုမနဲမများအရှိန်လောက်ရောက်မှ စမ်းကြည့်ရင် သူ့ရဲ့အလုပ်လုပ်ပုံက သိသာစွာတွေ့ရပါ တယ်မြို့ထဲနှေးနှေးမောင်းနေတဲ့အချိန်မျိုးမှာတော့ထူးခြားတာတွေ့ရမှာမဟုတ်ပါ

ဟိုက်ဝေးလမ်းကြောင်းပေါ်မှာကီလို မနဲမများနဲ့၉၀ ၁၀၀ ကျော်ကျော်လောက်မောင်းနေ ရင်းစောစော ကပြောပြတဲ့ ဂီယာတံလက်ကိုင်ကြီးအောက်နားက ဘးဘက်မှာရှိတဲ့ ဒီဘုသီးလေးကိုနှိပ်လိုက်ရင် ဒိုင်ခွက်ထဲမှာ O/D On Off ဆိုတဲ့ လိမ္မော်ရောင် မီးလေးလင်းလာပါလိမ့်မယ် ဒီအချိန်မှာ ဒီဖန်ရှင်က စတင်အလုပ်လုပ်ပါပြီ ကားရဲ့တက်လာတဲ့ Speedကို ကွန်ထရိုးလေးလုပ်လိုက်ပါပြီ ကားအရှိန်နှုန်းမြန် လာမှုကို သတိပေးချုပ်ချယ်လိုက်ပါပြီ

ဂီယာဘောက်ခေါ်တဲ့ ထရန်စမစ်ရှင်းအားကိုးနဲ့ အရှိန်အမျိုးမျိုးပြောင်းကာမောင်းနေတဲ့ ကား အမြန်နှုန်းဟာ ရုတ်တရက် စည်းကနဲဖြစ်သွားပါပြီ လွတ်လွတ်လပ်လပ်ပေါ့ရွှတ်ရွှတ်ကြီး နဲ့ပြေးချင်တိုင်းပြေးမနေတော့ပါ ဘူး ဒီတော့Over Driver မဖြစ်အောင် ထိန်းထားပေးတဲ့ သဘောလည်း သက်ရောက်သွားပါတယ် ဒီအချိန်မှာ ဘရိတ်ကို လိုအပ်လို့မှေးမယ် နင်းမယ်ဆိုပါတော့ အင်ဂျင်ကွန်ထရိုးတစ်ခုက လိုအပ်သလို ပံ့ပိုးထားလို့ဘရိတ် အတွက်လည်း အထောက်အကူပြုပါတယ်အမြဲတန်း ဒီဘုလေးကို နှိပ်ထားပြီးမောင်းရင် လည်းရပါတယ်

ဒိုင်ခွက်ထဲမှာ လိမ္မော်ရောင်မီးလေး လင်းလာတာကိုမြင်ရပါမယ် နိုင်ငံခြားမှာတော့ ဟိုက်ဝေးလမ်းကို တက်လိုက်ပြီဆိုတာနဲ့ အပြီးနှိပ်မောင်းတယ်လို့သိရပါတယ် သူ့အဓိပါယ်အရလည်း အိုဗါဒရိုက် မဖြစ်အောင် လုပ်ထားပေးတယ်ဆိုပါတယ် သူတို့ကတော့ ဆီလေးနဲနဲပိုစားတာကို ဂရုစိုက်ဘို့မလိုဘူးလေဒီမှာက ဒါမျိုးကိုလုပ်ဘို့ အသာထား ဆီစားသက်သာအောင် ဘာဂီယာဖြစ်ဖြစ် ဖရီးရိုက်နေတာကိုတွေ့နေရပါတယ် ဂီယာကွန်ထရိုးမပါပဲ လွတ်လွတ်လပ်လပ်ကြီး သွားနေတဲ့ ကားဟာ အလွန်အန္တရာယ်များပါတယ်

