ကူးတို့ရေယာဉ် နစ်မြုပ်မှုမှ ကျန်ရစ်သူ မိသားစုများကို တောင်ကိုရီးယားသမ္မတ တောင်းပန်
ကူးတို့သင်္ဘော နစ်မြုပ်မှုကြောင့် လူပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရခြင်းနှင့် ပတ်သက်ပြီး ကျန်ရစ်သူ မိသားစုကို တောင်ကိုရီးယား သမ္မတ ပါ့ခ်ဂွမ်ဟီးက တောင်းပန်စကား ပြောကြားလိုက်သည်။ နိုင်ငံပိုင် ရုပ်မြင်သံကြားမှတစ်ဆင့် အစိုးရကိုယ်စား အမျိုးသမီး သမ္မတက တောင်းပန်မှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ သင်္ဘောနစ်မြုပ်မှုတွင် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာ၌ အစိုးရတွင် အားနည်းချက်များစွာ ရှိနေကြောင်း ဝေဖန်မှုများကြောင့် အစောပိုင်းက တောင်ကိုရီးယား ဝန်ကြီးချုပ် ချန်ဟောင်ဝမ်သည် ရာထူးမှ နုတ်ထွက်ခဲ့ပြီး ဖြစ်သည်။ သင်္ဘောပေါ်တွင် လူပေါင်း (၄၇၆)ဦး ပါရှိသွားခဲ့ပြီး (၁၇၄)ဦးကိုသာ ကယ်တင်နိုင်ခဲ့သည်။

(တောင်ကိုရီးယားသမ္မတ ပါ့ခ်ဂွမ်ဟီး)
လက်ရှိအချိန်ထိ အလောင်း(၂၀၀)နီးပါးကို ဆယ်ယူထားပြီ ဖြစ်သော်လည်း နောက်ထပ် ပျောက် ဆုံးနေသူများသည် သင်္ဘောဝမ်းထဲတွင် ရေနစ်သေဆုံးခဲ့ပြီးဖြစ်ကြောင်း ယူဆရသည်။ “ဒီဖြစ်ရပ်ဆိုးကြီးကို ကြိုတင်တားဆီးနိုင်ဖို့အတွက် ပျက်ကွက်ခဲ့တဲ့အပေါ် ဘယ်လိုစကားလုံးမျိုးနဲ့ တောင်းပန်ရမယ် ဆိုတာတောင် ကျွန်မ မသိတော့ပါဘူး။ ပြီးတော့ အရေးပေါ် အခြေအနေမှာ ချက်ချင်း မြန်မြန်ဆန်ဆန် တုံ့ပြန်မှုအပိုင်းမှာ မလုံလောက်ခဲ့တဲ့ အတွက်ရောပေါ့”ဟု သူမက ဆိုသည်။ ပါ့ခ်က “အဖိုးတန် လူ့အသက်တွေ အများကြီး ဆုံးရှုံးခဲ့ပြီးတဲ့နောက် စိတ်နှလုံး ပူဆွေးလေးလံနေရတဲ့ လူတွေအားလုံးကို ကျွန်မ အလေးအနက် တောင်းပန်ချင်ပါတယ်”ဟုလည်း ဆက်လက် ပြောကြားခဲ့သည်။

(နစ်မြုပ်နေသည့် ကူးတို့သင်္ဘောမှ ခရီးသည်များကို ကယ်ဆယ်နေစဉ်)
သင်္ဘောနစ်မြုပ်ရသည့် အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း အဆိုပါ ရေယာဉ် သည် သတ်မှတ်ပမာဏထက် (၃)ဆပိုများသော အလေးချိန်ကို တင်ဆောင်ခဲ့ကြောင်း စွပ်စွဲမှုများ ထွက်ပေါ်နေသည်။ သင်္ဘောကပ္ပတိန်နှင့် ရေကြောင်းလမ်းပြ တာဝန်ယူရသည့် အမှုထမ်း (၁၅)ဦးလုံးသည် လတ်တလောတွင် ဖမ်းဆီးခံထားရပြီး တာဝန်ပျက်ကွက်မှု၊ ပေါ့ဆမှုများဖြင့် စွဲချက်တင်ခံရဖွယ် ရှိနေကြောင်း သတင်းများက ဖော်ပြခဲ့သည်။
Planet Myanmar Network
- (အရှေ့သို့) တစ္ကိုယ္လံုး မီးစွဲလောင်မည့်ဘေးမှ လွတ်မြောက်ခဲ့သည့် ဘောလုံးပရိသတ် Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... ဘန္နီၿဖိဳး ရဲ့ 'လူပျိုလှည့်တေး'
- (အနောကျသို့) ဆော်ဒီအာရေးဗီးယားတွင် ကူးစက် Mers ရောဂါကြောင့် သေဆုံးသူ ၁၀၀ ကျော်ပြီ Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... ဘန္နီၿဖိဳး ရဲ့ 'လူပျိုလှည့်တေး'