ထူးဆန်းသတ္တ၀ါ တွေကို မွေးမြူထားတဲ့ မက္ကဆီကိုနိုင်ငံက တိရိစ္ဆာန်ရုံ
မက္ကဆီကို နိုင်ငံမှာရှိတဲ့ တိရိစ္ဆာန်ရုံ တစ်ရုံမှာ ထူးခြားတဲ့ သတ္တ၀ါတွေကိုမွေးမြူထားတယ်လို့ သိရပါ တယ်။ ဒေးလီးမေရာ သတင်းစာရဲ့ ဖော်ပြချက်အရ အဲဒီတိရိစ္ဆာန်ရုံ မှာရှိနေတဲ့ သတ္တ၀ါ တွေဟာ ကမ္ဘာ့ အထူးအခြားဆုံး သတ္တ၀ါတွေ အဖြစ် သတ်မှတ်ခြင်း ခံထား ရပါတယ်။ တိရိစ္ဆာန် တွေရဲ့ ဓာတ်ပုံ ကို ကြည့်ခြင်းအားဖြင့် အဲဒီတိရိစ္ဆာန်ရုံမှာ ရှိနေတဲ့သတ္တ၀ါတွေဟာ နှစ်မျိုးစပ်တွေ ဖြစ်ပုံရကြောင်း ခန့်မှန်းထား ကြပါတယ်။ ဝေလငါးနဲ့ လင်းပိုင်ကို စပ်ထားတဲ့ တိရိစ္ဆာန်ကိုလည်း ပြသထားပါတယ်။
ဒါ့အပြင် ခြင်္သေ့နဲ့ကျားတို့ စပ်ပြီးမွေးထားတဲ့ တိရိစ္ဆာန်ကိုလည်း ပြသထားပါတယ်။ ခြင်္သေ့နဲ့ကျား ရောစပ် ထားတဲ့ တိရိစ္ဆာန်ကို လီဂါလို့ခေါ်ဆို ပြီး ဒီတိရိစ္ဆာန်မျိုးကို အခြား တိရိစ္ဆာန်ရုံ တွေမှာလည်း မြင်တွေ့နိုင်ပါ တယ်။ သာမန်ဝက်ဝံနဲ့ ၀က်ဝံဖြူ တို့ ရောစပ်ထားတဲ့ တိရစ္ဆာန်ကိုလည်း ပြသထားပါ တယ်။ အထူးခြားဆုံး ကတော့ မြင်း နဲ့မြင်းကျား တို့ ရောစပ်ပြီး မွေးဖွားထားခြင်း ပဲဖြစ်ပါ တယ်။ ခေါင်းပိုင်းနဲ့ အမြီးပိုင်း က မြင်းကျား ပုံစံပေါက်နေပေမယ့် ခန္ဓာကိုယ်ကတော့ မြင်း ပုံစံပေါက်နေခြင်းပဲဖြစ်ပါတယ်။ ဒီတိရိစ္ဆာန်ကို ဇွန်ကီလို့ အမည်ပေးထားပြီး အလေးချိန် (၂၆) ကီလိုမီတာ နဲ့ အမြင့် (၇၀) စင်တီမီ တာ ရှိလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။
The Messenger
- (အရှေ့သို့) ရိုးရိုးအေးအေး ကာရိုက်တာနဲ့ရော၊ ခပ်သွက်သွက် ဟာသကားလေးတွေမှာပါ တွေ့လာရတဲ့ မိုးယုစံ Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'
- (အနောကျသို့) မွေးနေ့အကြောင်း လျှို့ဝှက်ထားတဲ့ မိုးစက်ဝိုင် Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'