ကားရပ်ဘို့အတွက် ဘရိတ်တစ်ခုထဲပဲ အားကိုးပြုရတော့မယ်ဒါဟာမကောင်းပါဘူး အိုဗါဒရိုက်ကွန်ထရိုးနဲ့ သုံးပြီးကားကို အရှိန်နဲ့မောင်းနေတဲ့အခါ စည်းစည်းလုံးလုံးနဲ့မောင်းနေတာကို သိရမယ် ဒါပေမယ့် ဆီတော့နဲနဲပိုစားပါမယ် လမ်းကွေ့တွေ အစောင်းတွေရောက်တဲ့အခါမှာ ရုတ်တရက်အရှိန်များသွား တာကိုမခံရပါ OverDriveဖြစ်လာမှာကို တားဆီးပေးထားတာပါ နင်းလိုက်ရင် လည်းစည်းစည်းလုံးလုံးနဲ့ ကားကပြေးမယ် လီဗါကိုလွှတ်လိုက်ရင်လည်း ကားကဂီယာအောက်တစ်ချက်ကို ဆင်းသွားသလိုငြိမ့်ကနဲ
ကွန်ထရိုးအငယ်စားလေး တစ်ခုဝင်သွားကာ ထိန်းလို့သိမ်းလို့ကောင်းမယ်ပေါ့ဗျာ ဘရိတ်အားကိုးနဲ့ င်တိုင်း မမောင်းရပါဘူး ကိုယ်မောင်းနိုင်တဲ့အခြေအနေ လမ်းအခြေအနေများကိုတွ က်ဆကာကိုယ်နိုင်တဲ့ ကွန်ထရိုးနဲ့ ကားကိုမောင်းရပါတယ်ခင်ဗျာ

[ ဂီယာတံလက်ကိုင်ဘုပေါ်လက်ကလေးတင်အော်တိုဂီယာလို့ သဘောမထားပဲဒီ ဘုသီးလေးကို လိုအပ်တဲ့ အခါ ဖွင့်လိုက်ပိတ်လိုက်နဲ့ မောင်းတတ်ရင်တော့ အကောင်းဆုံးပေါ့ဗျာ ]
ကားမောင်းရင်း အပျင်းလည်းပြေတာကို တွေ့ရမှာပါ လုပ်စရာအလုပ်တစ်ခုကိုလည်း အမြဲလုပ်ပြီး သားဖြစ်နေတော့အိပ်ငိုက်လာတဲ့ စိတ်လည်း မရှိတော့ဘူးပေါ့ေ မာင်းချင်သလိုမောင်းကွေ့တွေ အစောင်းတွေတွေ့တာနဲ့ ဘရိတ်ကို ရုတ်တရက်ဖမ်းရင် ဗဟိုခွါအားတို့အီနားရှားတို့ဆိုတဲ့ သဘောနဲ့ ကားကမှောက်တတ်ပါတယ် လမ်းကြောင်းလွဲထွက်တတ်ပါတယ်

မော်တော်ကားရဲ့ ဘရိတ်ဆိုတာ ****ဘီး ၄ ဘီးကိုသာရပ်တန့်စေတဲ့ကိရိယာပါ**** ***ကား တစ်စီးလုံး ကို ရပ်တန့်စေတဲ့အရာမဟုတ်ပါဆိုတာကိုလည်း သိသူအလွန်နည်းပြီး ဘရိတ်အားကိုး နဲ့မောင်းနေကြ သူများနေလို့ပါ

