မွေးနေ့အကြောင်း လျှို့ဝှက်ထားတဲ့ မိုးစက်ဝိုင်
Bangkok Airway လေကြောင်း၏ ပထမဦးဆုံး သံတမန်အဖြစ် ခံအပ်ခြင်းခံရသည့် မိုးစက်ဝိုင်က လာမည့် မေလ (၂၀) ရက်တွင် မွေးနေ့ ကျရောက်မည်ဖြစ်ကြောင်းနှင့် မွေးနေ့ပွဲအတွက် အစီအစဉ်များ လုပ်ဆောင်နေကြောင်း၊ လက်ရှိအချိန်တွင် ဖောင်းပွ သွားမည်စိုးသဖြင့် လျှို့ဝှက်ထားမည် ဖြစ်ကြောင်း ပြော သည်။
"မိုးစက်ကို အခုလိုယုံကြည်ပြီးတော့ သံတမန် ခန့်အပ်ခြင်းခံရတာ ပျော်ပါတယ်။ Brand တစ်ခုကို လက်ခံပြီး ကိုယ်စားပြုခံရ တယ်ဆိုတာက Brand ရဲ့အကြောင်းတွေကို သိရမယ်။ မိုးစက်က မြန်မာပြည်ရဲ့ ခရီးသွား လုပ်ငန်းတွေကို Promote လုပ်ပေးချင်တာလည်း ပါပါတယ်။ ကောင်းမွန်တဲ့ ၀န်ဆောင်မှု တွေ ကို ပေးချင်လို့ လက်ခံခဲ့တာပါ။ လတ်တလောမှာ တီဗွီပရိုဂရမ်တစ်ခု ရိုက်ဖို့ ရှိပါတယ်။ မေလထဲမှာပါ၊ အဲဒီပရိုဂရမ် မရိုက်ကူးခင်မှာ မိုးစက်ရဲ့ မွေးနေ့ပွဲရှိပါတယ်။မွေးနေ့ မှာပရဟိတလေးတစ်ခု လုပ်ဖို့ရှိပါတယ်။ အစီအ စဉ်လေး လုပ်ထားတယ်။ အခုချိန်မှာ ပြောလိုက်ရင် ဖောင်းပွသွားကုန်မှာစိုးလို့ မပြော သေးပါဘူး။ မိုးစက်ရဲ့ တချို့ပရိသတ်က မွေးနေ့ကို သိနေကြတော့ စာပို့ကြတယ်။ သူတို့ကလည်း ကြိုပြီး လုပ်ထား၊ စီစဉ်ထား တာလေး တွေလည်း ရှိပါတယ်။ ၀မ်းလည်းသာပါတယ်။ မိုးစက်ရဲ့ရင်ထဲကိုလည်း ရောက်ပါ တယ်" ဟု မိုးစက်ဝိုင်က ပြောသည်။
မိုးစက်ဝိုင်သည် Bangkok Airway သံတမန် ခန့်အပ်ပွဲတွင် Bangkok Airway ၏ ကြော်ငြာသီချင်းကို သီဆိုခဲ့သည်။
The Messenger
- (အနောကျသို့) မော့စ် ဗီဒီယိုထုတ်လုပ်ရေးအကြောင်း ပြောပြတဲ့ ထိုက်စံမော့စ် စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Very little makes it more valuable... မှတ်ပြီလား... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