"Lazer World ကုမ္ပဏီ မှ တရားစွဲဆိုခြင်း အပေါ် အဆိုတော် Cobra ၏ ဖြေရှင်းချက်"

Lazer World ကုမ္ပဏီတွင် Presenter အဖြစ် လုပ်ကိုင်ခဲ့ဖူး သော မဆုဆုအောင် ၏ ဇာတ်ညွှန်း မိတ္တူ အမှုကိစ္စ အတွက် ကြားလူ တစ်ယောက် အနေဖြင့် ဖေ့စ်ဘုတ် တွင် ဖြစ်စဉ်အား ရေးသားတင်ပြခဲ့ သည့် တေးသံရှင် Cobra ကို Lazer World ကုမ္ပဏီ မှကျောက်တံတား ရဲစခန်းတွင် ဧပြီ ၉ရက်နေ့က (ပ) ၁၄၄/၁၄ ပုဒ်မ ၃၄(ဃ)/ ၃၈ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရှိရသည်။
အဆိုပါ အမှု ကိစ္စနှင့် ပတ်သက်ပြီး တေးသံရှင် Cobra က “တကယ် တမ်းပြောရင်ဖေ့စ် ဘုတ်က မြန်မာနိုင်ငံက ထောင်ထားတာ မဟုတ်သလိုကိုယ့် Wall ပေါ်မှာ ဘယ် သူ မဆို ဝင်ရေးကြတာပဲ။ လူ တိုင်းလည်း ရေးနေကြတာ။ အဲဒီလို သာလုပ်မယ် ဆိုရင်မြန်မာ တစ်နိုင်ငံ လုံးက လူတွေတောင် အကုန်ထောင် ထဲ ထည့်ထားလို့ရတယ်။ ကျွန်တော် ရေးတာကလည်း ဘာရည် ရွယ်ချက်မှ မရှိဘူး။ ရှင်းရှင်းပြောရရင် ကိုအောင်ကြူဟိန်း နဲ့ ကျွန်တော် နဲ့ ကြားမှာ လည်း ဘာမှပြဿနာ မရှိဘူး။ အမြင် မတော်တဲ့ ကိစ္စလေးကို ကူညီနိုင်တဲ့ သူတွေ့သွားရင် အဆင်ပြေ သွားအောင်လို့ပါ။ ဒီအမှု ကိစ္စမှာ လုံးဝမတရားဘူး ထင်လို့ ဝင်ပြီးတော့ ပါပေးတာ။ နောက်ပြီး တော့ ဒီ ကောင် မလေး ကို ဒီလောက် ကိစ္စလေး နဲ့ ချုပ် ထားတယ် ဆိုတာကလည်း မဖြစ် သင့်ဘူး။ ကျွန်တော်လည်း ရုပ်ရှင် လောကက လူတွေ နဲ့ ဒီလောက် ခင်နေတာ။ ဒီဇာတ်ညွှန်း ကိစ္စက ဒီလောက်ကြီးလည်း မဟုတ်ဘဲနဲ့ အချုပ်ထဲကို မရမက အတင်း ထည့်တယ် ဆိုတာ အဲဒါ ကြီးက မဖြစ်သင့်ဘူးလေ။ အခုကျတော့ ကျွန်တော်ရယ်၊ တရားခံ ကောင်မလေး ရယ် ကျွန် တော့်မိတ်ဆွေ တစ်ယောက်ရယ် သူလည်း ကျွန်တော့် လိုပဲ။ ကိုအောင် ကြူဟိန်း ကို သွားပြီး မေတ္တာ ရပ်ခံတာ။ သူ့ကိုလည်း တရား စွဲထား တယ်။ ၃ယောက် စွဲထားတယ်” ဟု ရှင်းလင်း ပြောပြ သည်။
ယခုလို တရားစွဲ ဆိုခံ ရသည့် အတွက် တစ်ကိုယ်တော် အခွေ အတွက် ပြင် ဆင်နေသော တေးသံ ရှင် Cobra အနေဖြင့် ကြန့်ကြာမှု များရှိကြောင်း၊ စိတ် အနှောင့်အယှက် လည်းဖြစ်မိကြောင်း ကို “အမှန် အတိုင်းပြောရရင် ကျွန်တော် က ရုံး တွေဘာတွေ သိပ် မသွားချင်ဘူး။ အဲဒီတော့ အောက်မှာ ပဲ ဖြတ်လို့ရ ရင် ဖြတ်မယ်။ ကျွန်တော့်ရှေ့နေ ကလည်း ပြောတယ်။ ရုံးသွားတော့ ဘာဖြစ် လဲ ဆိုတော့ တကယ်တမ်းဒီ အမှုက ရုံးပေါ်ရောက်လည်း ပယ် လိုက်မှာပဲ။ ဒီအမှုက တကယ်တမ်း ကျွန်တော့်ကို ဘာမှတော့ လုပ်လို့ မရ ဘူးပေါ့။ ဒါပေမဲ့ စိတ်အနှောင့် အယှက်တော့ ဖြစ်တာပေါ့။ သူ့အနေ နဲ့ အဲဒီလောက်ဖြစ်လည်း နည်းလား ဆိုတဲ့ ပုံစံမျိုးဖြစ်နေတော့ကဲ အဲဒါ ဆိုလည်း လုပ် ပါလေ့စေ။ ဖြစ်သင့် တာက အောင်ကြူဟိန်း ကို ပြောတာဖြစ်တဲ့ အတွက် အောင်ကြူဟိန်း နာမည် နဲ့ပဲ တရားစွဲရမှာ။ ဒါပေမဲ့ သူ့ရဲ့ ဝန်ထမ်း အမျိုးသမီး တစ်ယောက် နာမည် နဲ့ စွဲ ထားတယ်။ အမှန်တကယ်က ကိုအောင်ကြူဟိန်း နာမည်နဲ့ စွဲရ မှာပေါ့”ဟု Cobra က ဆိုသည်။
Cobra နှင့် ခင်မဉ္ဇူခိုင် တို့၏ သမီးငယ်လေး မှာလည်း ၂လအ ရွယ်သို့ ရောက် ရှိနေပြီး အိမ်နာမည် ကို Cara ဟု ချစ်စနိုး အမည်ပေးထား ကြောင်း သိရှိ ရသည်။ သမီးလေးနှင့် ပတ်သက်ပြီး လည်း ဖခင်ဖြစ်သူ Cobra က”စိတ်ကူးလေးတွေ ကတော့ အများကြီးပေါ့။ ဖြစ်နိုင်ရင် အကုန် လုံး လုပ်ပေး ချင်တယ်။ ပညာရေး က အစ အနု ပညာကိုလည်း ဝါသနာ ပါရင် လုပ်ပေးမယ်။ အခု လောလောဆယ် ကတော့ ရက် ၁ဝဝပြည့် နဲ့ နာမည်ပေး ကင်ပွန်း တပ်ပွဲလေး လုပ်ဖို့ တော့ စဉ်းစား ထားပါ တယ်” ဟု ပြောသည်။
P069
Popular Journal
- (အရှေ့သို့) ဒဂုံတက္ကသိုလ်ကျောင်းဝန်းထဲမှာ ဖွင့်လှစ်ထားတဲ့ လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့ The Music စားသောက်ဆိုင် စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးPregnancy expectation ကိုယ္ဝန္ရခ်င္လို႔မှတ်ပြီလား... Very little makes it more valuable... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို
- (အနောကျသို့) ဟင်္သာတတွင် လေပြင်းဒဏ်ကြောင့် အိမ်ခြေ တစ်ရာခန့် ပြိုကျပျက်စီး စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးPregnancy expectation ကိုယ္ဝန္ရခ်င္လို႔မှတ်ပြီလား... Very little makes it more valuable... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို