လင်နှင့် မယားအိမ်ခွဲနေရန် ပြောရာမှ ဇနီးက ပိုးသတ်ဆေးသောက်ကာ မိမိကိုယ်ကို သေကြောင်းကြံ

လင်နှင့်မယား အိမ်ခွဲနေထိုင်ရန် ပြောဆိုကြရာမှ ဇနီးဖြစ်သူက ပိုးသတ်ဆေးသောက်၍ သေကြောင်းကြံ စည်မှု တစ်ခုဧပြီ ၂၇ ရက်က သုံးခွမြို့နယ်တွင် ဖြစ်ပွားခဲ့သည်ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန် ထားသည်။
အမျိုးသမီးတစ်ဦး အဆိပ်သောက်၍ ဆေးရုံသို့ ရောက်ရှိနေကြောင်း ယင်းနေ့ နံနက် ၅ နာရီခွဲသတင်းအရ မြို့နယ်ရဲတပ်ဖွဲ့ က စစ်ဆေးရာ သေကြောင်းကြံစည်သူမှာ ကတုံးပေါ် အလယ်ကျေးရွာနေ မအေးသန်း (ခ) ကတ်မလား (၂၁)နှစ်ဖြစ်သည်ဟု ဆိုထားသည်။
သူမသည် ခင်ပွန်းဖြစ်သူ ကိုမော်ဂါး (၂၁)နှစ် လယ်လုပ်နှင့်အတူ အိမ်ခွဲနေထိုင်ရန်ပြောရာမှ စကားများရန်ဖြစ်ခဲ့ပြီး ည ၂ နာရီအချိန်တွင် ပဲဖျန်းသည့် ပိုးသတ်ဆေးရည်ကို သောက်သုံးခဲ့ခြင်း ဖြစ်သည် ဟု ဆိုသည်။
လက်ရှိတွင် သေကြောင်းကြံစည်သူသည် သုံးခွမြို့နယ်ဆေးရုံတွင် အတွင်းလူနာ မစိုးရိမ်ရအဖြစ် ကုသနေရ ပြီး သူမကို အရေးယူပေးရန် ဒု-ရဲအုပ်မျိုးမြင့်သူက တရားလိုပြုလုပ် တိုင်တန်းထားသည်။
ယင်းတိုင်တန်းမှုကို မြို့နယ်ရဲစခန်းက (ပ)၁၅၉/၂၀၁၄ ဖြင့် အမှုဖွင့်ပြီး သေကြောင်းကြံစည်မှု ပုဒ်မ ၃၀၉ ဖြင့် အရေး ယူရန် စစ်ဆေးသွားမည်ဟု ဆိုသည်။
Mizzima News
- (အရှေ့သို့) တာချီလိတ်တွင် မူးယစ်ဆေး ကျပ်သိန်း ၄,၀၀၀ ကျော်ဖိုး ဖမ်းမိ သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Abortion Pills ဖျက်ဆေးတွေအကြောင်းPregnancy expectation ကိုယ်ဝန်ရချင်လို့
- (အနောကျသို့) လန်ဒန်မြို့ ကောင်းကင်ယံမှာ UFO လို့ ယူဆရတဲ့ ယာဉ်ပျံတစ်စီးကို တွေ့ ရှိ သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Abortion Pills ဖျက်ဆေးတွေအကြောင်းPregnancy expectation ကိုယ်ဝန်ရချင်လို့