စောစောကပြောခဲ့တဲ့ အိုဗာဒရိုက်ကွန်ထရိုးဘု အသေးလေးကနောက်ပေါ်ဇစ် ဇက် ဂီယာတံနဲ့လာတဲ့ ကားအချို့မှာတော့ သီးခြားပါမလာတော့ပါဘူး (3 AT ပဲရှိတဲ့ မီနီထရပ်ခွေးဘီလူးအုပ်စု ကားများမှာမပါပါ ) ဇစ်ဇက် ဂီယာတံနဲ့လာတဲ့ ဒီကားမျိုးမှာတော့ D နဲ့ ကပ်လျက်နေရာမှာ S ဆိုပြီးရေးထားပါတယ် အရှိန်များ လာရင်စောစောကပြောထားတဲ့ ဘုသီးလေးကိုနှိပ်သကဲ့သို့ သဘောထားပြီး ဂီယာတံကို Dနေရာမှ Sနေရာကို ရဲရဲတင်းတင်းပြောင်းလိုက်ပါ ကားအရှိန်က စနစ်တကျလျော့ကျသွားတာကိုတွေ့ရပါမယ်ရိုးရိုး AT ဂီယာတံက 2 ကိုပြောင်းလိုက်သလိုပါပဲ ဒါလည်း အိုဗါဒရိုက်ကွန်ထရိုးပါပဲ မိမိထိန်းသိမ်းနိုင်တဲ့ အရှိန်ကိုပြန် ရတော့မှ D ကိုပြန်ထားလိုက်ပါမြေပြန့်လိုခရီးဝေးသွားရင် ဒီလောက်တော့ ကွန်ထရိုးအသီးသီးလုပ်နိုင်ရ ပါမယ်

ကျန်တဲ့ ဂီယာ နေရာပြ 2 တို့ L တို့အကြောင်းကတော့ သာမာန်မောင်းမယ့်သူများ အတွက် နေပြည်တော် လိုမြေပြန့်လမ်းအတွက် သုံးစရာမလိုပါ တောင်ပေါ်/မြေပြန့် တက်လိုက်ဆင်းလိုက် လုပ်တဲ့အခါမှ သုံးရမှာမို့ ခုတော့ရှင်းမပြသေးပါဘူး ခုပြောနေတဲ့ခေါင်းစဉ်နဲ့ မဆိုင်လို့ပါ ခုလိုအခါမျိုး ခရီးသွားရာသီရောက်လာ တာနဲ့အမျှ အမြန်လမ်းအသီးသီးမှာ ကားမျိုးစုံ က မိုင်နာ ရော မေဂျာရော အက်ဆီးဒင့်ခဏ ခဏဖြစ်နေကြ တာကိုလည်း တွေ့နေ မြင်နေရတော့ ဖြေဖျောက်ဘို့လည်းမလွယ် မျက်စိထဲတ၀ဲဝဲလည်လည် မြင်ရ အားကြီး လို့မျက်စိနောက် နားငြီးအောင် သတိပေးစကားပြောကြားနေရတာပါ ထပ်မံပြီး ခု ဆက် တိုက်ရောက်ရှိလာတဲ့ ခေတ်မီကားများအကြောင်းထဲက ခေတ်မီကိရိယာကွန်ထရိုးများ အကြောင်း လည်းပြောပြချင်ပါတယ် ဘရိတ်စနစ်များကလည်း ABS ဆိုတဲ့ Anti Locked Braking System များပါ လာကြပါတယ် ဘရိတ်စနစ်ကို စပြောပါ့မယ် ဘရိတ်ဖမ်းလိုက်တဲ့ ပုံစံကို ဘီးကို လော့ချလိုက်တယ်ပေါ့ ဘရိတ်ကို လွှတ်လိုက်တယ် ဆိုပါတော့ လော့မချလိုက်တော့ဘူးပေါ့ ကဲ အန်တီလော့ဘရိတ်စနစ်ဆိုတာ ဘာကိုလဲဆိုတော့ ဘရိတ်ကို ရုတ်တရက် လော့ချလိုက်တာကနေ ခဏပြန်လွှတ် ပြီးမှ တစ်ဘီးချင်းစီကို
