iPhone 6 တွင်ကွေးညွှတ်သည့် display အသုံးပြုဖွယ်ရှိဟုဆို
အသစ်ထွက်ပေါ်လာမည့် Apple iPhone သစ်တွင်လုံးဝန်းသည့် အနားစောင်းများနှင့် ကွေးညွှတ်သည့် ဖန်သားပြင် display တို့ပါဝင်လာဖွယ်ရှိကြောင်း Mac Otakara မှဖော်ပြခဲ့သည်။
Man Otakara ၏သ တင်းရင်းမြစ်များ အဆိုအရ iPhone 6 ကိုလုံးဝန်းသည့် အနားစောင်းများနှင့် ပြုလုပ် ထားပြီး၎င်းသည် iPhone 4, iPhone 5, iPhone 5S တို့၏ ဒီဇိုင်းနှင့်ကွဲပြားကြောင်း၊ ဖုန်းကို အလူမီနီယံ ဒီဇိုင်းဖြင့် ပြုလုပ်ထားပြီးဧရိယာတိုင် အခင်းအကျင်းကိုလည်း ပြောင်းလဲထားကြောင်း သိရသည်။
ပြီးခဲ့သည့်လ အနည်းငယ်ကတည်းက ထွက်ပေါ်လာခဲ့သည့် သတင်းများတွင်လည်း iPhone 6 ကို အနည်းငယ် လုံးဝန်းသည့် အနားစောင်းများဖြင့် ပြုလုပ်ဖွယ်ရှိကြောင်း၊ ထို့အပြင် အခြားသော သတင်းဌာန များကလည်း iPhone အသစ်တွင် ကွေးညွှတ်သည့်ဖန်သားပြင် display ပါဝင်ဖွယ်ရှိကြောင်းဖော်ပြခဲ့သည်။ ထို့အပြင်ပြီးခဲ့သည့် Bloomberg ကလည်း Apple အနေဖြင့် ကွေးညွှတ်သည့် screen ပါဝင်သည့် iPhone နှစ်မျိုးကိုဖန်တီးနေကြောင်း ဖော်ပြခဲ့သည်။
Apple သည် ၄.၇ လက်မနှင့် ၅.၅ လက်မ screen ပါဝင်သည့် iPhone 6 နှစ်မျိုးကို ယခုနှစ်ကုန်ပိုင်းတွင် မိတ်ဆက်ဖွယ်ရှိကြောင်း၊ ၄.၇ လက်မကို ယခုနှစ်တတိယ သုံးလပတ်တွင် ပထမဦးဆုံးတင်ပို့ ရောင်းချဖွယ် ရှိသော်လည်း ၅.၅ လက်မအမျိုးအစားကိုမူ display နည်းပညာနှင့် ဘက်ထရီကြောင့် တင်ပို့ရောင်းချ မှု နောက်ကျဖွယ်ရှိကြောင်း သိရသည်။
အထက်ပါ iPhone 6 နှစ်မျိုးသည်ပါးလွှာပြီး bezel မပါသည့်ဒီဇိုင်းနှင့်အတူ လျန်မြန်သည့် A8 ပရိုဆက်ဆာ၊ Touch ID လက်ဗွေဖတ်စနစ်နှင့် အဆင့်မြှင့်ထားသည့်ကင်မရာတို့ ပါဝင်ဖွယ်ရှိကြောင်းဆိုသည်။ ၎င်းထုတ်ကုန်များကို Healthbook app အသစ်ပါဝင်လာဖွယ်ရှိသည့် Apple ၏နောက်ဆုံးပေါ် iOS 8 mobile operating system နှင့်အတူ ပွဲထုတ်မိတ်ဆက်ဖွယ် ရှိကြောင်းသိရသည်။
-နောင်နောင်
Ref: MacRumors
Internet Journal
အတွဲ (၁၅)၊ အမှတ် (၁၆)
- (အရှေ့သို့) Movavi Video Converter v14.3.0 စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးPregnancy expectation ကိုယ်ဝန်ရချင်လို့Very little makes it more valuable... မှတ်ပြီလား... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို
- (အနောကျသို့) Kaplan တွင် တက်ရောက်လိုသူများ မေလ နောက်ဆုံးထား လျှောက်ရမည် စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးPregnancy expectation ကိုယ်ဝန်ရချင်လို့Very little makes it more valuable... မှတ်ပြီလား... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို