ရှစ်ရက်အတွင်း မိုးကြိုးပစ်၍ လူဆယ်ဦးသေဆုံး

ဧပြီလနှောင်းပိုင်းတွင် ဒေသအနှံ့ မိုးကြိုးပစ်မှုကြောင့် လူ ဆယ်ဦးသေဆုံးခဲ့ပြီး မိုးတိမ် တောင်ရာသီ ဥတုကြောင့် ဖြစ် ပေါ်လာသည့် သဘာဝဘေးအန္တ ရာယ် အလွန်ကြီးမားနေသော ကာလဖြစ်ကြောင်း မိုးလေ၀သ ပညာရှင် ဒေါက်တာထွန်းလွင်က သတိပေးပြောကြားသည်။
ဧပြီ ၁၅ ရက်မှ စတင်သည့် မိုးကြိုကာလတွင် ရေငွေ့ပါသော လေအေးများ တိုးဝင်နေခြင်းနှင့် နေ့အပူချိန် များ ဆက်တိုက်ဖြစ် ကာ ဒေသတွင်း အပူရှိန်မြင့်နေ သောကြောင့် မိုးတိမ်တောင်ရာသီ ဥတုကို ဆက်တိုက် ရင်ဆိုင်နေရ ခြင်းဖြစ်သည်။
မိုးကြိုးပစ်မှုနှင့် လေပြင်း တိုက်မှုများမှာ တိုင်းဒေသကြီးနှင့် ပြည်နယ်အနှံ့ဖြစ်ပေါ်နေပြီး ဧပြီ ၂၀ မှ ၂၇ ရက်အတွင်း လူ ၁၀ ဦး သေဆုံးခဲ့သည်။ လူသေဆုံးမှုများ မှာ ပဲခူးတိုင်းဒေသကြီး ဖြူးနှင့် ရေတာရှည်မြို့ နယ်တို့တွင် အမျိုး သားနှစ်ဦး၊ နေပြည်တော် လယ်ဝေးတွင် အမျိုးသားတစ်ဦး၊ မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်တွင် အမျိုးသမီးတစ်ဦးသေဆုံးခဲ့သည်။ ထို့ပြင် ကယားပြည်နယ် လွိုင်ကော်မြို့နှင့် ဖရူးဆိုးမြို့နယ်မှ အမျိုးသမီးနှစ်ဦး၊ ရှမ်းပြည်နယ် ကွတ်ခိုင်နှင့် နောင်ချိုမြို့မှ အမျိုးသားနှစ်ဦး၊ ကရင်ပြည် နယ် ကော့ကရိတ်မြို့နယ်မှ အမျိုးသားတစ်ဦးနှင့် မကွေးတိုင်းဒေသကြီး အောင်လံမြို့မှ အမျိုးသားတစ် ဦး သေဆုံးခဲ့ခြင်း ဖြစ်သည်။
‘‘မိုးတိမ်တောင် အန္တရာယ် ကို ရှိမှန်းသိရက်နဲ့ သတိပြုလိုက် နာတဲ့သူ နည်းပုံရတယ်။ မိုးကြို ကာလမှာ အကြီးမားဆုံး သဘာဝ ဘေးပဲ။ မေလကုန်ပိုင်းအထိ ဒီ အန္တရာယ်က ရှိနေတယ်။ ဖြစ် လိုက်ရင်လည်း စိုက်ပျိုးရေးသ မားက အများစုဆိုတော့ အမှတ် တမဲ့ မနေစေချင်ဘူး’’ ဟု ဒေါက် တာထွန်းလွင် က ပြောသည်။
7Day Daily
No.364 Wednesday, April 30,2014
- (အရှေ့သို့) တစ်ချိန်တည်းတွင် ဘွဲ့နှစ်ခုပေးအပ်မည့် အစီအစဉ် ဂျပန်နှင့်မြန်မာ လက်မှတ်ထိုး Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း
- (အနောကျသို့) Samsung Galaxy ဖုန်းအမျိုးအစားအားလုံးအတွက် Official Firmware များ Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း