လည်ပတ်နှုန်းမြန်အရ ဖိအားကို စနစ်တကျ တွက်ချက်လွှတ်ပေးလို့ ဘရိတ်အမိညင်သာသွားပါတယ် အင်မတန်မြန်တဲ့ အချိန်လေးအတွင်းမှာ ကွန်ပြူတာအာရုံခံစနစ်များက ဘရိတ်ဘူစတာ ကိရိယာကတစ်ဆင့် ဘီးတစ်ဘီးချင်းစီရဲ့ ဟိုက်ဒရောလစ်ပိုက် အသီးသီးကိုသက်ဆိုင်ရာရှိသင့်တဲ့ဖိအားအလိုက် တွက်ချက် လွှတ်လိုက်ပါပြီ

ကားတစ်စီး တည့်တည့်မတ်မတ် သွားနေတဲ့ဖြစ်စဉ်တစ်ခုအတွင်းမှာသာ ဘီး လေးဘီးက အညီအမျှ လည်ပေးပါတယ်ဒီအချိန်မျိုးမှာ ဘီး ၄ ဘီးရဲ့ ဘရိတ်ကိုတော့ အညီအမျှဖမ်းပေးပါလိမ့်မယ် ဒီအခြေအနေနဲ့ ဒက်စတော့ဆိုတဲ့ တစ်ချက်ကောင်းအမြန်ဖမ်းခဲ့ရင် ယခင်ကားဟောင်းများအတွက် စနစ်ဟောင်းနဲ့ဆိုပါက
ကျွိ အိ အိ ဗျိ ဆိုတဲ့လမ်းနဲ့ တာယာပွတ်သံကျိမ်းသေထွက်မှာပါ လမ်းမှာလည်းမြင်မကောင်းအောင် တာယာပွတ်သွားတဲ့ လမ်းကြောင်းဟာလည်း မြွေလိမ် မြွေကောက် သဏ္တန်ကျန်ခဲ့မှာပါ ကားရပ်သွားပေ မယ့် အိနြေ္ဒပျက်ပါတယ် ဘရိတ်မိပြီးချိန် တာယာအားလုံးရပ်ပြီးချိန်ရောက်မှ ဘရိတ်ဒရွတ်ဆွဲလိုက်တဲ့ အရှိန်နဲ့ ရှေ့က Object တစ်ခုခုကိုသွားတိုက်ပါလိမ့်မယ် ဒီအချိန်မှာကားဟာ ဘီးတတ်ထားတယ် ဆိုသောငြားလည်း ဘီးတွေအားလုံး ရပ်လျက်အနေထားနဲ့ဖြစ်ကုန်လို့ အရာဝတ္တုတုံးကြီးတစ်ခု လိုဖြစ် သွားပြီးအီနားရှားသဘောနဲ့ ရွေ့မြဲရွေ့နေလိုတဲ့ သဘောရှိနေလို့ လမ်းနဲ့ ဘီးရပ်လျက်အနေထားတို့ရဲ့ ပွတ်မှု အနေထားဖြစ်စဉ်များအရ တစ်နည်းအားဖြင့်ဘရိတ်ဖမ်းလိုက်တော့မှ လမ်းဘေးကို ထိုးကျသွားတာ တို့ ရှေ့ကားကိုလွဲသွားပေမယ့်ဘေးက ကျော်တက်လာတဲ့ကားနဲ့ တွေ့သွားကြတာတိုဖြစ်ကြရပါတယ် တစ်နည်းအားဖြင့် ဘရိတ်အမိကြမ်းခဲ့လို့ ဒရွတ်ဆွဲသွားတဲ့ပြသနာ ဆိုးကျိုးတစ်ခုပေါ့ဗျာ

ဘီးမလည်တော့ ကားရဲ့လားရာကို ကွန်ထရိုးမလုပ်နိုင်တော့ပါဘူး ကွန်ထရိုးမလုပ်နိုင်တဲ့ သဘောတရား များကိုပြောပြရရင် ရှင်းလေရှုပ်လေတော့ နဲနဲဖြစ်ပါမယ် ခုပြောမယ့်သဘောတရားများကို ဂရုတစ်စိုက် တော့ ရှိလိုက်ပါ ကားများမှာ ရှိတဲ့ တာယာပန်းအားလုံးဟာ တစ်ပြေးတည်း အထူအပါး ပုံစံဒီဇိုင်းမရှိနိုင်ပါ
