လူသားအရေပြားအတု စမ်းသပ်ခန်းအတွင်း ထုတ်လုပ်အောင်မြင်

သိပ္ပံပညာရှင်များသည် ပထမဦးဆုံး လူသားများတွင် ထည့်သွင်းအသုံးပြုနိုင်မည့် အရေပြားအတုကို စမ်းသပ်ခန်းအတွင်း အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ကြောင်း၊ လက်ရှိ ထိုအရေပြားအတုကို ထည့်သွင်း အသုံးပြုရာ အောင်မြင် လျက်ရှိကြောင်း International Business Times သတင်းတွင်ဖော်ပြထားသည်။
ဗြိတိန်နိုင်ငံ လန်ဒန်ဘုရင့်တက္ကသိုလ်မှ သုတေသနအဖွဲ့တစ်ဖွဲ့နှင့် ဆန်ဖရန်စစ္စကို တိရစ္ဆာန်ဆေးကုသရေး ဌာနတစ်ခုတို့က ပူးပေါင်းတီထွင်ထားသည့် ယင်းအရေပြားအတုသည် လူသားများတွင်လည်း အစားထိုး သုံးစွဲနိုင်မည်ဖြစ်ကြောင်း၊ လူသား ဆဲလ်များအတိုင်း စမ်းသပ်ခန်းအတွင်းမွေးမြူထားခြင်းဖြစ်ကြောင်း ယင်းအဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။
ယခုကဲ့သို့ အရေပြားအတုကို တီထွင်နိုင်ခဲ့သဖြင့် ဆေးဝါးများ စမ်းသပ်ရာတွင်လည်းကောင်း၊ အလှပြုပြင် ခွဲစိတ်အစားထိုးရာ တွင်လည်းကောင်း ဈေးနှုန်းသက်သာစွာဖြင့် အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း ယင်းသတင်းကဆိုသည်။
မိမိတို့ထုတ်လုပ်ထားသည့် အရေးပြားအတုသည် အရည်အသွေးကောင်းပြီး မကြာမီဈေးကွက်သို့ဖြန့် ချိနိုင်တော့မည်ဖြစ် ကြောင်း ဘုရင့်တက္ကသိုလ်ဆေးပညာဌာန သုတေသနအဖွဲ့ခေါင်းဆောင် ဒပ်စ်ကို အီလစ်က ပြောကြားသည်။
ယင်းသုတေသနအဖွဲ့၏ လေ့လာတွေ့ရှိချက်များနှင့် အရေပြားအတု ထုတ်လုပ်ရာတွင် အရေးပါသည့် Pluripotent ဗီဇဆဲလ်များအကြောင်းကို Stem Cell Reports ဂျာနယ်တွင် အသေးစိတ်ဖော်ပြထားသည်။
Draize Testing ဟုခေါ်သည့် အရေပြားအစားထိုးကုသမှုအတွက် တိရစ္ဆာန်များအား စမ်းသပ်ခြင်းကို အမေရိကနှင့် ဥရောပတို့တွင် ပြုလုပ်ခဲ့ရာ အောင်မြင်မှုမရှိခဲ့ကြောင်း၊ အရေပြားအစားထိုး ကုသနိုင်ရေး အတွက် တရုတ်နိုင်ငံတွင် တိရစ္ဆာန် များကို စမ်းသပ်ရာ၌ နှစ်စဉ် ကောင်ရေ သုံးသိန်းခန့် သေဆုံးနေ ရကြောင်း Humane Society အဖွဲ့ကလည်း ထုတ်ပြန် ထားသည်။
မောက္ခပညာရေး Magazine
Wednesday, 30 April 2014 01:24
- (အရှေ့သို့) ရိုးရှင်းပျော်ရွှင်ဖွယ် မင်္ဂလာပွဲမျိုးကို မျှော်လင့်နေသည့် ဘားရက်ဖယ်လီ Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Very little makes it more valuable...
- (အနောကျသို့) "အာဘွားတေးစီးရီး အမ်တီဗီ ရိုက်ကူးရေးအတွက် ရိုက်ကူးရေးစရိတ်ကို ကန့်သတ်မထားတဲ့ ဝိုင်းစုခိုင်သိန်း" Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Very little makes it more valuable...