ဆီးချိုရောဂါ ကာကွယ်နည်းများ

ဆီးချိုသွေးချိုရောဂါမှာ
(၁)ဆီးချိုသွေးချိုရောဂါအမျိုးအစား
(၂)ဆီးချိုသွေးချိုရောဂါ ဆိုပြီးရှိပါတယ်။
ဆီးချိုရောဂါသည် ၁၀၀မှာ ၉၉%က အမျိုးအစား(၂) ဆီးချိုရောဂါသည်တွေ ဖြစ်ကြပါတယ်။ အခုဖြေကြား မယ့် အကြောင်းတွေက အမျိုးအစား(၂) ဆီးချိုရောဂါအကြောင်း ဖြစ်ပါတယ်။
ဆီးချိုရောဂါဟာကာကွယ်လို့ရပါတယ်။ ဆီးချိုရောဂါဟာ မျိုးရိုးဗီဇရယ်၊ ပတ်ဝန်းကျင်ရယ်ပေါင်းပြီးမှ ဖြစ်လာ တာပါ။ မျိုးရိုးဗီဇမှာ ဆီးချိုရောဂါပါလာပေမယ့် ပတ်ဝန်းကျင်ကောင်းရင်မဖြစ်ပါဘူး။ ပတ်ဝန်းကျင်ဆိုတာ ကတော့နေထိုင်မှုနဲ့စားသောက်မှုတွေပဲဖြစ်ပါတယ်။
မှန်ကန်တဲ့လူနေမှု စားသောက်ပုံတွေနဲ့ ဆီးချိုရောဂါကိုကာကွယ်လို့ရပါတယ်။ ချိုလွန်းတဲ့ အဆီများလွန်းတဲ့၊ ငန်လွန်းတဲ့ အစားအသောက်တွေကို မစားရပါဘူး။ နောက်တစ်ချက်က ဟင်းသီးဟင်းရွက်တွေကို များများစားရပါမယ်။ ရေများများသောက်ရပါမယ်။ ကိုယ်အလေးချိန်တက်မလာအောင် ထိန်းသိမ်း ရပါမယ် ။ ဆေးလိပ်နဲ့အရက်သောက်တာကိုရှောင်ရပါမယ်။ စိတ်ဖိစီးမှု(Stress)တွေများရင်လည်း ဆီးချိုရောဂါဖြစ် နိုင်ပါတယ်။ ဒါ့ကြောင့်စိတ်ဖိစီးမှုကို လျှော့ချရပါမယ်။
လေ့ကျင့်ခန်းအနေနဲ့တစ်နေ့ကို နာရီဝက်လောက် လမ်းလျှောက်သင့်ပါတယ်။ တစ်ပတ်မှာ ငါးရက်လောက် လမ်းလျှောက် ရပါမယ်။ မောအောင်၊ အသက်ရှူမြန်လာအောင်၊ ချွေးထွက်အောင် လေ့ကျင့်ခန်း လုပ်ရပါ မယ်။ အဲဒီလိုလုပ်ခြင်းအားဖြင့် ဆီးချိုရောဂါကို ၅၈% ကာကွယ်နိုင်ပါတယ်။ မျိုးရိုးရှိတဲ့သူ၊ အ၀လွန်တဲ့သူ၊ သွေးတိုးရှိတဲ့သူနဲ့နှလုံးသွေးကြောကျဉ်းရှိတဲ့ သူတွေမှာ ဆီးချိုရောဂါ မဖြစ်အောင်ပိုပြီး ကာကွယ်သင့်ပါတယ်။
အခုနောက်ပိုင်းဆရာဝန်တွေက ၀တဲ့လူနာနဲ့ ခါးတုတ်တဲ့လူနာဆိုရင် ခါးတုတ်တဲ့လူနာကို ပိုပြီးသတိထားရ ပါတယ်။ အဆီမှာ ကိုယ်တွင်းအဆီများတာနဲ့ ပြင်ပအဆီများတာ ဆိုပြီးရှိပါတယ်။ တစ်ခါတစ်လေမှာ လူက၀တယ်။ ဆီးချိုမဖြစ်အောင် အစားအသောက် ဂရုစိုက်ထားတယ်။ ဆေးစစ်ချက်ပုံမှန် လုပ်တယ်ဆိုရင် ဆီးချိုမရှိနိုင်ပါဘူး။ လူကပိန်တယ်ဆိုပေမယ့် သွေးတွင်းအဆီများပြီး နေထိုင်မှုပုံမမှန်ရင် ဆီးချိုရောဂါ ဖြစ်နိုင်ပါတယ်။ နောက်တစ်ခုက ဆီးချိုရောဂါနဲ့ မှားတတ်တဲ့ ရောဂါလည်းရှိပါတယ်။
ဆီးချိုရောဂါနဲ့ မှားယွင်းတတ်တဲ့ ရောဂါအနေနဲ့ကတော့ Stress ဖြစ်တဲ့အခါ အဲဒီစိတ်ဖိစီးမှုကို ပြန်တိုက် ခိုက်ဖို့ Catechoamine ဆိုတဲ့ ဓာတ်တွေထွက်လာတယ်။ အဲဒီ Catechoamine ဟာ အင်ဆူလင် တားနိုင်တဲ့ အစွမ်းရှိပါတယ်။ အဲဒီအခါ ဆီးချိုတက်လာပါတယ်။ လူတစ်ယောက်က လေဖြတ်ပြီးဆေး ရုံရောက်လာတယ်။ ဆေးရုံရောက်မှသွေး စစ်လိုက်တဲ့အခါမှာ ဆီးချိုက အရမ်းများနေပါတယ်။ ဒါက Stress ကြောင့်ဖြစ်တာလား၊ ဆီးချိုရောဂါ ရှိနေတာကို မသိပဲဖြစ်သွားတာလား ဆိုတာ သိဖို့အင်မတန် ခက်ခဲပါတယ်။ အကြမ်းအားဖြင့် ကုပေးလိုက်ပြီး ရောဂါသက်သာလာတယ်။ Stress မရှိတော့တာနဲ့ သွေး တွင်းသကြားဓာတ် ကျသွားတယ် ဆိုရင်တော့အဲဒီ Stress ကြောင့် ဖြစ်တာလို့ ယူဆလို့ရပါတယ်။ ဆီးချို ကုသဆေးတွေလည်း ပေးနေတယ်။ ဒါပေမယ့်တော်တော်နဲ့ ဆီးချိုမကျဘူးဆိုရင်တော့ နဂိုကတည်း
က ဖြစ်နေတာကို မသိတာလည်းဖြစ်နိုင်ပါတယ်။ နောက်တစ်ခုကတော့ စပ်ဆေးတွေစားတာကြောင့်လည်း ဖြစ်တတ်ပါတယ်။
တွဲဖက်ပါမောက္ခဒေါက်တာဦးကိုကို
ထွေထွေရောဂါအထူးကုဆရာဝန်ကြီး
သက်ရှည်ကျန်းမာ
- (အရှေ့သို့) ကြက်သွန်နီဖြင့် ချောင်းဆိုးခြင်းကို ကုသမယ် Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း
- (အနောကျသို့) ပိန္နဲသီး၏ ကျန်းမာရေး အကျိုးကျေးဇူး (၁၀) ရပ် Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း