တစ်သက်လုံး စီးသွားနိုင်တဲ့ ဒေါက်မြင့်ဖိနပ်
မကြာခဏ ၀ယ်ယူအသုံးပြုနေရတဲ့ အသုံးအဆောင်ပစ္စည်းတွေထဲမှာ ဒေါက်မြင့် ဖိနပ်လည်း တစ်ခုအပါ အ၀င် ဖြစ်ပါတယ်။ ဒီ ပြဿနာကို ဖြေ ရှင်းနိုင်ဖို့ အင်္ဂလန်နိုင်ငံ၊ ဘာ မင်ဂမ်မြို့မှာ နေထိုင်တဲ့ အသက် (၄၈) နှစ် အရွယ် ဒီဇိုင်နာ ခရစ်ရှီလစ်က တစ်သက်လုံး စီးသွားနိုင်တဲ့ ဒေါက်မြင့်ဖိနပ်ကို တီထွင်လိုက် ပြီဖြစ်ပါတယ်။ ဒီဒေါက်မြင့်ဖိနပ်ကို သံမဏိနဲ့ ပြုလုပ်ထားတာဖြစ်ပြီး၊ နှစ်ပေါင်း (၁၀၀၀) အတွင်း ဘာပျက်စီးမှုမှ မဖြစ်စေရ ဘူးလို့ အာမခံချက်ပေးထားပါတယ်။ ဒါပေမဲ့ တန်ကြေးက အနည်းငယ်များပြီး တစ်ရံကို ပေါင် (၁၀၀၀) အထိ ရှိပါတယ်။
ဒီဒေါက်မြင့်ဖိနပ်ကို သက်သောင့်သက် သာဖြစ်စေဖို့ပြုလုပ်ထားသလို စီးနင်းသူအနေနဲ့ အန္တရာယ် မဖြစ်အောင် ဖန်တီးထားပါတယ်။ ဒီဒေါက် မြင့်ဖိနပ်ကို ဓားနဲ့ခက်ရင်းတို့ကို ပြု လုပ်တဲ့ သံမဏိနဲ့ ပြုလုပ် ထားပေမယ့် စီးနင်းတဲ့အခါ ပေါ့ပါး စေဖို့ အတွင်းပိုင်းတွေကို ဆီလီကွန်တွေ ထည့်သွင်းပေးထားပါတယ်။ အားသာချက်ကတော့ ဖိနပ်ဝယ်ပြီးတဲ့နောက် ဘယ်အချိန်မဆို အသစ်အတိုင်းပြန်လည် စီးနိုင်မှာ ဖြစ်ပါ တယ်။ ဒီဇိုင်နာ ခရစ်ရှီလစ်က ဒီဒေါက် မြင့်ဖိနပ်က ဘယ်အချိန်မှာမဆို စီးနိုင်မှာဖြစ် ပါတယ်။ ကျွန်တော့် အနေနဲ့ ထူးခြားဆန်းသစ်တဲ့ တီထွင်မှုကို ပြုလုပ်လိုတာမို့ အရွယ်မရွေး စီးနိုင်တဲ့ ဒေါက်မြင့်ဖိနပ်ကို ဖန်တီးခဲ့ခြင်းဖြစ် ပါတယ်။ အမျိုးသမီးတွေဟာ ဒေါက်မြင့်ဖိနပ် ကို စွဲလန်း နှစ်သက်ကြ ပါတယ်။ ကိုယ့်ရဲ့ မြေး တွေကိုလည်း လက်ဆင့်ကမ်း ပေးထားနိုင်ဦး မှာဖြစ်ပါတယ်”” လို့ ပြောသွားခဲ့ပါတယ်။
The Messenger
- (အရှေ့သို့) မန္တလေးတွင် ၁၅ ရက်အတွင်း GSM ဖုန်းလိုင်းပေါင်း နှစ်သိန်းကျော် ထပ်မံတိုးမြှင့်မည် Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'
- (အနောကျသို့) အချိန်ပိုင်းသင်တန်း ဆရာမ အဖြစ် ကမ်းလှမ်းရင် လုပ်မှာပါဆိုတဲ့ အွန်ဆိုင်း Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'