အွန်လိုင်းရှော့ပင်းမလုပ်ခင် အမျိုးသမီးများ သိထားဖို့လိုတဲ့ လျှို့ဝှက်ချက်များ (အပိုင်း-၁)
သီဟနိုင် on 2014-04-30 14:21
အွန်လိုင်းရှော့ပင်းလုပ်ပြီး မှာယူလိုက်လို့ ရောက်ရှိလာတာဟာ သင်နဲ့မတော်ဘူးဆိုပါစို့။ ဆိုဒ်နောက် တစ်မျိုးကို ပြောင်းမှာလိုက်တော့လည်း ရောင်းထွက်သွားပါပြီ ဆိုတာမျိုးထက် စိတ်ပျက်စရာ ကောင်းတာ မရှိပါဘူး။
သင့်ဆိုဒ်က ဘယ်လောက်ရှိတယ်ဆိုတာကို သိထားပေမဲ့လည်း ပြဿနာက brand တိုင်းဟာ ဆိုဒ်ချင်း မတူပါဘူး။ E-commerce ဆိုဒ်တွေက အ၀တ်အစားတွေဟာ တကယ် မတော်ဘဲနဲ့ တော်သယောင် ပုံစံမျိုးပေါက်နေတတ်ပါတယ်။
၁။ ကိုက်ညီမှု နုတ်ကိုဖတ်ပါ။
ဝဘ်ဆိုဒ်တော်တော်များများမှာတော့ မော်ဒယ်ဟာ အရပ်ဘယ်လောက်ရှည်တယ်၊ သူ ဘယ်ဆိုဒ်ကို ၀တ်ဆင်ထားတာပါ ဆိုပြီး ကိုက်ညီမှုနုတ်လေးတွေ ထားရှိတတ်ပါတယ်။ လက်အဟိုက်၊ စကပ်အောက်အနားနဲ့ ခါးတိုင်းတွေဟာ သင်နဲ့ကိုက်ညီမှုရှိမရှိကို သင်တွက်ဆနိုင်ဖို့ ကူညီပေးပါလိမ့်မယ်။ အကယ်၍ သင်ဟာ မော်ဒယ်ထက် အရပ်ပုတယ်ဆိုရင်တော့ သင်ဝတ်လိုက်ရင် နဲနဲပိုရှည်သွားမှာပေါ့။ သင်ဟာ မော်ဒယ်ထက် အရပ်ရှည်တယ်ဆိုရင်တော့ သင်နဲ့ဆို ပိုတိုသွားမှာပါ။ ကိုက်ညီမှုနုတ် (fit note) မှာ ချောင်တယ်၊ပွတယ်ဆိုတာကိုပါ သိရှိနိုင်တဲ့အတွက် ဆိုဒ်တိုးသင့်လား၊ လျှော့သင့်လားကို ဆုံးဖြတ်နိုင် မှာပါ။
၂။ တစ်မျိုးထဲကို ဆိုဒ်ပေါင်းစုံ ၀ယ်ယူပါ။
ဆိုဒ်ပေါင်းစုံမှာယူမယ်၊ ကိုယ်နဲ့တော်တာပဲ ယူပြီး ကျန်တာတွေကို ပြန်ပေးလိုက်တာမျိုးဟာ စိတ်အနှောင့်အယှက် ပေးရာရောက်နိုင်ပါတယ်။ ဒါပေမဲ့ အခမဲ့ပို့ဆောင်မှုနဲ့ ပြန်ပေးနိုင်မှုတွေ ကမ်းလှမ်း ထားတဲ့ ဆိုဒ်တစ်ခုဆိုရင်တော့ ဒါကို သင်က အကျိုးရှိရှိ အသုံးချသင့်ပါတယ်။
၃။ သင်ရဲ့ရင်သားအောက်မှာ တိုက်ရိုက် ပြည့်သိပ်နေတဲ့ အရာမျိုးတွကို ရှောင်ပါ။
သင်ဟာ ရင်သား ချပ်တဲ့သူမျိုး မဟုတ်ဘူးဆိုရင်တော့ ရင်ဘတ်အောက်က အကွေးအ၀ိုက်နေရာ (သို့) ထောင့်ဖြတ် အချိုးအဆစ် နေရာတွေ ကျပ်နေခြင်းဟာ သင့်ကို နေရထိုင်ရ ခက်စေပါလိမ့်မယ်။ (ဆိုလိုတာက ရင်သားကို ဖိထားတာမျိုးမဟုတ်ဘဲ၊ ဘေးအ၀ိုက်နေရာတွေကပဲ ဖြတ်သွားသင့်တာမျိုးပါ။)
၎။ fit ဖြစ်တဲ့ဟာတွေအတွက် ပိုထူတဲ့ ချည်သားကိုရွေးပါ။
မခိုင်တခိုင် ချည်သားတွေနဲ့ဆိုရင် ဒုက္ခရောက်ဖို့ ရှိပါတယ်။ အထူးသဖြင့် ခန္ဓာကိုယ်အချိုးအစား ပိုပေါ် လွင်စေတဲ့ fit ပိုဖြစ်တဲ့ အ၀တ်အစားတွေမှာပေါ့။
၅။ နေကာမျက်မှန်ဝယ်မယ်ဆိုရင် သင့်မျက်နှာ ပုံသဏ္ဍာန်နဲ့လိုက်မယ့် ကိုင်းကိုရွေးပါ။
သင်ဟာ မျက်နှာဝိုင်းတစ်ယောက် ဆိုရင် နေကာမျက်မှန်အ၀ိုင်းဟာ သင့်ရဲ့အကောင်းဆုံး ရွေးချယ် မှု ဖြစ်မှာမဟုတ်ပါဘူး။ ၀ိုင်းတဲ့ မျက်နှာတွေဟာ သာမန်အားဖြင့်တော့ ထောင့်ပိုကျတဲ့ ကိုင်းတွေနဲ့ ပိုကြည့်ကောင်း ပါတယ်။ အဲ့ဒီ့လိုပဲ လေးထောင့်ကျတဲ့ မျက်နှာပိုင်ရှင်တွေဟာ ကိုင်းအ၀ိုင်းတွေနဲ့ဆို ပိုကြည့်ကောင်းပါတယ်။
Ref:cosmopolitan.com
Trend Myanmar
- (အရှေ့သို့) ကျန်းမာဖို့ ကြံရည်သောက်စို့ ... Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးလာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)Cytotec (Misoprostol) ဆေးသုံးနည်းAbortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)
- (အနောကျသို့) တစ်နာရီ မိုင်၂၀၀နှုန်းနဲ့ မိုင် ၂၀၀၀ ထိကို အကြော်ခံဆီ တစ်တိုင်ကီနဲ့ မောင်းနိုင်တဲ့ Trident Iceni Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးလာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)Cytotec (Misoprostol) ဆေးသုံးနည်းAbortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)