ကိုရီးယား K-Pop ဖျော်ဖြေပွဲမှာ ပါဝင်သီဆိုမယ့် Bobby Soxer နဲ့ ဟဲလေး

မြန်မာနိုင်ငံအတွင်း ပထမဆုံးအကြိမ်ပြုလုပ်မယ့် ကိုရီးယား K-Pop ဖျော်ဖြေပွဲကို ဧပြီလ ၃ဝ ရက်နေ့တွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏအားကစားကွင်းမှာ ကျင်းပသွားမှာဖြစ်ပါတယ်။
အဆိုပါဖျော်ဖြေပွဲကို မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်နှင့် ကိုရီးယား Han Back ITC ကုမ္ပဏီတို့မှ မြန် မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ ချုပ်ဥက္ကဋ္ဌဖလားပြိုင်ပွဲအတွက် ရန်ပုံ ငွေရရှိစေရန် စီစဉ်ကျင်းပ ခြင်းဖြစ်ပြီး သုဝဏ္ဏအားကစားရုံအတွင်း တိုက်ကွမ်ဒိုအားကစား ရုံအသစ်အတွက်လည်း ငွေကြေးအထောက်အ
ကူဖြစ်စေ ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်တယ်လို့ တိုက်ကွမ်ဒို အဖွဲ့ချုပ် ဥက္ကဋ္ဌဦးမြဟန်ကပြောပြခဲ့ပါတယ်။
K-Pop ဖျော်ဖြေပွဲမှာ Girls Day, Dal-Shabet, TINT နဲ့ ကိုရီးယားရုပ် သံစီးရီးတွဲဖြစ်တဲ့ ဆောင်းဦး ရွက် ကြွေချစ်သက်သေရဲ့ ဇာတ်ဝင်တေးအဆိုရှင် Jung II Young တို့လာရောက် ကြမှာဖြစ်ပြီး ပြည် တွင်းမှာ နာမည်ကြီး အဆိုတော်များဖြစ်တဲ့ ဟဲလေးနဲ့ Bobby Soxer တို့လည်း ပါဝင်ဖျော်ဖြေကြ မှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအတွင်းပထမဆုံး အကြိမ်ပြုလုပ်မယ့် ကိုရီးယား K-Pop ဖျော်ဖြေပွဲမှာပြည်တွင်းအဆိုရှင် အနေနဲ့ ပါဝင်သီဆိုဖျော်ဖြေမယ့် ဟဲလေးက " ဒီအစဉ်လေးက လည်း တအားကောင်းတယ်။ ကျွန်တော်တို့ မြန် မာနိုင်ငံကို K-Pop အဖွဲ့ကလည်း ပထမဆုံး လာ ရောက်ဖျော်ဖြေတာ ဖြစ်တယ်။
ပြီးတော့လည်း ကျွန်တော် ကဒီပွဲကို စိတ်ဝင်စားတဲ့ အတွက် ဒီပွဲမှာ မြန်မာအဆိုတော် တစ်ယောက် အနေနဲ့ ပါဝင်ဖျော်ဖြေပေးဖို့ ကမ်းလှမ်းလာခဲ့တာနဲ့ လက်ခံဖြစ်ခဲ့ တယ်။ မြန်မာပြည်မှာလည်း K-Popအဖွဲ့ကိုကြိုက် တဲ့ သူတွေရှိကြမှာပါ။ K-Pop ကိုအားပေးနေတဲ့ ပရိသတ်တွေ အတွက် ဒါအခွင့်အရေးတစ်ခုပါ" လို့ ပြောပြခဲ့ပါတယ်။
Popular Journal
- (အရှေ့သို့) စေတန်ရဲ့ကချေသည် ရုပ်ရှင်ဇာတ်ကားမှာ နေတိုး ကြိုက်တဲ့ ဇာတ်ဝင်ခန်းအကြောင်း Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးCytotec (Misoprostol) ဆေးသုံးနည်းAbortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review
- (အနောကျသို့) လက်ထပ်နိုင်ဖို့ အတွက် ကိုယ်အလေးချိန် ပေါင် ၂၈၀ လျော့ချသွားမယ့် ကမ္ဘာ့အ၀ဆုံးအမျိုးသမီး Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးCytotec (Misoprostol) ဆေးသုံးနည်းAbortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review