ကလေးငယ် အပူကြီးခြင်း

ကလေးငယ်များ အပူကြီးပြီး တက်ရင်ဘယ်လို လုပ်သင့်သလဲ ဆရာ။ ဒေါ်လှိုင် (တောင်ကုတ်)
ကလေးကို အပူချိန်တိုင်းလို့ အဖျားကြီးပြီး ၃၉ ဒီဂရီ စင်တီဂရိတ် သို့မဟုတ် ၁ဝ၂ ဒီဂရီ ဖာရင်ဟိုက် ကျော် ရင် ကလေးအပူချိန်များခြင်းနဲ့အတူ ထိုင်းမှိုင်း ညှိုးနွမ်းနေခြင်း၊ မအီမသာဖြစ်ြခင်း၊ညှိးနွမ်းနေခြင်း၊ အနီရောင် အစက်အပြောက်များ၊ အဖုအပိမ့်များ ထွက်ခြင်း၊ တခြားရောဂါ လက္ခဏာများ ဥပမာ-ဇက်တောင့်ခြင်း၊ အပူကြီး၍ တက်ခြင်းနှင့် သေဆုံးခြင်းတို့ အထိ ဖြစ်တတ်တယ်။
အဖျားတိုင်းခြင်း
ကလေးရဲ့ပါးစပ်ထဲကို သာမိုမီတာကိုက်စေပြီး တိုင်းတာမျိုး မလုပ်သင့်ဘူး။ သွားနဲ့ ကိုက်မိလို့ သာမိုမီတာ ကျိုးရင် ပါးစပ်ထဲကို ပြဒါးဝင်သွားပြီ အဆိပ်သင့်စေမယ် ဖန်ကွဲစတွေလည်း ဝင်သွားနိုင်တယ်။ ချိုင်းကြားမှာ ညှပ်ပြီး တိုင်းတာခြင်းဖြင့် ရရှိတဲ့အမှတ်ကို ၁ ဒီဂရီဖာရင်ဟိုက် ပေါင်းပြီး မှတ်ယူသင့်ပါတယ်။
လက္ခဏာများ
ကလေးငယ် ကိုယ်ပူတာဟာ ရောဂါပိုး တစ်ခုခုဝင်လို ခန္ဒာကိုယ်ရဲ့ ခုခံမှူ စနက်က တန်ပြန် တိုက် ခိုက်ခြင်း ဖြစ်ပြီး အပူမြင့်တက်တာဖြစ်လို့ (ပုံမှန်အားဖြင့်) မစိုးရိမ်သင့်ပါ။ ကလေးငယ် ကိုယ်အပူချိန် မြင့်တ က်လာပြီ ဆိုရင် ကိုယ်လက် မအီမသာဖြစ်ြပီး ယောင်ယမ်းခတ်တာ ဂျီကျတက်တယ် အပူချိန် ပုံမှန် ပြန်ရောက်အောင် ရေဖတ်တိုက် ပေးရမယ်။အင်္ကျီ အဝတ်အစား ချွတ်ပေးရမယ်။ စောင်မခြုံရဘူး။ ချည်သားအဝတ် ၀တ်ပေးရမယ် ရေအေးနဲ့ ရေပတ်တိုက်ပေးရမယ် ရေခေါင်းလောင်းချိုးချကာ မျတ်နှာပ၀ါ သန့်နဲ ရေစင်စင် သုတ်ပြီး အဝတ်ပွပွ ဝတ်ပေးသင့်တယ် ၊ အကောင်းဆုံး အအေးခန်း (Aircon) မှာနေစေ ခြင်းဖြစ်တယ်။
မိဘအလုပ်၊
ကလေးဖျားရင် မိဘတစ်ဦးအနေနဲ စိတ်ငြိမ်ငြိမ် ထားရမယ် ခေါင်းအေးအေးနဲ ပြုစုရမယ် ရေဖတ်တိုက်တာ အပူကျဆေး ပါရာစီတမော့ တိုက်ကျွေးတာတို့ကို ပိုးသတ်ဆေး အမောင်စလင် စီဖရန် တိုက်ကျွေ ကာ သေချာတိကျတဲ ဆေးအညွှန်း (ဆရာဝန်အညွှန်း)နဲ့ တိုက်ကျွေးသင့်တယ် ကိုယ်ပူများပြီ ယခင်က သက်သာတဲ ကလေးဖြစ်ရင်တော