မာလကာသီးဖြင့် မိမိအိမ်တွင် Lotion ပြုလုပ်နည်း

မာလကာသီး Lotion ကို လိမ်းလိုက်သောအခါ၊ အသီးထဲတွင်ပါရှိသော ဗီတာမင် အေ နှင့်စီများက အသားထဲသို့  စိမ့်ဝင်သွား ပြီး၊ အစိုဓာတ်ထိန်းပေးကာ၊ အရေးအကြောင်းများ မ ရှိတော့ဘဲ၊ မျက်နှာ အသားအရေကို ချောမွေ့ ဝင်းမွတ် လာစေပါသည်။ အဆီများပြီး ၀က်ခြံပေါက်သော အသားအရည်ပိုင်ရှင် များလဲ ယုံကြည်စိတ်ချစွာလမ်းနိုင်ပါသည်။
အလှကုန် ဈေးကွက်တွင် မာလကာသီးဖြင့် ပြုလုပ်သော အလှပြင်ပစ္စည်းများသည် ဈေးနှုန်းမြင့်မားကြပါ သည်။ သို့ သော် စိတ်မပူပါနှင့်။ ကုန်ကျစရိတ် နဲနဲ နှင့် အာနိသင် ရှိသော မာလကာသီး Lotion ကို မိမိအိမ်တွင် အောက်ပါအတိုင်း လွယ်လင့် တကူပြု လုပ်နိုင်ပါသည်။
အဆင့်(၁)။
ရှေးဦးစွာ မာလကာသီး ၂-လုံး ကိုအခွံနွှာ၍ကြိတ်စက်ထဲထဲ့ပြီး၊ အစေ့များကျေ သွားသည်အထိ ၂-မိနစ် လောက် ကြိတ်ထားပါ။
အဆင့်(၂)။
အပူခံခွက်တစ်ခုထဲသို့  ပျားရည် ၄-ဇွန်းထဲ့၍ microwave ထဲတွင် အပူရှိန်ပြင်းပြင်းဖြင့် ပျားရည် ပျော်သွား သည်အထိ ၁၀-စက္ကန့် လောက် အပူပေးပါ။
အဆင့်(၃)။
ထို့ နောက် ပျားရည်ထဲသို့ သံလွင်ဆီ ၄-ဇွန်းထဲ့၍ ရောသမ မွှေပေးပါ။
အဆင့်(၄)။
ထိုအရောအနှောများထဲသို့ ကြိတ်ထား သော မာလကာသီး အနှစ်ရည်များ အားလုံးလောင်းထဲ့ပြီး၊ တ ပြည်းညီဖြစ်သွားအောင် မပြတ်မွှေပေးပါ။
အဆင့်(၅)။
၎င်းတို့  ကိုmicrowave ထဲထဲ့၍ အငွေ့ ပျံသွားသည်ထိ ၃၀-စက္ကန့်  လောက် အပူပေးပါ။ သိပ်မအေးခင် အဖုံးလုံသော ဗူးတစ်ဗူးထဲ့သို့  ပြောင်းထဲ့လိုက်ပြီး၊ အဖုံးကိုလုံအောင် ပိတ် ထားရပါမည်။
အဆင့်(၆)။
အေးသွားသောအခါမှာ ထို Lotion ဗူးကို ရေခဲသေတ္တာထဲ သိမ်းထား ပါ။ ယခုပြုလုပ်သော Lotion ထဲတွင် တာ ရှည် အထားခံရန်ဖြည့်စွက်ဓာတုပစ္စည်းများလုံးဝ မပါရှိသည့်အတွက်၊ အခန်းအပူချိန်မှာ ထားရင် အာနိသင် ပြယ်စေပါသည်။ အချိန် ၂-လကျော်ပြုလုပ်ထားသော Lotion ကိုမသုံးသင့်ပါ။
(ပေါက်ပေါက်..........မျှဝေသည်)
Promise Pauk
- (အရှေ့သို့) ပိႏၷဲသီး၏ ကျန်းမာရေး အကျိုးကျေးဇူး (၁၀) ရပ် စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးPregnancy expectation ကိုယ်ဝန်ရချင်လို့Very little makes it more valuable... မှတ်ပြီလား... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို
- (အနောကျသို့) အရေပြားကင်ဆာအတွက် မစားသင့်သော အစားအစာ (၇)မျိုး စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးPregnancy expectation ကိုယ်ဝန်ရချင်လို့Very little makes it more valuable... မှတ်ပြီလား... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို