အူမကြီးကင်ဆာ ဆေးသစ်စမ်းသပ်မှု မမျှော်လင့်သောရလဒ်ဆိုးများ ထွက်ပေါ်
Health Updates Journal No. 114
အူမကြီးကင်ဆာရောဂါ ကုသရာ၌ ဓာတုကုထုံး Chemotherapy နှင့် တွဲသုံးသည့်ဆေးတစ်မျိုးအား သုတေသနလုပ်ခဲ့ရာ ထင်ထားသည့် ရလဒ်များမရသည့်အပြင် အချို့ အခြေအနေ၌ ကင်ဆာရောဂါ ပျံ့ပွားမှုအား ပိုမြန်စေကြောင်း တွေ့ခဲ့ရ သည်။ ယင်းသုတေသနပြုမူအား University of Southampton ၌ ပြုလုပ်ခဲ့ပြီး အင်္ဂလန်နိုင်ငံကင်ဆာ သုတေသနဌာနမှ UK Cancer Research မှ ရံပုံငွေပေးခဲ့ပြီး နာမည်ကျော် Lancet ဂျာနယ်၌ ဖော်ပြခဲ့ခြင်းဖြစ်သည်။ လေ့လာမှုတွင် အူမကြီးကင်ဆာနောက်ပိုင်းအဆင့် အသည်းသို့ ကင်ဆာဆဲလ်ပျံ့နှံ့ နေသော်လည်း ဖြတ်ထုတ်နိုင်သည့် အဆင့်တွင်ရှိသော လူနာများအား cetuximab ဆေးနှင့် Chemo therapy့ ဓာတုကုထုံးတွဲပေးခြင်းနှင့် ဓာတုကုထုံးတစ်မျိုးထဲပေးခြင်း မည်သည်က ပိုကောင်းသည်ကို ကြည့်ခဲ့ ကြသည်။ လူနာများအား ၁၂ ပတ် ကြာ ကုသနည်း အသီးသီးပေး ပြီးနောက် CT သို့မဟုတ် MRI တို့ ဖြင့် ရောဂါအခြေအနေအား ကြည့်ခဲ့ကြသည်။ ထိုအခါ Cetuximab ဆေး မှာ ဓာတုကုထုံးအား အကူအညီ မဖြစ်စေကြောင်း တွေ့ခဲ့ရသည်။ ထို့ နောက် လူနာများအား ရောဂါပိုမဆိုး ဘဲ ရောဂါကင်းကင်းနေနိုင်သည့် အချိန်အား ကြည့်ခဲ့ရာ Cetuximab ဆေးနှင့် တွဲသုံးသော အုပ်စုမှ ၁၄.၁ လခန့်သာနေကြရပြီး ဓာတုကုထုံး သီးသန့်ခံသည့်အုပ်စုတွင် ၂၀.၅ လ ထိခံကြောင်း တွေ့ရသည်။
မိုင်ကိ
ref: Medindia
- (အရှေ့သို့) နိုင်ငံပေါင်း ၇၁ နိုင်ငံသို့ ရက်ပေါင်း ၃၀ အချိန်အကန့်အသတ်မရှိ ဖုန်းခေါ်နိုင်မည့် အစီအစဉ်ကို Skype စတင်နေ Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို Very little makes it more valuable...
- (အနောကျသို့) တစ်နေ့တာမှာ နှလုံးရောဂါ အဖြစ်ပွားဆုံးအချိန် Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို Very little makes it more valuable...