သတိရှိရမယ် ဇက်ခိုင်နေခြင်း၊ ဇက်တောင့်နေခြင်းနဲ မျတ်လုံး လည်နေခြင်းဖြင့်ရင် ချက်ခြင်း အပူချိန်ကျ အောင် ချရပါမယ် ။အထက်ပါ နည်းများအတိုင်း ချပြီးလို့မှ တက်နေရင် စအိုကနေ ဒိုင်ယာဇီပန် ထည့်ပေးနိုင်သလို ဆေးထိုးပေးနိုင်ပါတယ် အပူကျဆင်းပြီမှ ရုပ်တရက် အပူတက်ခြင်း ထပ်တက်ခြင်းတို့ကို ဆရာဝန်နဲ စနစ်တစ်ကျ ပြသင့်ပါတယ်။ အပူချိန် ၃၆ ဒီကရီစင်ရီဂရိတ် ၁၀၁ ဒီဂရီဖာရင်ဟိုက် သုံးရက်ထက် ပိုနေရင် ဆေးခန်းကို သွားပြသင့်ပါတယ်။ လက္ခဏများမှာ ကလေး အပူကြီးပြီး အသက်ရှူရပ်သွားခြင်း အသက်ခက်ခက်ခဲခဲ ရှူနေရပြီ နှုတ်ခမ်း များ ပြာလာ ခြင်း။ သတိလစ်ခြင်း၊ ပြင်းစွာ အပူလောင်ခြင်း၊ အရိုးကျိုးခြင်း ကလေးရဲ ခန္ဒာကိုယ်ထဲကို ဓာတု ဆေးရည် ဆိုးဆေးဝင်ခြင်း ၊ တိရိစ္ဆာန် ကိုက်ခံရခြင်း၊ ခွေးကိုက်ခြင်း၊ ပျားတုပ်ခြင်း၊ မြွေကိုက်ခြင်း၊ ကင်းကိုက်ခြင်းများ ရှိပါကဆရာဝန်နဲ့ စနစ်တကျ ပြသပြီး ဆရာ ဝန်ရဲ့အကြံဉာဏ် ယူသင့်ပါတယ်။
အကောင်းဆုံးအပူချနည်း
အကောင်းဆုံး အပူချနည်းက ရေဖတ်တိုက်ခြင်း၊ ရေလောင်းချိုး ခြင်းပြီးပါက အဝတ်ပွပွ သန့်သန့် ဝတ်စေခြင်း၊ အပူကျသော ပါရာစတီမော စအိုထဲထညြ့်ခင်း ၊ဂြိုလ်တုဆေးထဲခြင်း၊ တက်ပါက အတက်ကျ ဆေးထညြ့်ခင်း၊ ပါးစပ်မှ ဝင်ပါက ပါရာစီတမော အရည်နှင့်ဒိုင်ယာဇီပန် ကြိတ်ဖျော်၍် တိုက်ကျွေးထားခြင်း တိုပြုလုပ်ပါက အပူကျစေတယ်။
သုံးရက်ထက် ပိုတဲ့ကလေးအဖျား
ကလေးက မသက်သာရင် နောက်ပြီးယခင်က တက်ဖူးတဲ့ ကလေးဆိုရင် တခြားရောဂါ ဝင်လာတတ်လို့ သံသယရှိရင် ဆေးရုံသို့ သွားရောက်ပြသင့်ပြီး လိုအပ်တဲ့ အကြံဉာဏ် ရယူရပါမယ်။ တိကျ သေချာတဲ့ဆေး အညွှန်းအတိုင်း တိုက်ကျွေး ပြုစု ရပါမယ်။ ။
ဒေါက်တာလွင်သန့်(ဆေး-၂)
- (အရှေ့သို့) လင်းဇာနည်ဇော်နဲ့ ရဲကိုကို အိမ်ထောင်ရေးကွာရှင်းခွင့် အမှု Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးလာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)Cytotec (Misoprostol) ဆေးသုံးနည်းAbortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)