ဘီးတစ်ဘီးချင်းစီရဲ့ထိတွေ့နေတဲ့ လမ်းမျက်နှာပြင် အနုအကြမ်းလည်းမတူနိုင်ပါ ဒီတော့ ပွတ်မှုသဘော တရားအရ တာယာမျက်နှာပြင်ကြမ်းနဲ့ လမ်းမျက်နှာပြင်ကြမ်း ထိတွေ့ပုံကတစ်မျိုး တာယာနုနဲ့ လမ်း မျက်နှာပြင်ကြမ်း ထိတွေ့ပုံကတစ်မျိုး တာယာနုနဲ့ လမ်းချောချောက ထိတွေ့ပုံကတစ်မျိုး တာယာကြမ်း နဲ့ လမ်းမျက်နှာပြင်နုနု ထိတွေ့ပုံကတစ်မျိုး ဆိုတဲ့ အခြေအနေ အမျိုးမျိုးအလိုက် ဘီးတဘီးချင်းစီရဲ့ ဘရိတ်မိပုံ မတူနိုင်ပါ ဒါကြောင့်လမ်းမှာ ဘရိတ်ဒရွတ်ဆွဲကြောင်းများက ရထားသံလမ်းလို မျဉ်းပြိုင်အနေအထား ဘယ်တော့မှ မရှိနိုင်တော့ပဲ မြွေလိမ်မြွေကောက်သဏ္တန် ကျန်ခဲ့တာပေါ့ဗျာ

ယခင်ကားများက ပါစကယ်ရဲ့ ဖိအားဆပွားနိယာမကိုအခြေခံထားတဲ့ ဟိုက်ဒရောလစ် ဘရိတ်ပါကောင်း သထက်ကောင်းအောင် ဘရိတ်ကိုမိသထက်မိအောင် ပတ်ဝန်းကျင်လေထု အက်တမောစဖီးယားကို ထပ်မံစေခိုင်းဘို့ ဒူရိုဆာဗိုဘရိတ်ဆိုတဲ့ စနစ်ကိုလည်း ထွင်ခဲ့ကြပြန်တယ် ဆာဗိုဆိုတဲ့ အတိုကောက်ခေါ် တဲ့စနစ်ကို မှတ်မိကြမှာပါ နာမည်ကြီးတိုယိုတာ ဟိုင်းလပ်ဒိုင်နာတို့ဆိုတာ ဘရိတ်အားကိုးနဲ့မောင်းလာကြ တဲ့ လိုင်းကားများပါ ဒါပေမယ့် သူတို့ကားများမှာ ဘရိတ်ဒရွတ်ဆွဲသွားတယ်ပဲထား ဘေ့စစ်အခြေခံဆိုတဲ့ ကားမောင်းတဲ့ နည်းပညာကို ညက်ညက်ညောညောနောကျေနေတဲ့ ကားမောင်းသူများ ဆိုတော့ ဘရိတ်ကို ဒီအတိုင်းမဖမ်းတစ်ဆင့်နိမ့် ဂီယာဒေါင်းပြီးမှ ဖမ်းတတ်တဲ့ ကောင်းမွန်တဲ့ အမူအကျင့်လေးများကိုလည်း
မူလလက်ဟောင်း ဒရိုင်ဗာကြီးများက အလေ့အကျင့် လုပ်ထားကြပါတယ် ဒီတော့ရောက်ရှိဂီယာမှ တစ်ဆင့်နိမ့်ဂီယာကို ဒေါင်းလိုက်တဲ့ အခြေအနေကိုကြည့်လိုက်တော့ အင်တီလော့ပါပဲ အတားအဆီးတွေ့ ရင်ရုတ်တရက်ဘရိတ်နဲ့ ခဏမှေးလိုက်တယ် ပြီးရင်အမြန်ဆုံးဂီယာကို အောက်တစ်ဆင့်ဂီယာသို့
