Composition- Part (3)
Photo Composition Rules
Photo as a Story
ဓါတ် ပုံ တစ်ပုံသည်လည်း ပုံပြင် တစ်ခုလိုပင်ဖြစ်သည်။ ပုံပြင်သည် စာကြောင်းများကို စီိကာပတ်ကုန်း သီကုန်း ထားသကဲ့သို့ ဓါတ်ပုံ တစ်ပုံသည်လည်း အလားတူပင် ပုံ တစ်ပုံ ရိုက်ကူး ရုံမျှ နှင့်မပြီး။ ပုံ တစ်ပုံကို ပုံ ပြင် တစ်ခုလို စီကာပတ်ကုန်း အဖြစ်မြင်တွေ့ နိုင်ရန်မှာ ပုံ၏ အချိုးကျ သည့် Composition နှင့် Balance တို့ရှိမှသာ ဖြစ်သည်။ ပုံ တစ်ပုံ အနေနှင့် ပြသလိုသည် ကို ထိရောက်စွာ ပြသနိုင်ရန်မှာ ဖွဲ့စည်းမှုဆိုင်ရာ ဥပဒေသ Composition Rules များအတိုင်း Subject ကို Point of Interest တွင်နေရာ ချပေး ရန် လိုသည်။
Rule of Thirds
The Rule of Thirds ၏ အခြေခံ အချက်မှာ လူ တို့ ၏ မျက်လုံးသည် မြင်ကွင်း တစ်ခု ၏ သုံချိုး နှစ်ချိုး ကို အစဉ်ကြည့်လေ့ရှိသည်ဟူသော အချက်ကို အခြေခံထားခြင်း ဖြစ်သည်။ အဓိက ပြသလိုသည့် Subject ကို ပုံ၏အလယ် တည့်တည့်တွင် ထားမည့် အစား အောက်ပါ ပုံတွင် ဆွဲထားသည့် မျဉ်း များ၏ ဆုံရပ် (၄) ခုအနက် တစ်နေရာရာ ဖြစ်သည့် Position of Interest နေရာများ သို့ ရောက်အောင် ပို့ထားရန်ဖြစ် သည်။ အောက်ပါ ပုံတွင် သင်္ဘော ထားသည့် နေရာကို ကြည့်ပါ။

ဤသို့ Rule of Thirds ကို လိုက်နာခြင်း ဖြင့် ရှုခင်း ပုံ တစ်ပုံသည် ပို၍ အာရုံ အစိုက်ခံ ရမှု ရှိလာ မည်။
အကယ်၍ Area of Interest သည် ရေ သို့ မဟုတ် Horizon ဖြစ်နေပါက Horizon Line ကို ပုံ အောက် သုံးပုံ တစ်ပုံ တွင်ထား၍ ကောင်းကင် ကို သုံးပုံ နှစ်ပုံ တွင် ထားပါ။ အလေး ပေးလို့ နေရာ ( ကောင်းကင် သို့ မဟုတ် မြေပြင် ) ပေါ် မူ တည် ၍ အားသာသည့် အပိုင်း ကို ပုံ ၏ ဧရိယာ အများစု နေရာတွင် ထားပါ။ Horizon Line ကို မည်သည့် အခါ မျှ ပုံ၏ အလယ် တွင် မထားပါရန်။