လီဗါပုတ်ဒေါင်း ပြီးမှ ဘရိတ်ကို အပိုင်ဖမ်းကြပါတယ် တစ်ချို့လူများ သတိထားမိကြမှာပါကားက ရုတ်တရက် စက်သံဆူတက်လာပြီးမြန်နှုန်းက စည်းစည်းလုံးလုံး ကျသွားပါတယ် တစ်နည်းအားဖြင့် အတိုင်းအတာတစ် ခု ညင်သာပါတယ် ဘီးလေးဘီးကိုဘရိတ်ရှုးနဲ့ မဖမ်းပဲ ကားအင်ဂျင် ကွန်ပရက်ရှင်းနဲ့ပြန်လည်ဖမ်းပေး လိုက်တဲ့ သဘောပါ ဒါမှကားတစ်စီးလုံးကို ဘီးအရင်မရပ်စေပဲ တဖြေးဖြေးချင်းရပ်ပေးမှာပါ ခုခေတ်ပေါ် ကားများရဲ့အင်န်တီလော့ဘရိတ်စနစ်က ဘီးအားလုံးကို အညီအမျှ အပိုင်ချက် ချင်းဖမ်းမပေးပါဘူး
ဖိလိုက်ပြီးမှနဲနဲချင်းပြန်လွှတ်လိုက် လိုသလောက်ပြန်ဖမ်းပေးလိုက် ဆိုတဲ့အလုပ်ကို ကွန်ပြူတာအာရုံခံနဲ့ ချိန်ညှိလွှတ်နေပါတယ် ကားအောက်ပိုင်းလုပ်တဲ့အခါ ဘီးများကိုသေချာစွာလေ့လာလိုက်ပါ ဘီးများလည် တဲ့နေရာများမှာအင်န်တီလော့ဘရိတ်အတွက်ဘီးလည်ပတ်မှုအရေအတွက်ကိုတွက်ပေးတဲ့ ပွိုင့်လေးများ ဆင်ဆာများ ဆော့ကက်များ ကိုတွေ့ကြရမှာပါ ဒီသဘောတရားကို မသိတဲ့ အောက်ပိုင်းဆရာ များ အောက်ပိုင်းလုပ်လိုက်တဲ့ ကားများကို ပြန်တတ်ပေးဘို့ ဟိုဆော့ကက်ကျန် ဟိုဝါယာကျန်ခဲ့လို့
အောက်ပိုင်းပြင်လိုက်ခါမှဘရိတ်စနစ်မကောင်းဖြစ်သွားရတဲ့ကားများနဲ့လည်းကြုံခဲ့ဘူးပါတယ်အနဲဆုံး ဒိုင်ခွက်ထဲမှာ ABS ဆိုတဲ့ မီးနီလင်းပြလာလိမ့်မယ် ဒါကိုလည်း AirBag နဲ့ထပ်ပြီး အမှတ်မမှားနဲ့
ABS ကွန်ထရိုးက နဲနဲလည်တဲ့ဘီးကို နဲနဲပဲညှစ်များများလည်တဲ့ ဘီးကိုများများညှစ် မနဲမများ လည်တဲ့ ဘီးကိုမနဲမများ ညှစ်တတ်နိုင်သလောက် ဘရိတ်အမိကြမ်းလို့ ဘီးတွေဒရွတ်ဆွဲမသွားအောင်သေချာ ချိန်ညှိဖမ်းကြကွာဆိုပြီး အမိန့်ပေးနေလို့ မိတော့မိတယ် အမိမကြမ်းတော့ဘူး ဒီတော့ ဘရိတ် ဒရွတ်ဆွဲ သံတွေလည်းမကြားရသလောက်ပါပဲ ဒါကိုမီးပွိုင့်မှာ မီးဝါမိလို့မလွတ်တလွတ်ဖြစ်သွားတဲ့ ကားများရပ် သွားတဲ့ ပုံကိုကြည့်လိုက်ရင် ကားတော့ရပ်သွားတယ် ဘရိတ်ဒရွတ်ကြောင်းလည်းမရှိ အသံလည်း
မကြားရသလောက်ပါပဲ မီးပွိုင့်မှာငြိမ့်ခနဲတော့ ထိုးထိုးရပ်သွားပါတယ် ဒါပေမယ့်နဲနဲလေး မမိတမိနဲ့ ဒက်စတော့ဆိုတာ မဖြစ်လို့ရှေ့ကားနောက်ပိုင်းလေးများကို Kiss me quick သွားလုပ်ကြတော့ ခဏ ခဏမြင်မိပါတယ် တက်စီလုပ်ဆွဲစားနေကြတဲ့ ပရိုဘောက် ၁၀ စီးမှာ ၈ စီးလောက်နောက်ဖက် အဖုံးလေးတွေ ပိန်ချိုင့်နေကြကိုမြင်ကြရမှာပါ ဒါဟာလည်းသက်သေတစ်မျိုးပါပဲ ဒီပုံလေးတစ်ပုံ လည်းကြုံလို့ တင်ထားပေးလိုက်တယ် ဒီတော့အပြင်မှာ အတွေ့အကြုံအရ လူပြောများနေတဲ့ အပြောကိုနားထောင်ကြည့် ပါအုံး အော်တိုဂီယာတွေရဲ့ ဘရိတ်ကရိုးရိုးဂီယာလောက် အမိမကောင်းဘူးတဲ့ ဒါကြောင့်အော်တိုဂီယာတွေ က အက်ဆီးဒင့်ပိုအဖြစ်များတာတဲ့ ဒါဟာအမှားမှတ် အမှတ်မှားနေကြတာပါ ရိုးရိုးဂီယာနဲ့လာ လာ အော်တိုဂီယာနဲ့လာလာ ဘရိတ်စနစ် ကတော့ အများအားဖြင့် ABSဆိုတဲ့ ဘရိတ်စနစ်ဖြစ်လို့သွားပါပြီ ဘယ်သူက ပိုကောင်းတယ် မရှိတော့ပါဘူး ဒါပေမယ့် အော်တိုဂီယာမှာ AT CVTဆိုပြီး ထပ်ကွန့်ထားပါတယ် AT ဂီယာနဲ့ ကားများက ဂီယာတစ်ခုနဲ့ တစ်ခုအကူး အပြောင်းမှာ ကြန့်ကြာချိန်လေး မဆိုသလောက်ရှိပါတယ် ယခင် မတ်တူးလိုကားမျိုးမှာ စထွက်ထွက်ချင်း ကလပ်ချော်နေ သလိုဖြစ်နေတတ်ပါတယ် ဂီယာချိန်းရင်လည်း စက်သံပြောင်းနေတဲ့ အသံကို သိသာစွာကြားရတတ်ပါတယ် CVTတတ်ထားတဲ့ ဘယ်လ်တာဗစ်ဇ်လို ကားလေးတွေ မှာတော့ Continuously Variable Transmission ဆိုတဲ့ အဓိပါယ်အတိုင်း စထွက်ကထဲက ကားကငေါက်ကနဲ စထွက်ပေးပါတယ် ဂီယာချိန်းသွားရင်လည်း ဆက်တိုက်မသိမသာ ချိန်းသွားလို့ ဆီစားသက်သာတာ အထကောင်းတာကို လက်တွေ့မြင်ရပါတယ် ယခင်က ရိုးရိုးဂီယာ တတ်ကားများက အထနှေးပါတယ် အရှိန်ရလာလို့နောက်ဆုံး ဂီယာနဲ့မောင်းတယ်ထား လီဗါကို လွှတ်လိုက်ရင် ဂီယာကွန်ထရိုးနဲ့မို့ ကားက စည်းကနဲ ရှိနေပေးပါတယ် ကျွမ်းကျင်မှုအရ အောက်တဆင့် ဂီယာကိုပြန်ဒေါင်းနိုင်ပါက ကားက အရှိန် ထပ်သေသွားပါတယ် ယခုအော်တိုဂီယာတွေကတော့ ရိုးရိုးဂီယာကားများထက် အထမြန်သွားပါပြီ ဒါကလည်း အက်ဆီးဒင့်ပိုဖြစ်စေနိုင်ပါတယ် အော်တိုဂီယာကတော့ လီဗါလျှော့လိုက်ရင်အော်တိုကလပ် အလုပ်ကိုလည်း လုပ်ပေးနေပါတယ် လိုအပ်တဲ့ ဂီယာကိုအ လိုအလျောက် ချိန်းပေးဘို့အတွက်ပါ ဒီတော့ လီဗါလျှော့လိုက်တဲ့အခါ ခေတ္တဖရီးသဘောမျိုးတော့ဖြစ်သွားပါတယ် ဒီတော့ဘရိတ်ဖမ်းတဲ့အချိန်မှာ ရိုးရိုးဂီယာလောက် အမိမပိုင်ဘူးထင်ရလို့ပါ ဒါကတော့အထင်ပါ ဘရိတ်က ဘရိတ်အလုပ်ကို ပိုင်နိုင်စွာ လုပ်ပေးပါတယ်စိတ်ထင်လို့ပါ ဒီတော့ရိုးရိုးဂီယာလို ဘရိတ်ပိုမိအောင်ဖမ်းချင်ရင်ရိုးရိုး AT ဆို D မှာမောင်းနေ ရင်း 2 ကို ရဲရဲတင်းတင်းပြောင်းပြီးမှ ဘရိတ်ဖမ်းကြည့်ပါ ဂီယာဒေါင်းပြီး ဘရိတ်ဖမ်းလိုက်တဲ့ သဘောကိုတွေ့ပါလိမ့်မယ် ဇစ်ဇက်ဂီယာဆိုရင်တော့ D မှ Sကိုပြောင်းပြီးမှ ဘရိတ်ဖမ်းလိုက်ပါ စိတ်ချလက်ချပြန်မောင်းတော့မှ Dကိုပြန်ပို့ပြီးမောင်းလိုက်ပေါ့ ခေတ်ပေါ်ကားများနဲ့ ပတ်သက် လို့ မြန်နှုန်းမြင့်မောင်းကြတဲ့ အခါမျိုးမှာအော်တိုဂီယာ ဆိုပြီးအမြဲတန်းD နဲ့တောက်လျှောက် မမောင်းသင့်ပါ ဘူး အိုဗာစပိဖြစ်လာလို့ အချိန်မီပြန်ထိမ်းသိမ်းချင်ရင် OD/On Off တို့ D မှ 2နေရာသို့ D မှ S နေရာ သို့ ခေတ္တပြောင်းပြီး မောင်းသင့်ပါကြောင်း ဒီလိုနည်းစနစ်များကိုလည်း ကြိုတင်ခါ ဇာတ်တိုက်လေ့ကျင့် ထားကြရင်ဖြင့် ၁ စက္ကန့်မှာ၈၈ ပေ သွားနေတဲ့ကားအလျင်ကို အန္တရာယ်အတွင်းမှ အချိန်မီ ထိမ်းချုပ်နိုင် မှာဖြစ်တဲ့အကြောင်း မိတ်ဆွေတို့ကို ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းစေဘို့ နည်းလမ်းကောင်းလေး ညွှန်ပြလိုက်ပါတယ် မှတ်မှတ်ရရမြန်မာနှစ်ဆန်း ၂ ရက်နေ့မှာပေါ့ဗျာ....

ကားမိတ်ဆွေများကိုခင်မင်လျက်
Credit: ကိုသက်
Myanmar Forward

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...