ကောင်းကင်သည် အားနည်းသည့် အတွက် ပုံတစ်ခု လုံး၏ သုံးပုံ တစ်ပုံ တွင်သာ ရှိသည်။

ကောင်းကင် သည် အားကောင်း သည့် အတွက် ပုံ တစ်ခုလုံး၏ သုံးပုံ နှစ်ပုံနေရာကို ယူထားရှိသည်။
Golden Section Rule
ပုံများ၏ ဖွဲ့စည်းမှု တွင် အချို့ သော နေရာ များက ကြည့်သောသူများကို အလိုအလျှောက် ဆွဲဆောင် သည်များလည်း ရှိသည်။ ဆိုလိုသည်မှာ သီခြား ပြင်ဆင် ဖွဲ့စည်းရန်မလိုဘဲ အလိုအလျှောက် ဆွဲ ဆောင်မှု ရှိနေသည့် နေရာ Points များ ကို ဆိုလိုသည်။ ပုံတစ်ပုံ အတွင်းရှိ အချို့သော သဘာဝ ပစ္စည်းများ နှင့် လူ လုပ် ပစ္စည်း များ သည် ကံအားလျှော်စွာ ဆွဲဆောင်မှု ရှိတတ်သည်။ Leonardo da Vinci က အဆိုပါ Beauty and Harmony ဖြစ်နေသည့် အချက် ကို တွေ့ ရှိခဲ့ပြီး ယင်းကို Golden Section ဟုခေါ် ခဲ့သည်။ ယင်းမတိုင်မှီ Babylonian, Egyptian, နှင့် ရှေး ခေတ် Greek ဗိသုကာ ပညာရှင်များလည်း အဆိုပါ Golden Section Rule ကို သုံးခဲ့ကြသည်။
Golden Composition points မှာ ပုံ တစ်ပုံ ကို စိတ်ကူးဖြင့် အပိုင်း ၉ ပိုင်းရရန် မျဉ်း ၄ ခု ဖြင့် ပိုင်းကြည့်ပါ။ အောက်ပါပုံ တွင် မျဉ်း ဆုံရပ် ၄ နေရာစလုံး တွင် Center of Interest များ ရှိနေ သည် ကို တွေ့ ရမည်။ အဆိုပါ နေရာများကို Golden Points ဟု ခေါ်သည်။

အထက်ပါ ပုံ၏ Golden Point များ အားလုံးတွင် ဤ ရှုခင်းပုံ၏ အရေးပါသည့် Subject များ ရှိနေသည် ကို တွေ့ နိုင်သည်။ Rule of Thirds သဘောမျိုး ဖြစ်သည်။ Rule of Thirds က Subject တစ်ခု ကိုသာ Point of Interest တွင် နေရာချ ပြီး Golden Point ကမူ ဆုံရပ်လေးခု စလုံးတွင် နေရာယူ ခြင်း ဖြစ်သည်။
ထောင့်ဖြတ်မျဉ်း ဥပဒေသ
Diagonal Rule
အောက်ပါ ပုံ များတွင် ပုံကို ထောင့် ဖြတ်မျဉ်း နှင့် ထက်ဝက်ခွဲ ကာ ထောင့်ဖြတ်မျဉ်း၏ ဘေး တစ်ဘက် တစ်ချက် စီတွင် မျဉ်း နှစ်ကြောင်း ထပ်ဆွဲ ၍ သုံးပိုင်းထပ် ခွဲ ထားသည်။ ပုံ ၏ အရေး ကြီးသည့် Subject များကို ထောင့်ဖြတ်မျဉ်း တစ်ဘက်တစ်ချက် ရှိ ယင်း နှင့် ကပ်လျှက်ရှိသော မျဉ်း နှစ်ကြောင်း အတွင်း ၌ သာ ထားရန် ဖြစ်သည်။ အောက်ပါပုံတွင် အမြင် မရှုပ်စေရန်အတွက် အတွင်းမျဉ်းကို ဖြောက်ထား ကာ ထောင့် ဖြတ်မျဉ်း၏တစ်ဘက် တစ်ချက်စီတွင် ကပ်နေသည့် မျဉ်း နှစ်ကြောင်းကို သာပြထားသည်။


အဖြောင့် လိုင်း များဖြစ်ကြသည့် လမ်း ၊ ရေပြင် ၊ ခြံစည်းရိုး စသည်တို့အား အဖြောင့်အတိုင်း ထားခြင်း ထက် ထောင့် ဖြတ် အဖြစ်ထား ခြင်းက ပုံ ကို အသက် ပို၍၀င်စေသည်။


Credit: ဆရာဦးစိုးလှိုင် (Country Road)
- (အရှေ့သို့) ကုန်းကတက် ပင်ရဲ့ အခေါက်က ကျောက်ကပ်ရောဂါကို သက်သာစေနိုင် Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးCytotec (Misoprostol) ဆေးသုံးနည်းAbortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review
- (အနောကျသို့) Rule of Thirds ကို ချိုးဖေါက်ခြင်း Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးCytotec (Misoprostol) ဆေးသုံးနည်းAbortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review